ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ခြင်းနမူနာ
ထာဝရဘုရားသည် ကြီးမြတ်သောဘုရား ဖြစ်တော်မူသည်။ ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိ။ ကိုယ်တော်သည် ကြယ်များနှင့် တောင်များကို ရွှေ့နိုင်သလို၊ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူသည်။ (ယောရှု၊ ၄) တွင်၊ ကတိထားရာပြည်တော်သို့ ဣသရေလလူတို့ကို ခေါ်ဆောင်ခြင်းတည်းဟူသော ဘုရားသခင်၏ မဟာအမှုတော်ကို ကျွန်တော်တို့တွေ့ရသည်။ ဘုရားသခင်၏ ကတိတော်အတိုင်း၊ သူသည် ဣသရေလလူတို့ကို ကျွန်ဘဝမှ လွတ်မြောက်စေတော်မူခဲ့သည်။ ၎င်းအမှုတော်သည် အလွန်ကြီးမားလှသောကြောင့်၊ ဘုရားသခင်သည် ဣသရေလလူတို့အဖို့ မိမိပြုတော်မူသောကျေးဇူးတော်ကို ဘယ်သောအခါမျှ မမေ့စေလိုပါ။ ဘုရားသခင်သည် ဣသရေလလူတို့အဖို့ ပြုတော်မူသော မဟာတန်ခိုးတော်နှင့် မဟာအမှုတော်တို့ကို ထာဝစဉ်သတိရစေရန် အလိုရှိသည်။ မိတ်ဆွေလည်း ခေတ္တခဏ အောက်မေ့သတိရလိုက်ပါ။ ဘုရားသခင်သည် မိမိအသက်တာမှာ အလွန်အံ့ဩဖို့ကောင်းသော အမှုတော်တို့ကို ပြုတော်မူခဲ့ပြီ။ ကိုယ်တော်သည် မိမိအပြစ်ကို ခွင့်လွှတ်ပြီး၊ မိမိစွဲလမ်းမှု၏ နှောင်ကြိုးမှ လွတ်မြောက်ချမ်းသာ ပေး၍ မိမိကတိထားရာပြည်တော်သို့ ပို့ဆောင့်ခဲ့ပြီ။ ယနေ့၊ မိတ်ဆွေအဖို့ ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို အောက်မေ့သတိရလိုက်ပါ။ ကျေးဇူးတော်ကို ချီးမွမ်းလျက် ထာဝရဘုရား၏ အမှုတော်တို့ကို လုံးဝမမေ့စေခြင်းငှာ အဓိဋ္ဌာန်ပြုပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လူတို့သည် မိမိအနာဂတ်ကို စွဲလမ်းလျက် ဦးစားပေးနိုင်သောသဘော ရှိကြသည်။ သို့သော်၊ မိမိအတိတ်ကို မမေ့သင့်ပါ။ ဤ (၅) ရက်တာအစီစဉ်သည်၊ အသစ်ပြုပြင်ခံသတ္တဝါ ဖြစ်စေခြင်းငှာ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို အောက်မေ့သတိရစေမည်ဖြစ်သည်။ နေ့ရက်တိုင်း၊ ခရစ်တော်နှင့်အတူ မိမိလမ်းခရီး၏ အဓိကဖြစ်ရပ်များကို အောက်မေ့သတိရစေသော ကျမ်းပိုဒ်များနှင့် ဓမ္မစာတိုများကို ဖတ်ရှုပါလိမ့်မည်။ ပိုမိုသိလိုပါ၊ finds.life.church ကို ဝင်ကြည့်လိုက်ပါ။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church