ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ခြင်းနမူနာ
မိတ်ဆွေသည် အရှင်ယေရှုဘုရားကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့လျှင်အသစ်ပြုပြင်ခံ သတ္တဝါ ဖြစ်သည်။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မိတ်ဆွေသည် ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် သစ္စာတော်ကို အောက်မေ့သတိရစေသလို၊ မိတ်ဆွေအဖို့ လမ်းညွှန်ပေးခဲ့သော ပုဂ္ဂိုလ်များနှင့် အရှင်ယေရှုဘုရား၏ အသက်တော်ကို စွန့်တော်မူခြင်းကိုလည်း အောက်မေ့သတိရခဲ့သည်။ ယနေ့၊ (၂ကော၊ ၅း၁၁-၂၂) တွင်ရှိ၊ ဘုရားသခင်၏ ကယ်နုတ်ကျေးဇူးတော်၏ တန်ခိုးအကြောင်းကို ဆင်ခြင်စဉ်းစားပါ။ ဘုရားသခင်သည် မိတ်ဆွေကို မိမိသားတော် ယေရှုခရစ်အားဖြင့် ပေးတော်မူသော ခွင့်လွှတ်ခြင်းထက် ပိုမိုတန်ခိုးကြီးသောအရာ၊ ပိုမိုသစ္စာရှိသောအရာ၊ ပိုမိုမေတ္တာကြီးသောအရာ၊ မိမိအသက်တာကို ပိုမိုပြောင်းလဲစေသောအရာများ မရှိပါ။ ယနေ့၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ရရှိခံစားရသော ဘဝအသစ်ကို အောက်မေ့သတိရစေပါ။ မိမိဘဝအဟောင်းကို စွန့်၍ ထာဝရအသက်ကို ရစေခဲ့သောနေ့ကိုသာ အောက်မေ့သတိရစေပါ။ ခရစ်တော်၌ အသစ်ပြုပြင်သောသတ္တဝါဖြစ်ခြင်းအကြောင့်ကို ကျေးဇူးတော်ချီးမွမ်းလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လူတို့သည် မိမိအနာဂတ်ကို စွဲလမ်းလျက် ဦးစားပေးနိုင်သောသဘော ရှိကြသည်။ သို့သော်၊ မိမိအတိတ်ကို မမေ့သင့်ပါ။ ဤ (၅) ရက်တာအစီစဉ်သည်၊ အသစ်ပြုပြင်ခံသတ္တဝါ ဖြစ်စေခြင်းငှာ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို အောက်မေ့သတိရစေမည်ဖြစ်သည်။ နေ့ရက်တိုင်း၊ ခရစ်တော်နှင့်အတူ မိမိလမ်းခရီး၏ အဓိကဖြစ်ရပ်များကို အောက်မေ့သတိရစေသော ကျမ်းပိုဒ်များနှင့် ဓမ္မစာတိုများကို ဖတ်ရှုပါလိမ့်မည်။ ပိုမိုသိလိုပါ၊ finds.life.church ကို ဝင်ကြည့်လိုက်ပါ။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church