အချင်းချင်းချစ်ကြလော့နမူနာ
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏
ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကို မသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ယော၊ ၄း၈)။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ (ယော၊ ၁း၁၄)။ ယေရှုခရစ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ထင်ရှားစေတော်မူသည်။ ဤလောကကြီးပေါ်တွင် ယေရှုပြသခဲ့သော အကျင့်တိုင်းသည် ချစ်ခြင်းမေတ္တာဖြင့် ပြုတော်မူခဲ့သည်။ အနာရောဂါကို ပျောက်စေခြင်းတိုင်းသည် ချစ်ခြင်းမေတ္တာဖြင့် ပြုတော်မူခဲ့သည်။ ကိုယ်တော်ဘုရား၏ မဟာမေတ္တာတော်ကို ထင်ရှားစေရန် ရွေးချယ်ပါ။ မေတ္တာထောက်လျက် ကြားနာသောသူတို့၏ အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ပါ။
မေတ္တာသည် ထမ်းပိုးများကို ပျက်စီးတတ်သည်။ မေတ္တာသည် အပြစ်သံသရာမှ လွတ်မြောက်စေသည်။ မေတ္တာသည် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သည်။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်သည်။ မေတ္တာသည် နဂိုအတိုင်း ပြန်ဖြစ်လာစေသည်။ မေတ္တာသည် မိတ်ဆွေကို လွတ်မြောက်စေမည်။ မေတ္တာသည် မိတ်ဆွေကို စုံလင်စေမည်။ အတိတ်၏ ဝန်လေးကို မထမ်းစေနှင့်။ သူတစ်ပါးကို ချစ်စေရန် ရွေးချယ်ပါ။ မေတ္တာသည် မိတ်ဆွေကို ခိုင်ခံ့စေမည်။ မေတ္တာသည် မိတ်ဆွေကို မစွန့်ဘူး။ မေတ္တာသည် မိတ်ဆွေကို ဆောင်ရွက်မည်။ မေတ္တာသည် ရွှံ့ထဲက မိတ်ဆွေကို ဆယ်နုတ်မည်။ မေတ္တာသည် ထောင်တံခါးများကို ပွင့်စေမည်။ သူတစ်ပါးကို ချစ်စေရန် ရွေးချယ်ပါ။
ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကို ထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန် မခံကြနှင့် (ဂလ၊ ၅း၁)။ မေတ္တာသည် ချည်နှောင်ခြင်းမှ လွတ်မြောက်စေသည်။ မိမိအတိတ်ရှိ ခါသီးခြင်း၏ ချည်နှောင်ခြင်းကို မခံနှင့်။ မိမိအတိတ်၏ ချည်နှောင်ခြင်းကိုလည်း မခံနှင့်။ မိမိကျူးလွန်န်ခဲ့သော အပြစ်ဒုစရိုက်၏ ချည်နှောင်ခြင်းကို မခံနှင့်။ မေတ္တာသည် မိမိစိတ်နှလုံးကို အတိတ်ဆီသို့ ချည်နှောင်ထားသည့် နှောင်ကြိုးတိုင်းကို ဖြတ်တောက်ပါစေ။ မိမိအတိတ်ကို လက်လွှတ်စေပါ။ မေတ္တာဖြင့် လွတ်မြောက်စေလျက် ရှေ့ဆက်သွားပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) သည် ဤတန်ခိုးရှိသော လွတ်မြောက်စေမည့် အစီစဉ်ကို စာဖတ်သူများအား ဦးဆောင်သည်။ သူတစ်ပါးကို ချစ်စေရန် ရွေးချယ်ပါ။ ဘေးရောက်သည်ကာလတွင် မေတ္တာကို ရွေးချယ်ပါ။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မေတ္တာကို ရွေးချယ်ပါ။ မမျှော်လင့်သောအချိန်မှာ မေတ္တာကို ရွေးချယ်ပါ။ အရာရာ၌ ခရစ်တော်၏ မဟာမေတ္တာတော်ကို ထင်ရှားစေရန် ရွေးချယ်ပါ။။ ဤပြည့်ဝလှသော အသက်တာပြောင်းလဲစေသည့် အစီစဉ်ကို ဖတ်ရှုစဉ် ခရစ်တော်သည် မိမိနှလုံးသားကို ပြုပြင်သက်သာစေလျက် လမ်းညွန်ပါစေ။
More