ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ခြင်းနမူနာ
ဘုရားသခင်သည် အခြားသူများ၏ ဉာဏ်ပညာနှင့် လမ်းညွှန်မှုဖြင့် ကျွန်တော်တို့ကို ပုံသွင်းလေ့ရှိသည်။ (၁ပေ၊ ၅း၁-၁၁) တွင်၊ သူတစ်ပါးကို လမ်းညွှန်လျက် ဘုရားသခင်၏ ပုံသဏ္ဍာန်အဖြစ် ပုံသွင်းနိုင်သော တန်ဆာဖြစ်ခြင်း၏ အရေးကြီးပုံကို ဖော်ပြထားသည်။ မိမိယုံကြည်ခြင်းခရီးမှာ ခရစ်တော်နှင့် ပိုမိုနီးစေခဲ့သော ဓမ္မမိတ်ဆွေများကို အဘယ်သူလဲ။ မိမိအသက်တာမှာ မေတ္တာစိတ်ဖြင့် လမ်းညွှန်းခဲ့သော ဆရာတစ်ယောက် (သို့) သင်းအုပ်ဆရာတစ်ယောက် (သို့) မိသားစုဝင်တစ်ယောက် (သို့) ချစ်ဓမ္မမိတ်ဆွေတစ်ယောက် ဖြစ်နိုင်သည်။ ၎င်းသစ္စာရှိသော ပုဂ္ဂိုလ်များကို အောက်မေ့သတိရစေဖို့ အချိန်ပေးပါ။ မိတ်ဆွေအတွက် သူတို့ပြုထားသော လုံ့လဝီရိယ ကြိုးစားအားထုတ်မှုနှင့် စေတနာကို ဘယ်တော့မှ မမေ့ပါနဲ့။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လူတို့သည် မိမိအနာဂတ်ကို စွဲလမ်းလျက် ဦးစားပေးနိုင်သောသဘော ရှိကြသည်။ သို့သော်၊ မိမိအတိတ်ကို မမေ့သင့်ပါ။ ဤ (၅) ရက်တာအစီစဉ်သည်၊ အသစ်ပြုပြင်ခံသတ္တဝါ ဖြစ်စေခြင်းငှာ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို အောက်မေ့သတိရစေမည်ဖြစ်သည်။ နေ့ရက်တိုင်း၊ ခရစ်တော်နှင့်အတူ မိမိလမ်းခရီး၏ အဓိကဖြစ်ရပ်များကို အောက်မေ့သတိရစေသော ကျမ်းပိုဒ်များနှင့် ဓမ္မစာတိုများကို ဖတ်ရှုပါလိမ့်မည်။ ပိုမိုသိလိုပါ၊ finds.life.church ကို ဝင်ကြည့်လိုက်ပါ။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church