ဘယ်အခြေအနေမဆို ဘုရားကောင်းမြတ်ကြောင်း ယုံကြည်ခြင်းနမူနာ
ရှာဖွေကောင်းသူ ဖြစ်လာခြင်း
နေ့တိုင်းဘုရားရဲ့ကောင်းမြတ်ခြင်းကိုရှာဖွေခြင်းက ကျွန်တော်တို့အသက်တာများမှာကောင်းတဲ့အရာတွေဖြစ်လာ ဖို့ကို မျှော်လင့်တတ်ဖို့ကူညီပါတယ်။ ဘုရားရဲ့ကောင်းမြတ်ခြင်းက ပုန်းကွယ်နေတာမဟုတ်ပါဘူး၊ သူ့ရဲ့မျက်နှာသာပေးခြင်းကလဲ ကန့်သတ်ပြီးတော့ပေါ်လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့က ရှာဖွေတတ်တဲ့ မျက်စိရှိဖို့ပဲလိုတာပါ။ ကျွန်တော်တို့က ဘုရားရဲ့မျက်နှာသာပေးခြင်းကိုသတိထားမိဖို့အမြဲတမ်းစိတ်မထက်သန်ကြဘူး။ ဒါကြောင့် တမန်တော်ရှင်ပေါလုက သူ့အပေါင်းအပါတွေစိတ်နှလုံးမျက်စိပွင့်ဖို့ ဆုတောင်းခဲ့ရခြင်းဖြစ်တယ်။ရှင်ပေါလုက ဧဖက်အသင်းတော်ကိုစာရေး၍ သူတို့၏ “စိတ်နှလုံးမျက်စိကို ပွင့်လင်းစေရန်” ဆုတောင်းနေခဲ့ကြောင်းကို ပြောပြခဲ့သည်။ မျက်နှာသာပေးခြင်းက ကျွန်တော်တို့ပတ်လည်မှာရှိပါတယ်။ ကျွန်တော့်အသက်တာထဲမှာ ကောင်းတဲ့အရာတွေကိုလိုက်ကြည့်လိုက်ရင် နေရာတကာမှာတွေ့ရပြီး မထင်မှတ်ထားတဲ့နေရာတွေမှာတောင်ရှိနေပါတယ်။ တစ်ခါတစ်ရံ ဘုရားရဲ့မျက်နှာသာပေးခြင်းက မမြင်ရလောက်အောင်သေးငယ်တဲ့အချိန်တွေမှာ အဲဒီအရာကကျွန်တော်တို့ကိုယ်စားအကောင်းဆုံးအလုပ် လုပ်ပေးနေပါတယ်။ သင့်မျက်စိကို အကောင်းတွေကိုမြင်တတ်ဖို့လေ့ကျင့်ပေးပြီး အချိန်တိုင်းမှာအကောင်းတွေ ပေါ်လာတာကြည့်ရှုပါ။ဘုရားရဲ့မျက်နှာသာပေးခြင်းက သင့်ဆီကိုစိတ်နေသဘောထားနဲ့ တွေးခေါ်မှု တွေအားဖြင့်ရရှိနိုင်သလို အဲဒီ အရာတွေအားဖြင့်ပဲဝေးကွာစေနိုင်ပါတယ်။ မျက်နှာသာပေးခြင်းက တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့်အဲဒါကလူတိုင်းရဲ့ စိတ်နေသဘောထား၊ တွေးခေါ်မှုတွေနဲ့ အံ၀င်ဂွင်ကျဖြစ်တယ်လို့ မဆိုလိုပါဘူး။ ပိုမိုကောင်းမွန်တဲ့ရှာဖွေသူဖြစ်ဖို့ ကျွန်တော်တို့ရွေးချယ် တဲ့အခါ အဲဒီအရာကဘုရားရဲ့မျက်နှာသာပေးခြင်းကိုကျွန်တော်တို့အသက်တာတွေထဲမှာပိုမိုတိုးပွားစေပါတယ်။စဉ်းစားရန် - သင့်ရဲ့စိတ်ကိုကောင်းတဲ့အရာတွေပေါ်မှာအာရုံစိုက်ဖို့ ဘယ်လိုပြန်ပြီးလေ့ကျင့်မှုစတင်နိုင်မလဲ။ဆုတောင်းရန် - ကျွန်ုပ်ရဲ့အသက်တာတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ကောင်းတဲ့အရာတွေကိုပိုမိုမြင်နိုင်ဖို့ရန်အတွက် ကျွန်ုပ်ရဲ့စိတ်ကိုပြန်လည်လေ့ကျင့်မှုလုပ်ဆောင်နိုင်ခြင်းအစွမ်းကိုပေးတော်မူသောကြောင့်ကျေးဇူးတင်ပါတယ် ဘုရားသခင်။ နေ့ရက်တိုင်းမှာကိုယ်တော့်ရဲ့မျက်နှာသာပေးခြင်းကိုပိုမိုမျှော်လင့်တတ်ဖို့ရန်အတွက် ကောင်းမွန်တဲ့ရှာဖွေသူ ဖြစ်ချင်ပါတယ်။ သခင်ယေရှုနာမဖြင့်ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားရဲ့မျက်နှာသာပေးမှုကိုမှားယွင်းစွာသွန်သင်ချက်တွေ ဒီနေ့ အသင်းတော်အထဲမှာ၊ အပြင်မှာရှိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားကကျွန်တော်တို့ကိုအကောင်းတွေပဲပေးဖို့တာဝန်မရှိပါဘူး၊ ဒါပေမယ့်သူကပေးချင်ပါတယ်။ နောက်၅ရက်တာဟာ သင့်ကိုအမြင်သစ်နဲ့သင့်ပတ်၀န်းကျင်မှာနေ့စဉ် ထင်ယောင်ထင်မှားဖြစ်စေသောအရာများကြားမှာ ငြင်းဆန်လို့မရတဲ့၊ ကြီးကြယ်ခန်းနားတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကို မြင်တွေ့စေဖို့ကူညီပါလိမ့်မယ်။
More
ဤအစီအစဥ်ကို ပံ့ပိုးပေးသော ဝေါတာဘရုတ် မတ်နိုမာ ပုံနိုပ်ထုတ်ဝေရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ www.goodthingsbook.com