သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ
![Beginning A Relationship With Jesus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1594%2F1280x720.jpg&w=3840&q=75)
ဘုရားသခင်ဆိုတာဘယ်သူလဲ
ဘုရားသခင်နဲ့ဆိုင်တဲ့အဓိကအကြောင်းအရာတချို့ကိုနားလည်ခြင်းက သင်ဘုရားသခင်နောက်ကိုစတင်လိုက်လျှောက်တဲ့အခါ ကူညီပါလိမ့်မယ်။ ဘုရားသခင်ရဲ့ ထူးခြားတဲ့ပင်ကိုလက္ခဏာ (၄)မျိုးကို ပြောကြရအောင်။
ဘုရားသခင်သည်ထာဝရဖြစ်သည်
သမ္မာကျမ်းစာနေရာတော်တော်များများမှာဘုရားသခင်က လုံးဝဉသုံစည်းလုံးတဲ့ ပုဂ္ဂိုလ်သုံးပါး အဖြစ်တည်ရှိတယ်လို့ သွန်သင်ပါတယ်။ ဒီအရာကို သုံးပါးတစ်ဆူ လို့ခေါ်ပါတယ်။ ဘုရားသခင် တစ်ပါးထဲရှိတာထက် သမ္မာကျမ်းစာကပြောတဲ့ဘုရားသခင်က ဖခမည်းတော်၊ သားတော် (သခင်ယေရှု) နဲ့ သန့်ရှင်းသောဝိညာဉ်တော် တို့ဖြစ်ပါတယ်။ သူတို့ဟာ ကွဲပြားခြားနားတဲ့ ပုဂ္ဂိုလ်သုံးပါးဖြစ်ပေမယ့် တစ်သားတစ်ကိုယ်တည်းအဖြင့်အလုပ်လုပ်ပါတယ်။
ဘုရားသခင်သည်ပြီးပြည့်စုံသည်
ဘုရားသခင်သည်အပြစ်အနာအဆာကင်းမဲ့ပြီးဘယ်တော့မှတိုးတက်မှုမလိုအပ်ပါ။ အကျင့်စာရိတ္တ၊ သန့်ရှင်းစင်ကြယ်ခြင်း၊ အသိဉာဏ်ပညာ၊ အစွမ်းတန်ခိုး (သို့မဟုတ်) တတ်နိုင်စွမ်း ဘာတစ်ခုမှလိုအပ်ချက်မရှိပါ။ အထူးသဖြင့်လူသားများနှင့်နှိုင်းယှဉ်ပါက ဘုရားသခင်သည်အရာရာမှာပြည့်စုံတဲ့သူဖြစ်ပါတယ်။ သမ္မာကျမ်းစာက "ဘုရားသခင်က အလင်းဖြစ်တော်မှုတယ်။ သူ့အထဲ၌မှောင်မိုက်အလျင်းမရှိ (1ယော 1:5)" လို့ပြောထားပါတယ်။
ဘုရားသခင်သည်အလုံးစုံဖြစ်သည်
ဘုရားသခင်သည်အလုံးစုံတည်ရှိခြင်းဖြစ်သည်။သူသည်အဆုံးအစမဲ့တန်ခိုးနှင့်ပြည့်စုံသည်။သူသည်အလုံးစုံကိုသိကျွမ်းခြင်းလည်းဖြစ်သည်။သူသည်အချိန်တိုင်းတွင်နေရာတိုင်း၌ရှိနိုင်ပြီး၊ အရာရာတိုင်းတွင် တန်ခိုးအာဏာရှိပြီး၊ အရာအားလုံးကိုသိနိုင်သောသူဖြစ်သည်။
ဘာလို့ဤအရာတွေအရေးပါသလဲ
ဘုရားသခင်ရဲ့ထာဝရဖြစ်တည်ခြင်းကိုနားလည်ခြင်းအားဖြင့် ကျွန်ုပ်ကိုမျှော်လင့်ချက်ပေးပါသည်။ ဘုရားသခင်က ပတ်သက်ဆက်နွယ်ချင်သောသူဖြစ်လို့သူနဲ့အပြန်အလှန်စကားပြောဆိုနိုင်ပါတယ်။ ဘုရားသခင်က ပြီးပြည့်စုံတဲ့သူဖြစ်တယ်ဆိုတာသိရလို့ ကျွန်တော်နားမလည်နိုင်ပေမယ့်သူ့ကိုယုံကြည်ကိုးစားနိုင်ပါတယ်။ သူကအရာအားလုံးဖြစ်တယ်ဆိုတာသိခြင်းက သူ့မှာတန်ခိုးအာဏာရှိပြီး ကျွန်တော်တို့ကိုဘယ်တော့မှပစ်မထားဘဲ မကောင်းတဲ့အမှုအရာတိုင်းကိုဖြေရှင်းအောင်နိုင်ခွင့်ပေးမှာဖြစ်တယ်။
ဒါဆိုရင်ဘုရားသခင်က ဘယ်သူလဲ။ သူက သင့်ကိုဖန်ဆင်းတဲ့လူ၊ သင့်စိတ်ကူးမျှော်မှန်းနိုင်တာထက်ကိုပိုပြီးသင့်ကိုချစ်တဲ့သူ၊ သင်နဲ့ထာဝရဆက်ဆံမှုရှိဖို့အတွက်သူ့ရဲ့တစ်ပါးတည်းသောသားတော်ကိုတောင် အသေခံခိုင်းစေခဲ့တဲ့သူ ဖြစ်ပါတယ်။
ဘုရားသခင်ကိုသိကျွမ်းခြင်းအားဖြင့် လူတွေကိုမြင်တဲ့အမြင်ပြောင်းလဲစေပါတယ်။ သူတို့ကိုခဏတာယာယီခန္ဓာကိုယ်များအဖြစ်မမြင်တော့ဘဲ ထာဝရဝိညာဉ်များအဖြင့်စတင်မြင်တွေ့လာစေပါတယ်။
ဘုရားသခင်ကိုသိကျွမ်းခြင်းအားဖြင့် အခက်အခဲပြဿနာတွေမတူတဲ့ပုံစံနဲ့ရင်ဆိုင်ဖို့ကူညီပါတယ်။ ဘုရားသခင်ကိုသိကျွမ်းခြင်းအားဖြင့် ဘဝကဘာမှအဆင်မပြေပါလား ဆိုပြီးမခံစားရစေတော့ပါ။ ဘုရားသခင်ကိုသိကျွမ်းခြင်းဖြင့် ကျွန်တော်တို့ကို နှိမ့်ချခြင်းနဲ့ ရည်ရွယ်ချက်ရှိတဲ့လူတွေဖြစ်စေပါတယ်။ ဘုရားသခင်ကိုသိကျွမ်းခြင်းအားဖြင့် ဘဝကိုအဓိပ္ပါယ်ရှိစေပါတယ်။
ဤအစီအစဉ်အကြောင်း
![Beginning A Relationship With Jesus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1594%2F1280x720.jpg&w=3840&q=75)
သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မှထုတ်နှုတ်ထားပါသည်။
More