YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘယ်အခြေအနေမဆို ဘုရားကောင်းမြတ်ကြောင်း ယုံကြည်ခြင်းနမူနာ

Believing God Is Good No Matter What

5 ၏ နေ့ 2

မိသားစုမျက်နှာသာ ဖခင်တစ်ယောက်ရဲ့မျက်နှာသာပေးခြင်းက သူ့သားသမီးများရဲ့အသက်တာများကို စီးဆင်းတဲ့သဘာဝအတိုင်း ဘုရားရဲ့မျက်နှာသာပေးခြင်းက ကျွန်တော်တို့အသက်တာထဲကိုစီးဆင်းလျက်ရှိပါတယ်။ (ဘုရားက သင်အိမ်မက် မက်နိုင်သမျှ၊ စိတ်ကူးယဉ်နိုင်သမျှလောက်ကြီးကျယ်ခန်းနားတဲ့ဖခင်ဖြစ်ပါတယ်။) ဘုရားသခင်ကသင့်ကို ချစ်ပါတယ်။ သူကသင့်ကို သူ့ရင်သွေးသဖွယ်သဘောထားပြီး အဲဒါကသင့်ကို သင့်ဆွေစဉ်မျိုးဆက်အဆက်ဆက် တိုင်အောင်သူ့ရဲ့ကောင်းကြီးတွေကိုခံစားခွင့်ရတဲ့လူ ဖြစ်စေပါတယ်။သင့်အနေနဲ့ လူတွေကိုတောင်းပန်ရမယ် (သို့မဟုတ်) ဘုရားရဲ့ကောင်းမြတ်ခြင်းကို နားမလည်တဲ့လူတွေ၊ သဘောမတူတဲ့သူတွေကိုနားလည်လာအောင်လုပ်ရမယ် လို့မတွေးပါနဲ့။ သင့်ရဲ့အောင်မြင်မှု နဲ့ ကောင်းကြီးတွေကို ဉပေက္ခာပြု၊ ဝေဖန်မယ့်လူတွေဟာအမြဲတမ်းရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားတစ်ယောက်ယောက်ပိုပြီးထိုက်တန်တယ်လို့သူတို့ခံစားနေလို့ပါပဲ။ သင်ကိုယ်တိုင်လည်း တစ်ယောက်ယောက်က ကောင်းကြီးတွေခံစားရချိန်မှာ သူတို့နဲ့မတန်ဘူးဆိုပြီးတွေးခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးမှာပါပဲ။ လူတိုင်းအဲဒီလိုဖြစ်ဖူးကြပါတယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့အမှန်တရားကတော့ - တစ်ယောက်ယောက်က မထိုက်တန်တဲ့မျက်နှာသာပေးခြင်းခံနေရတယ်လို့တွေးထားတဲ့အရာတွေက ကိုယ့်ဆီကိုရောက်လာရင်ကျွန်တော်တို့၀မ်းနည်းမနေနိုင်ပါဘူး။အဲဒီ မျက်နှာသာပေးခြင်းဟာဘုရားရဲ့ကျေးဇူးတော်ကိုဖော်ညွန်းနေတယ်ဆိုတာကို ကျွန်တော်တို့စတင်သဘောပေါက်လာတဲ့အခါ ကျွန်တော်တို့ရရှိနေတဲ့မျက်နှာသာပေးခြင်းဟာ (ကျေးဇူးတော်လိုပဲ) ကျွန်တော်တို့ထိုက်တန်တာထက်များနေတယ် ဆိုတာကိုနားလည်သဘောပေါက်လာပါလိမ့်မယ်။စဉ်းစားရန် - သင့်အသက်တာမှာ သင်မမျှော်လင့်ဘဲ၊ မထိုက်တန်ဘဲရခဲ့တဲ့မျက်နှာသာပေးခံရခြင်းတွေဟာ ဘယ်အရာတွေလဲ။ဆုတောင်းရန် - ဘုရားသခင်၊ ကျွန်ုပ်အတွက် ဖခင် အဖြစ်ရှိနေပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်၏လောက အဖေက ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ်တော်ဟာ ရက်ရောတဲ့ဖခင်၊ ကျွန်ုပ်၏အနာဂတ်မှာ ဆက်လက်ပြီးမျက်နှာသာပေးရန်ရှိသူ ဖြစ်ပါတယ်။ သင့်ရင်သွေးအနေဖြင့်ထားရှိထားတဲ့ မိသားစု မျက်နှာသာပေးခြင်းကိုလက်ခံနိုင်ရန်အတွက် ယနေ့ကျွန်ုပ်ကိုသွန်သင်တော်မူပါ။ သခင်ယေရှုနာမဖြင့်ဆုတောင်းပါ၏။ အာမင်။
နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Believing God Is Good No Matter What

ဘုရားရဲ့မျက်နှာသာပေးမှုကိုမှားယွင်းစွာသွန်သင်ချက်တွေ ဒီနေ့ အသင်းတော်အထဲမှာ၊ အပြင်မှာရှိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားကကျွန်တော်တို့ကိုအကောင်းတွေပဲပေးဖို့တာဝန်မရှိပါဘူး၊ ဒါပေမယ့်သူကပေးချင်ပါတယ်။ နောက်၅ရက်တာဟာ သင့်ကိုအမြင်သစ်နဲ့သင့်ပတ်၀န်းကျင်မှာနေ့စဉ် ထင်ယောင်ထင်မှားဖြစ်စေသောအရာများကြားမှာ ငြင်းဆန်လို့မရတဲ့၊ ကြီးကြယ်ခန်းနားတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကို မြင်တွေ့စေဖို့ကူညီပါလိမ့်မယ်။

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသော ဝေါတာဘရုတ် မတ်နိုမာ ပုံနိုပ်ထုတ်ဝေရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ www.goodthingsbook.com