ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ခြင်းနမူနာ
ပွဲတော်ဝင်စားခြင်းသည် အောက်မေ့ဖွယ်ရာ ဖြစ်သည်။ (လု၊ ၂၂း၁၉) တွင်၊ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု အရှင်ယေရှုဘုရား မိန့်တော်မူသည်။ ကျွန်တော်တို့သည် ပွဲတော်ပို ဝင်စားသောအခါ၊ ကျွန်တော်တို့၏ အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ခရစ်တော်ပြုလုပ်ခဲ့သော မိမိအသက်တော်ကို ပေးလှူပူဇော်ခြင်းကို အေက်မေ့သတိရပါသည်။ ကိုယ်တော်၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မိတ်ဆွေကို ထာဝရအသက်ကို ရရှိခံစားစေသောကြောင့် ကျွန်တော်တို့ကိုယ်စား ခရစ်တော်ပြုလုပ်ပေးခဲ့သော မိမိအသက်တော် စွန့်လွတ်ခြင်းကို ဘယ်တော့မှ မမေ့ပါနှင့်။ မိတ်ဆွေ၏ လက်ရှိဘဝနှင့် တမလွန်ဘဝကို လုံးဝဥဿုံ ပြောင်းလဲစေပြီ။ ယနေ့၊ မိမိဩတ္တပ္ပစိတ်ကို သန့်နေပါက၊ ပွဲတော်ပို ဝင်စားပါ။ အလွန်သန့်ရှင်းသော ပွဲတော်ကို ဝင်စားသောအခါ၊ အရှင်ယေရှုဘုရားကို အောက်မေ့သတိရစေပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လူတို့သည် မိမိအနာဂတ်ကို စွဲလမ်းလျက် ဦးစားပေးနိုင်သောသဘော ရှိကြသည်။ သို့သော်၊ မိမိအတိတ်ကို မမေ့သင့်ပါ။ ဤ (၅) ရက်တာအစီစဉ်သည်၊ အသစ်ပြုပြင်ခံသတ္တဝါ ဖြစ်စေခြင်းငှာ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို အောက်မေ့သတိရစေမည်ဖြစ်သည်။ နေ့ရက်တိုင်း၊ ခရစ်တော်နှင့်အတူ မိမိလမ်းခရီး၏ အဓိကဖြစ်ရပ်များကို အောက်မေ့သတိရစေသော ကျမ်းပိုဒ်များနှင့် ဓမ္မစာတိုများကို ဖတ်ရှုပါလိမ့်မည်။ ပိုမိုသိလိုပါ၊ finds.life.church ကို ဝင်ကြည့်လိုက်ပါ။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church