YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘယ်အခြေအနေမဆို ဘုရားကောင်းမြတ်ကြောင်း ယုံကြည်ခြင်းနမူနာ

Believing God Is Good No Matter What

5 ၏ နေ့ 4

ကောင်းမြတ်ခြင်း၌မှီခိုခြင်း “ဘဝကခက်ခဲတယ်၊ ဘုရားကကောင်းမြတ်တယ်” ဆိုတာကိုသင် ကြားဖူးပါလိမ့်မယ်။ ဒီအဆိုက ခိုင်မာပြီး၊ တိကျတဲ့ သီသြလော်ဂျီဆိုင်ရာအမှန်တရားဖြစ်ပါတယ်။ ကတယ်ကိုထူးချွန်ပြောင်မြောက်တဲ့လူတချို့က “တကယ်လို့ဘုရားကကောင်းမြတ်တယ်ဆိုရင် ဘာကြောင့်ဒီလို(မကောင်းတာ)တွေဖြစ်သလဲ၊ ဘာကြောင့် မတရားမှုတွေကိုခွင့်ပြုနေရတာလဲ၊ ဘာကြောင့်ဘ၀ကအရမ်းခက်ခဲတာလဲ” ဆိုတဲ့မေးခွန်းတွေနဲ့ နပန်းလုံးနေခဲ့ကြပါတယ်။ တချို့ထူးချွန်ပြောင်မြောက်တဲ့လူတွေကတော့ “ဘ၀ကခက်ခဲတယ်၊ ဘုရားကကောင်းမြတ်တယ်” ဆိုပြီးယုံကြည်ကြတယ်။ ဘယ်တစ်ခုကမှ တခြားတစ်ခုကိုမပယ်ဖျတ်နိုင်ဘူး။ အဲဒါကို “သီသြသီစီ” လို့ခေါ်ပါတယ်။လူအများစုက ဘဝကခက်ခဲတော့ ဘုရားကကောင်းမှာမဟုတ်ဘူးလို့ထင်ကြပါတယ်။ ဒါပေမယ့်ဒါကအရေးမကြီးပါဘူး။ လွန်ခဲ့တဲ့နှစ်အနည်းက အထက်အဆိုမှာပါတဲ့ တကယ်လို့ဘုရားကောင်းမြတ်ရင်၊ “ဘာကြောင့်……” ဆိုတဲ့အမေးကိုမဖြေနိုင်ပေမယ့်လည်း၊ “တကယ်လို့” ဆိုတဲ့စကားလုံးကိုဖျက်လိုက်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကကောင်းမြတ်တယ် ဆိုတာကိုယုံကြည်ဖို့ ကျွန်တော်ရွေးချယ်ခဲ့တယ်။ သင်ကိုယ်တိုင်လည်း ဘုရားရဲ့ကောင်းမြတ်ခြင်းမှာ မှီခိုနိုင်ပါတယ်။အခြေအနေတွေအစား ဘုရားရဲ့ကောင်းမြတ်ခြင်းကိုပဲစတင်ကြည့်ရှုပါ။ အခြေအနေတစ်ခုမှာ အခွင့်အရေးတစ်ခုဆုံးရှုံးလိုက်ရသလိုမျိုးဖြစ်ပေမယ့် ဘုရားကပိုကောင်းတဲ့အရာအတွက်အခြား အခွင့်အရေးတစ်ခုကနေတဆင့်ကျွန်တော်တို့ကိုသွားခိုင်းနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်ဘဝမှာဒီလိုအခြေအနေမျိုးအကြိမ်များစွာကြုံတွေ့ခဲ့ရပြီး အခုတော့အဲဒါကိုမျှော်လင့်နေတတ်ပါပြီ။ ကိစ္စတစ်ခုက ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့အဆင်မပြေဘူးဆိုရင် ဘုရားရဲ့လမ်းပြခဲ့ခြင်းတွေကိုပြန်လည်အောက်မေ့ပြီး အခြားအခွင့်အရေးဖြစ်တဲ့ ဘုရားရဲ့ပြီးပြည့်စုံတဲ့အစီအစဉ်ကို မြင်တွေ့ရဖို့စတင်ကြည့်နေပါတော့တယ်။ဘုရားရဲ့ကောင်းမြတ်ခြင်းမှာမှီခိုနေခြင်းကအမြဲတမ်းတော့အခြေအနေနဲ့ကိုက်ညီနေမှာမဟုတ်ပါဘူး။ ဘုရားရဲ့ကြီးမြတ်ခြင်းကို ဘ၀ရဲ့အခက်အခဲတွေကအနှိုင်မယူသွားနိုင်အောင် စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊ မယိုင်းယိုင်တဲ့ဆုံးဖြတ်ချက်တို့လိုအပ်ပါတယ်။စဉ်းစားရန် - အခြေအနေဆိုးတွေကြားထဲကနေ ဘုရားရဲ့ကောင်းမြတ်ခြင်းကိုကြည့်တတ်ဖို့ဘယ်အရာတွေက ကိုယ့်ကိုယ်ကိုသတိပေးနေသလဲ။ဆုတောင်းရန် - ဘုရားသခင်၊ ကိုယ်တော့်ရဲ့ကောင်းမြတ်ခြင်းမှာမှီခိုရတဲ့အခွင့်အတွက်ကျေးဇူးတင်ပါတယ်။ တွေ၀ေနေတာတွေကိုရပ်ပြီး အချိန်တိုင်းမှာကိုယ်တော့်ရဲ့မျက်နှာသာပေးခြင်းကိုမြင်တတ်ဖို့ ခွန်အားကိုယနေ့ ပေးတော်မူပါ။ သခင်ယေရှုနာမဖြင့်ဆုတောင်းပါ၏။ အာမင်။
နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Believing God Is Good No Matter What

ဘုရားရဲ့မျက်နှာသာပေးမှုကိုမှားယွင်းစွာသွန်သင်ချက်တွေ ဒီနေ့ အသင်းတော်အထဲမှာ၊ အပြင်မှာရှိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားကကျွန်တော်တို့ကိုအကောင်းတွေပဲပေးဖို့တာဝန်မရှိပါဘူး၊ ဒါပေမယ့်သူကပေးချင်ပါတယ်။ နောက်၅ရက်တာဟာ သင့်ကိုအမြင်သစ်နဲ့သင့်ပတ်၀န်းကျင်မှာနေ့စဉ် ထင်ယောင်ထင်မှားဖြစ်စေသောအရာများကြားမှာ ငြင်းဆန်လို့မရတဲ့၊ ကြီးကြယ်ခန်းနားတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကို မြင်တွေ့စေဖို့ကူညီပါလိမ့်မယ်။

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသော ဝေါတာဘရုတ် မတ်နိုမာ ပုံနိုပ်ထုတ်ဝေရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ www.goodthingsbook.com