ဘယ်အခြေအနေမဆို ဘုရားကောင်းမြတ်ကြောင်း ယုံကြည်ခြင်းနမူနာ
ဘုရားကမပြီးသေးဘူး
ဘုရားကမသေပါဘူး၊ ပြီးတော့သူကမပြီးသေးပါဘူး။ သင့်ဘ၀က မပြီးသေးတဲ့ပန်းချီကားတစ်ချပ်လိုပဲ မပြည့်စုံတဲ့အပိုင်းတွေနဲ့ရှုပ်ထွေးနေတယ်လို့သင်ထင်ကောင်းထင်လိမ့်မယ်။သင်မမြင်ရပေမယ့် သူအလုပ်လုပ်နေသေးတယ်ဆိုတာကို ဘုရားကသင့်ကိုသိခိုင်းစေချင်တယ်။ သင်ချစ်ရတဲ့လူ တွေရဲ့အသက်တာတွေနဲ့ သင့်အသက်တာထဲမှာဘုရားက အမူထူးခြားပြီးအံ့သြဖွယ်ရာမှုတွေ လုပ်နေပါသေးတယ်။ မပြီးသေးတဲ့အရာတစ်ခုကို သင်မမြင်ရတာနဲ့ပဲ အလွန်ကောင်းမွန်ပြည့်စုံတဲ့လက်ရာတစ်ခု ဖြစ်မလာဘူး လို့မဆိုနိုင်ပါဘူး။ ဖိလိပ္ပိ ၁း၆ က မဆုံးမသတ်ရသေးတဲ့ဘုရားရဲ့အလုပ်နဲ့ အဲဒီ အလုပ်ကိုအစပြုတဲ့ဘုရားကပြီးမြောက်စေလိမ့်မယ် ဆိုတာကိုကျွန်တော်တို့ကိုပြောနေတဲ့အကြောင်း ပြောထားပါတယ်။ အဲဒါကြောင့် စိတ်ချထားလိုက်ပါ။ ဘုရားက ဆက်လက်တည်ရှိနေပြီး သင့်အသက်တာထဲမှာ အထူးအလုပ်လုပ်နေပါတယ်။ဘယ်အရာ၊ ဘယ်သူကမှ သင့်ကိုဘုရားကမျက်နှာသာပေးခြင်းကို ရပ်တန့်လို့မရပါဘူး။ သင့်ဘ၀ကသုံးစားလို့မရဘူးလို့ ခံစားရနေရပေမယ့် ဘုရားကအဲဒီမပြည့်စုံတဲ့သင့်ကို သင့်ပတ်၀န်းကျင်ကလူတွေကို ကောင်းကြီးပေးဖို့အသုံးပြုနိုင်ပါတယ်။သင့်ကိုသာ၍များတဲ့ကောင်းကြီးတွေ၊ မျက်နှာသာပေးခြင်းနဲ့ အခြားကောင်းတဲ့အရာတွေကိုပေးဖို့ရှိပါတယ်။စဉ်းစားရန် - ဘုရားရဲ့မပြီးစီးသေးတဲ့အမှုတွေကိုသိထားခြင်းဖြင့်သင့်ကိုဘယ်လိုမျှော်လင့်ခြင်းမျိုး ပေးပါသလဲ။ဆုတောင်းရန် - ဘုရားသခင် ကျွန်ုအသက်တာထဲမှာကိုယ်တော်အလုပ်စလုပ်နေပြီး အဆုံးတိုင်အောင်ပြီးစီးစေမယ်ဆိုတဲ့ဂတိတော်အတွက်ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ရဲ့မျက်နှာသာပေးခြင်းဟာ ကျွန်ုပ်အသက်တာထဲသို့စီးဆင်းနေပြီးကျွန်ုပ်အသက်တာအားဖြင့် အခြားသူများကိုကူညီခြင်းဖြင့်တဆင့်ပြန်လည်စီးဆင်းခြင်းကိုသိရှိစေဖို့မစတော်မူပါ။ ဤတစ်ပတ်တာထဲ၌ လူတစ်ဦးဦးကိုခွန်အားပေးနိုင်ခွင့် ကိုပေးတော်မူပါ။ သခင်ယေရှုနာမဖြင့်ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားရဲ့မျက်နှာသာပေးမှုကိုမှားယွင်းစွာသွန်သင်ချက်တွေ ဒီနေ့ အသင်းတော်အထဲမှာ၊ အပြင်မှာရှိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားကကျွန်တော်တို့ကိုအကောင်းတွေပဲပေးဖို့တာဝန်မရှိပါဘူး၊ ဒါပေမယ့်သူကပေးချင်ပါတယ်။ နောက်၅ရက်တာဟာ သင့်ကိုအမြင်သစ်နဲ့သင့်ပတ်၀န်းကျင်မှာနေ့စဉ် ထင်ယောင်ထင်မှားဖြစ်စေသောအရာများကြားမှာ ငြင်းဆန်လို့မရတဲ့၊ ကြီးကြယ်ခန်းနားတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကို မြင်တွေ့စေဖို့ကူညီပါလိမ့်မယ်။
More
ဤအစီအစဥ်ကို ပံ့ပိုးပေးသော ဝေါတာဘရုတ် မတ်နိုမာ ပုံနိုပ်ထုတ်ဝေရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ www.goodthingsbook.com