သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ
![Beginning A Relationship With Jesus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1594%2F1280x720.jpg&w=3840&q=75)
"ကိုယ်ပိုင်လက္ခဏာအသစ်"
ဘုရားသခင်၏သားသမီးဖြစ်ရသော အခွင့်သည် ယေရှုအားဖြင့်သာ ဖြစ်နိုင်ပါသည်။ အံ့ဩဘွယ်သောသတင်းမှာ ယခုတွင် ဘုရားသခင်သည် ယေရှုအား ခေါ်သည့်အတိုင်းယေရှုကြောင့်သာ ကျွန်ုပ်တို့ကိုလည်း ခေါ်တော်မူကြောင်းပင်တည်း။ ထိုအရာအတွက် အသင့်ဖြစ်ပြီလား။ "သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏’’ ဟူသည့်စကားပင် ဖြစ်၏။ (မာကု ၁:၁၁။ (မြန်မာ့စံမီ)
ယေရှုကြောင့်သာ ဘုရားသခင်သည် ယေရှုအား ခေါ်တော်မူသည့်အတိုင်း သင့်ကိုလည်း ခေါ်တော်မူသည်။ ဤအဆိုပြုချက်၌ ကျွန်ုပ်တို့ ခံစားရသမျှ - ပိုင်ဆိုင်ရန် နက်နက်နဲနဲ လိုချင်တောင့်တလျက်ရှိသော ချစ်ခြင်းနှင့် လက်ခံအတည်ပြုခြင်း တည်းဟူသော ကိုယ်ပိုင်လက္ခဏာအဖို့ အံ့ဩဘွယ် ထောက်ခံအတည်ပြုခြင်း တစ်ခုကို ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးတော်မူပြီဖြစ်သည်။ ဤဂတိတော်ဖော်ပြချက်ထဲမှာ ထူးခြားသောအချက် သုံးချက်ကို မှတ်သားပါ။
၁။ သင်သည် ငါ၏သား ဖြစ်သည်
ဘုရားသခင်သည် ‘‘သင်သည် ငါ၏သားဖြစ်သည်’’ ဟုပြောသောအခါ ကိုယ်တော်သည် မိမိကိုယ်မိမိ ကျွန်ုပ်တို့နှင့်ရှိကြောင်း ဖော်ပြတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ဆက်သွယ်လိုကြောင်း ၊ ကျွန်ုပ်တို့သည် အတူတကွ ရှိကြကြောင်း မိန့်တော်မူခြင်း ဖြစ်သည်။
ကိုယ်ပိုင်လက္ခဏာအသစ်၏ နံပါတ်တစ် အချက်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းငှာ ဘုရားသခင်နှစ်သက်တော်မူသော လူတို့ဖြစ်သည် ဟူသည့်အချက်ပင် ဖြစ်သည်။ ဘုရားသခင်က ‘‘ဟုတ်ပါတယ်။ သူဟာ ငါ့သမီးပါ။ သူဟာ ငါ့သားပါ’’ ဟုပြော ပါသည်။ ကျွန်ုပ်တို့သည် သူ၏သားသမီးများ တစ်ကြိမ်ဖြစ်သွားပြီဆိုပါက မည်သည့်အခါမျှ ကျွန်ုပ်တို့ထံမှ ခွဲခွာခြင်း မပြုပေ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ အကျင့်ဆိုးများရှိသော်လည်း အမှုမထားဘဲ သူသည် အလွန်ပင် အကြင်နာထားတော်မူသည် ဆိုသည်မှာ အလွန်ဂုဏ်ယူဖွယ်ရာကောင်းပါသည်။
၂။ ငါချစ်သောသူ...
တစ်ခါတစ်ရံ မိသားစု ဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦးသည် အမြဲတစေ နှစ်သက် နေကြမည်၊ အချင်းချင်း အမြဲ ချစ်နေကြမည်မဟုတ်ပေ။ အကယ်၍ သင် မနှစ်သက်သော မိသားစုဝင် တစ်ဦး ရှိသည်ဆိုပါက သင်သည် ဟုတ်ကဲ့။ သူဟာ ကျွန်ုပ်ရဲ့ ညီအစ်ကို ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်ုပ် မနှစ်သက်ပါဘူး ဟူ၍ ခံစားနိုင်မည်။
သို့သော် ဘုရားသခင်သည် ထိုသို့မဟုတ်ပေ။ ဘုရားသခင်သည် ‘‘ဟုတ်ကဲ့။ သူဟာ ငါ့သားပါ။’’ ဟုပြောရုံသာမကဘဲ ‘‘ငါ၏ချစ်သားဖြစ်သည်။ သူ့ကို ငါနှစ်သက်သည်။ ငါ၏ စိတ်နှလုံးသည်သူ၌ရှိ၍ သူ့အတွက်ဖြစ်သည်’’ ဟုပြောပါသည်။
၃။ သင့်ကို ငါနှစ်သက်မြတ်နိုးသည်
‘‘ငါသည် သင့်ကို နှစ်သက်မြတ်နိုးသည်’’ ဟူသောစကားကို ထပ်ဖြည့်ခြင်းအားဖြင့် ဂတိတော်ဖော်ပြချက်ကို ဘုရားသခင်သည် ထိပ်ဆုံးသို့ မြှင့်တက်စေသည်။ ကောင်းကင်ကြယ်တို့ကို နေရာချတော်မူသော ဘုရားသခင်သည် သင့်ကို နှစ်သက်မြတ်နိုးတော်မူသည် ဟု ဖွင့်ပြောပါသည်။ အခြားသောပုဂ္ဂိုလ်များ ပြောလေ့ရှိကြသည့် - ဒါပေမယ့် သင့်ကို ဟူသောစကားမျိုး မဟုတ်ပေ။
ကျွန်ုပ်တို့အတွက် ဘုရားသခင် စိတ်နှလုံးတော်၏နက်ရှိုင်းမှုကို နားလည်ခြင်းအရာမှာ ကြီးထွားလာကြသည်နှင့်အမျှ ထိုလက်ခံအတည်ပြုခြင်းတို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ကိုယ်ပိုင်လက္ခဏာအတွက် လိုအပ်လျက်ရှိသော နေရာများမှာ ဖြည်းဖြည်းချင်း စတင်ပြည့်လာစေပါသည်။ လက်ခံအတည်ပြုခြင်းခံရရန် ကျွန်ုပ်တို့ ရှာဖွေသမျှအရာများ၊ အရေးကြီးသည်မှတ်ယူသောအရာများ၊ အရေးကြီးသည်ဟု ခံစားသောအရာများ၊ မြတ်နိုးတန်ဖိုးထားသောအရာများ၊ မြင့်မားစွာ ကြံစည်သောအရာများ အားလုံးတို့တွင် ယခုမှာ အဖြေရရှိပြီဖြစ်သည်။ လူတို့ထံမှ ရရှိခြင်းမဟုတ်၊ ကျွန်ုပ်တို့ စိတ်နှလုံးကို အရာဝတ္ထုအားဖြင့် ဖြည့်ဆည်းခြင်းမဟုတ်၊ ရာထူး၊ ဂုဏ်အရှိအဝါအားဖြင့် မဟုတ်ပေ။ ဘုရားသခင်အားဖြင့် သာ ဖြစ်သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![Beginning A Relationship With Jesus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1594%2F1280x720.jpg&w=3840&q=75)
သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မှထုတ်နှုတ်ထားပါသည်။
More