အချင်းချင်းချစ်ကြလော့နမူနာ
ခွင့်လွှတ်ပါ
ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏ (မ၊ ၁၈း၂၁-၂၂)။
သူတစ်ပါးကို ခွင့်လွှတ်ရန် ရွေးချယ်ပါ။ ထပ်တလဲလဲ ခွင့်လွှတ်ရန် ရွေးချယ်ပါ။ အချိန်မဆွဲဘဲ ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ မိမိလင်/မယားကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ မိမိမိဘကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ မိမိရန်သူများကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ မိတ်ဆွေတစ်ဖက်၌ နေသောသူများကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ သဘောတညီတညွတ်တည်း တိုင်ပင်၍၊ မိတ်ဆွေတစ်ဖက်၌ အချင်းချင်းသင်းဖွဲ့သောသူများကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ မိတ်ဆွေကို အသုံးချခဲ့သောသူများကို ခွင့်လွှတ်စေရန် ရွေးချယ်ပါ။ ဘုရားသခင်သည် မိတ်ဆွေအဖို့ သဘောသစ်ကို သွင်းထားလျက် ခွင့်လွှတ်ခြင်းကို ရွေးချယ်ပါ။
ခွင့်လွှတ်ခြင်းသည် မိမိရွေးချယ်မှု ဖြစ်သည်။ ခွင့်လွှတ်ခြင်းသည် မိမိအတိတ်၏ စိတ်ပိုင်းဆိုင်ရာ အကျဉ်းထောင်မှ လွတ်မြောက်ချမ်းသာ ပေးစေသည်။ ခွင့်လွှတ်ခြင်းသည် မိမိကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များ၏ အနှောင်အဖွဲ့ကြိုးများမှ လွတ်မြောက်ချမ်းသာ ပေးစေသည်။ အတိတ်၏ နှောင်ကြိုးများနှင့် ခါးသီးမှုမှ မိမိ၏ နှလုံးသားကို လွတ်မြောက်စေဖို့ ခွင့်လွှတ်ခြင်းကို ရွေးချယ်ပါစို့။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မိတ်ဆွေ၏ စိတ်နှလုံးကို ပြုပြင်သက်သာစေပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မိတ်ဆွေ၏ စိတ်နှလုံးကို လမ်းညွှန်စေပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မိတ်ဆွေ၏ စိတ်နှလုံးကို ပြောင်းလဲစေပါ။ မေတ္တာသည် ထည်ဆောက်စေသည်။ မေတ္တာသည် ပြောင်းလဲစေသည်။ မေတ္တာသည် နဂိုအတိုင်း ပြန်ဖြစ်လာစေသည်။ မေတ္တာသည် မိတ်ဆွေကို လွတ်မြောက်စေလိမ့်မည်။
ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏ (ရော၊ ၅း၈)။ မိတ်ဆွေသည် အပြစ်ရှိစဉ်ပင်၊ ဘုရားသခင်က မိတ်ဆွေကို ချစ်တော်မူခဲ့သည်။ ကျွန်တော်တို့သည် အပြစ်သားဖြစ်သော်လည်း ခရစ်တော်သည် ကျွန်တော်တို့အတွက်ကြောင့် အသေခံတော်မူခဲ့သည်။ ခရစ်တော်၏ သွေးတော်မြတ်သည် မိတ်ဆွေကို ကယ်နုတ်စေပြီ။ ရှေးကာလ၏ အရာတို့ကို ပမာဏမပြုဘဲ၊ သူများကို ခွင့်လွတ်ဖို့ ရွေးချယ်ပါ။ မိမိအတိတ်၏ ခါးသီးမှုမှ လက်လွှတ်စေပြီး သူတစ်ပါးကို ခွင့်လွှတ်ရန် ရွေးချယ်ပါ။ ဘုရားသခင်သည် မိတ်ဆွေ၏ အတွင်းလူကို ကျန်းမာစေပြီး သူများကို ခွင့်လွှတ်ရန် ရွေးချယ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာဗန်းကေဂျက်ဆင် (Vance K. Jackson) သည် ဤတန်ခိုးရှိသော လွတ်မြောက်စေမည့် အစီစဉ်ကို စာဖတ်သူများအား ဦးဆောင်သည်။ သူတစ်ပါးကို ချစ်စေရန် ရွေးချယ်ပါ။ ဘေးရောက်သည်ကာလတွင် မေတ္တာကို ရွေးချယ်ပါ။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မေတ္တာကို ရွေးချယ်ပါ။ မမျှော်လင့်သောအချိန်မှာ မေတ္တာကို ရွေးချယ်ပါ။ အရာရာ၌ ခရစ်တော်၏ မဟာမေတ္တာတော်ကို ထင်ရှားစေရန် ရွေးချယ်ပါ။။ ဤပြည့်ဝလှသော အသက်တာပြောင်းလဲစေသည့် အစီစဉ်ကို ဖတ်ရှုစဉ် ခရစ်တော်သည် မိမိနှလုံးသားကို ပြုပြင်သက်သာစေလျက် လမ်းညွန်ပါစေ။
More