YouVersion လိုဂို
ရှာရန် အိုင်ကွန်

အချင်းချင်းချစ်ကြလော့နမူနာ

Love One Another

5 ၏ နေ့ 5

ဧကန်အမှန် လွတ်ကြလိမ့်မည်

ထိုကြောင့် သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည် (ယော၊ ၈း၃၆)။

သားတော်သည် မိတ်ဆွေကို လွတ်မြောက်စေပါ။ သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်။ မေတ္တာသည် လွတ်မြောက်ချမ်းသာကို ပေးစေသည်။ မေတ္တာသည် အကန့်အသတ်မရှိပေ။ မေတ္တာသည် မိတ်ဆွေကို ဧကန်အမှန် လွတ်စေလိမ့်မည်။ ခရစ်တော်သည် မိမိစိတ်နှလုံးကို လွတ်မြောက်စေမည်။ အတိတ်နှောင်ကြိုးတွင် အခြားသူများကို ဓားစာခံအဖြစ် ချုပ်နှောင်မထားစေရန် ရွေးချယ်ပါ။ ခွင့်လွှတ်ခြင်းကို ရွေးချယ်ပါ။ မိမိအတိတ်နှောင်ကြိုးများမှ လွတ်မြောက်စေပါ။ သူတစ်ပါးလည်း လွတ်မြောက်စေပါ။ မိမိမိသားစုသည် အတိတ်နှောင်ကြိုးများမှ လွတ်မြောက်စေပါ။ လွတ်မြောက်ခြင်းသည် ရွေးချယ်မှု ဖြစ်သည်။

(မ၊ ၁၈း၂၁-၃၅) မှာ၊ ငွေအခွက်တစ်သိန်း ကြွေးတင်သော ကျွန်တစ်ယောက်ကို လုံးလုံးလွှတ်ခဲ့သော ရှင်ဘုရင်တစ်ပါး၏ ဇာတ်တော်ကို ဖေါ်ပြထားသည်။ ဘုရင်ကြီးသည် သူ့ကျွန်၏ ကြီးမားလှသော အကြွေးကို လွှတ်လိုက်သောအခါ၊ ကျွန်နှင့် သူ့မိသားစုတစ်ခုလုံးသည် ၎င်းအကြွေး၏ အလွန်လေးလှသောဝန်းမှ လွတ်မြောက်စေခဲ့သည်။ ကျွန်နှင့် သူ့မိသားစုတစ်ခုလုံးသည် ဧကန်အမှန် လွတ်စေခဲ့သည်။ ခွင့်လွှတ်ခြင်းသည် အချုပ်အနှောင်၏ ဝန်လေးမှ လွတ်မြောက်စေသည်။ ခွင့်လွှတ်ခြင်းသည် မိတ်ဆွေနှင့် မိမိမိသားစု၏ အတိတ်ရှိ အချုပ်အနှောင်၏ ဝန်လေးမှ လွတ်မြောက်စေသည်။ သူတစ်ပါးကို ခွင့်လွှတ်ခြင်းဖြင့် မိတ်ဆွေကို လွတ်မြောက်စေလိမ့်မည်။

သို့ရာတွင်၊ ဘုရင်ကြီးနှင့်အတူ ဤတန်ခိုးကြီးသော ထမ်းပိုးကို ချိုးဖျက်ပြီး၊ ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတစ်ရာ ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို တွေ့လျက်၊ လည်ပင်းကို ကိုင်ညှစ်၍ ငါ့ငွေကို ဆပ်ပေးလော့ဟု ဆိုခဲ့သည်။ အကယ်၍၊ ငွေရှင်သည် ကြွေးကို မဆပ်မီတိုင်အောင် သူ့ကိုထောင်ထဲမှာ လှောင်ထားခဲ့သည်။ မိတ်ဆွေသည် ၎င်းထောင်ထဲမှာ ဘယ်သူလှောင်ထားခဲ့သလဲ။

ဘုရားသခင်သည် မိတ်ဆွေကို များစွာသောအပြစ်တို့နှင့် လွတ်တော်မူခဲ့ပြီ။ မိတ်ဆွေမဆပ်နိုင်သည့် အကြွေးကို ဘုရားသခင် ခွင့်လွှတ်တော်မူပြီ — အဘယ်ကြောင့် သူတစ်ပါးကို အတိတ်ထောင်ထဲမှာ လှောင်ထားသလဲ။ မိမိစိတ်နှလုံးအထဲ၌ မေတ္တာကို အုပ်စိုးစေရန် ရွေးချယ်ပါ။ မေတ္တာသည် မိမိကျင့်တရားကို ဦးဆောင်စေရန် ရွေးချယ်ပါ။ ရှေးကာလ၏ အရာတို့ကို ပမာဏမပြုဘဲ၊ မေတ္တာကို တိုးပွားစေပါ။ ခရစ်တော်နှင့်အတူ ဆက်သွားစေရန် ရွေးချယ်ပါ။

ဤအစီစည်သည် မိတ်ဆွေကို ခွန်အားပေးပြီးဟု ယုံကြည်မျှော်လင့်ပါသည်။ ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) ၏ အခြားအကြောင်းအရာများကို ပိုမိုကြည့်ရှုလေ့လာပါ

နေ့ 4

ဤအစီအစဉ်အကြောင်း

Love One Another

ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) သည် ဤတန်ခိုးရှိသော လွတ်မြောက်စေမည့် အစီစဉ်ကို စာဖတ်သူများအား ဦးဆောင်သည်။ သူတစ်ပါးကို ချစ်စေရန် ရွေးချယ်ပါ။ ဘေးရောက်သည်ကာလတွင် မေတ္တာကို ရွေးချယ်ပါ။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မေတ္တာကို ရွေးချယ်ပါ။ မမျှော်လင့်သောအချိန်မှာ မေတ္တာကို ရွေးချယ်ပါ။ အရာရာ၌ ခရစ်တော်၏ မဟာမေတ္တာတော်ကို ထင်ရှားစေရန် ရွေးချယ်ပါ။။ ဤပြည့်ဝလှသော အသက်တာပြောင်းလဲစေသည့် အစီစဉ်ကို ဖတ်ရှုစဉ် ခရစ်တော်သည် မိမိနှလုံးသားကို ပြုပြင်သက်သာစေလျက် လမ်းညွန်ပါစေ။

More

ဤအစီအစဥ်အတွက် ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.VanceKJackson.com