YouVersion လိုဂို
ရှာရန် အိုင်ကွန်

အချင်းချင်းချစ်ကြလော့နမူနာ

Love One Another

5 ၏ နေ့ 4

အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏

ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။ (ရော၊ ၈း၁)။ ‬‬

ယေရှုခရစ်၌ တည်သူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြသည်။ ချစ်ခြင်းမေတ္တာ၌ အပြစ်စီရင်ခြင်း မရှိပေ။ Strong's အဘိဓာန်အရ၊ အပြစ်စီရင်ခြင်းတူးဟူသော ဂရိဝေါဟာရသည် 'katakrima' (G2631)၊ ဖြစ်ပြီး၊ အနက်ကား ရာဇဝတ်ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ခရစ်တော်၌တည်သောအခါ၊ မိမိအတိတ်သည် သမိုင်းပင် ဖြစ်စေပြီ။ မိမိအတိတ်ရှိ နောင်တရခြင်း၊ အရှက်ကွဲခြင်းနှင့် ရှုံးနိမ့်ခြင်းသည် ခရစ်တော်၌ သမိုင်းသာ ဖြစ်သည်။ မိမိအတိတ်၏ ဝန်လေးသည် ခရစ်တော်၏ သွေးတော်မြတ်ဖြင့် ပျက်စီးစေပြီ။ ကိုယ်တော်၏ မဟာမေတ္တာတော်သည် ဝန်လေးများကို ပျက်စီးစေသည်။ ကိုယ်တော်၏ မဟာမေတ္တာတော်သည် ခပ်သိမ်းသော အဆီးအတားများကို ဖယ်ရှားစေပြီ။ မိတ်ဆွေသည် ခရစ်တော်၌ အသစ်ပြုပြင်သော သတ္တဝါ ဖြစ်သည်။

အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။ (ဆာ၊ ၁၀၃း၁၂)။ ကိုယ်တော်၏ မေဟာမေတ္တတော်သည် မိမိအတိတ်ရှိ အပြစ်များကို ပယ်ရှားစေသည်။ ကိုယ်တော်၏ မေဟာမေတ္တာတော်သည် မိမိအတိတ်အကျဉ်းထောင်မှ လွတ်မြောက်စေသည်။ အပြစ်စီရင်ခြင်းသည် မိတ်ဆွေကို ကျွန်ခံစေသည်။ အပြစ်စီရင်ခြင်းသည် မိမိအတိတ်ရှိ နောင်တရခြင်း၊ အရှက်ကွဲခြင်းနှင့် ရှုံးနိမ့်ခြင်းတို့ကို အောက်မေ့သတိရစေသည်။ မေတ္တာသည် အပြစ်စီရင်ခြင်း၏ ဝန်လေးနှင့် တန်ခိုးကို ချိုးဖျက်စေသည်။ ယခုမှာ သင်၌ သူတင်သော ထမ်းပိုးကို ငါချိုးပယ်၍၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည်။ (နာ၊ ၁း၁၃)။ ကိုယ်တော်၏ မေဟာမေတ္တာတော်သည် မိတ်‌ဆွေနှင့် မိတ်ဆွေ၏မိသားစုကို ချည်နှောင်သောကြိုးတို့ကိုလည်း ဖြတ်စေမည်။

ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။ (ဧ၊ ၄း၂၉)။ ကိုယ်တော်၏ မေဟာမေတ္တာတော်သည် မိတ်ဆွေ၏စကားကို လမ်းညွှန်စေပါ။ မေတ္တာသည် မိမိစိတ်နှလုံးကို ဦးဆောင်စေပါ။ မေတ္တာသည် မိမိနှုတ်ထဲက ထွက်သောစကားကို ဦးဆောင်စေပါ။ ခါသီးစိတ်ဖြင့်မဟုတ်ဘဲ မေတ္တာစိတ်ဖြင့် တုံ့ပြန်ပါ။ ဒေါသမထွက်ဘဲလျက် မေတ္တာသည် မိမိစိတ်နှလုံးကို ပြုပြင်သက်သာစေပါ။ ခရစ်တော်အဖို့ ကိုယ့်ကိုယ်ကို ဆက်ကပ်အပ်နှံပြီး၊ မိမိအတိတ်ရှိ ရှက်ခွဲခြင်း၊ နောင်တရခြင်းနှင့် အပြစ်စီရင်ခြင်းကို လက်လွှတ်စေရန် ရွေးချယ်ပါ။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Love One Another

ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) သည် ဤတန်ခိုးရှိသော လွတ်မြောက်စေမည့် အစီစဉ်ကို စာဖတ်သူများအား ဦးဆောင်သည်။ သူတစ်ပါးကို ချစ်စေရန် ရွေးချယ်ပါ။ ဘေးရောက်သည်ကာလတွင် မေတ္တာကို ရွေးချယ်ပါ။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မေတ္တာကို ရွေးချယ်ပါ။ မမျှော်လင့်သောအချိန်မှာ မေတ္တာကို ရွေးချယ်ပါ။ အရာရာ၌ ခရစ်တော်၏ မဟာမေတ္တာတော်ကို ထင်ရှားစေရန် ရွေးချယ်ပါ။။ ဤပြည့်ဝလှသော အသက်တာပြောင်းလဲစေသည့် အစီစဉ်ကို ဖတ်ရှုစဉ် ခရစ်တော်သည် မိမိနှလုံးသားကို ပြုပြင်သက်သာစေလျက် လမ်းညွန်ပါစေ။

More

ဤအစီအစဥ်အတွက် ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.VanceKJackson.com