သခင်ယေရှုနှင့် စတင်မိတ်သဟာယဖွဲ့ခြင်းနမူနာ
![Beginning A Relationship With Jesus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1594%2F1280x720.jpg&w=3840&q=75)
စစ်မှန်သော ယာဉ်မှူး
ယေရှုကို တစ်နည်းအားဖြင့် ကယ်ဆယ်မည့်တပ်ဖွဲ့တစ်ခုထဲမှ ကယ်ဆယ်သူတစ်ဦး အဖြစ်ဖော်ပြနိုင်ပါသည်။ ယေရှုက "ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏၊ အသက်လည်းဖြစ်၏" ဟုမိန့်တော်မူရာတွင် သူက "ငါသည် တစ်လမ်းနှင့် တစ် သမ္မာတရားနှင့် တစ်အသက် ဖြစ်သည်"
ဟု မဆိုပါ။သူ့ကို မေးမည့်မေးခွန်းသည် ကျွန်ုပ်တို့ စီးသည့် လေယာဉ် သို့မဟုတ် သင်္ဘော၏ ယာဉ်မှူးအား ကျွန်ုပ်တို့သိလိုသောကြောင်း မေးသည့်မေးခွန်းနှင့် တူညီပါသည်။ "သင်သည် အမှန်ပင် ယာဉ်မှူး (ဘုရားသခင်၏သားတော်) ဖြစ်ပါသလား"
အသက်တာ တိုးတက်လာသည်အတိုင်း ကျွန်ုပ်တို့ များစွာတို့သည် တဖြည်းဖြည်းချင်းဤမေးခွန်းအပေါ်မှာ စိတ်ဝင်စားမှု လျှော့နည်းလာကြသည်။ ကျွန်ုပ်တို့ အများပိုင်းသည် လေယာဉ်ပေါ်တွင် ခြေဆန့်ရန်လုံလောက်သော ထိုင်ခုံတစ်ခုရရှိရန် ကြိုးစားရုံမျှနှင့် စိတ် သက်သာမှုကို ခံစားလာကြသည်။ ကျွန်ုပ်တို့အများပိုင်းသည် နှစ်မြုပ်နေသော သင်္ဘော တစ်စီးပေါ်မှာ တက်စီးရသည်ဖြစ်၍ လုံလောက်သော စိတ်အားပြင်းပြမှုဖြင့် ကျွန်ုပ်တို့၏ သေဆုံးခြင်းကို မရင်ဆိုင်နိုင်ပါ။ သို့သော်လည်း ယာဉ်မှူးအပေါ်မှာ ယုံကြည်စိတ်ချမှု ထားရှိခြင်းသည် ဖြစ်ရပ်နှစ်ခုစလုံးအတွက် အဓိကမေးခွန်း ဖြစ်ပါတော့သည်။
သင်္ဘောပေါ်မှာ ယာဉ်မှူးကို သင်ယုံကြည်မှု (သို့မဟုတ် မယုံကြည်မှု) က အားလုံးကို ပြောင်းလဲစေမည်ဖြစ်သည်။ ထိုနည်းတူ ယေရှုလည်း ဖြစ်ပါသည်။ အကယ်၍ ကယ်ဆယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်ဆိုလျှင် "ငါသည် ငါနှစ်သက်သည့် ဘယ်လမ်းကြောင်းနဲ့မဆို သွားနိုင်သည်" ဟု ကျွန်ုပ်တို့ ပြောရန်အကြောင်း နည်းပါလိမ့်မည်။ မှန်ပါသည်။ သင် နှစ်သက်လျှင် ထိုသို့ လုပ်နိုင်ပါသည်။ သို့သော် သူသည် လူသား၏တည်ရှိမှု ခြားနားခြင်းအလုံးစုံတို့ကို သိရှိသော စစ်မှန်သည့် ဗိုလ်မှူးဖြစ်သည် ဆိုပါက သူသည် အမှန်တကယ်ပင် လမ်းခရီးကို သိပါသည်။
သို့မဟုတ် သင်သည် ယေရှုအကြောင်း ကျမ်းစာကပြောသည့်အရာကို စတင်ရှာဖွေ ကောင်း ရှာဖွေပါလိမ့်မည်။ သင့်ကိုယ်သင် "လမ်းခရီးကို သူသိတယ်လို့ သင် ယုံကြည်ပါသလား" ဟူ၍ စတင် မေးမြန်းပါ။
အကယ်၍ သင်သည် ဤအစီအစဉ်ကို ဖတ်ရှုနေပါက ဤမေးခွန်းကို ဟုတ်ကဲ့ဟူ၍ ဖြေဆိုရသည့် အနေအထားသို့ ရောက်ရှိကောင်း ရောက်ရှိပါလိမ့်မည် သို့မဟုတ် မရောက်ရှိ လျှင်လည်း မရောက်ရှိသေးပါ။ သို့သော်လည်း သင်သည် "ဟုတ်ကဲ့၊ ကျွန်ုပ်ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်ဆီမှာ မေးစရာတွေ ရှိသေးတယ်" ဟူ၍ ပြောဆိုရပါလိမ့်မည်။ အကယ်၍ သင်သည် ထိုသို့လက်ခံမည်ဆိုလျှင် ကျွန်ုပ်တို့သည် သင်နှင့်အတူ၊ သင့်အတွက် အသင့်ရှိပါသည်။ မေးခွန်းများကို ဆက်လက်မေးနိုင်ပါသည်။ ကောင်းသောမေးခွန်းများ အားဖြင့် ကျွန်ုပ်တို့ ကြီးထွားမည့်အကြောင်း ဖြစ်သည်။ သံသယများနှင့် မသေချာမှုများသည် ထူးဆန်းသောအရာများ မဟုတ်ပါ။
သို့သော် သင်သည် လမ်းခရီးကို ယေရှုသိရှိကြောင်း သဘောတူလက်ခံသည်ဆိုပါစို့။ ထိုသို့ မှန်ကန်သည်ဆိုပါက သင်၌ရှိသော ပထမမေးခွန်းသည် "ထိုလမ်းခရီးကို ဆက်လက် လျှောက်လှမ်းရန် ကျွန်ုပ် ဘာလုပ်ဖို့ လိုအပ်သနည်း"ဟူသောမေးခွန်း ဖြစ် လိမ့်မည်။
ဤနေရာမှာ ယေရှုက ကျွန်ုပ်တို့ကို အံ့အားသင့်စေပါသည်။ "ဒါ နောက်ကို လိုက်ကြပါ" ဟု သူသည် မမိန့်ဆိုဘဲ "ငါနောက်သို့ လိုက်လော့" ဟု မိန့်ဆိုပါသည်။ ပင်လယ်ခရီး ထွက်သည့် သင်္ဘော၏ယာဉ်မှူးသည် မြေပုံကို ကျွန်ုပ်တို့အား ညွှန်ပြခဲ့ပါ။ ကျွန်ုပ်ုတိ့အား မိမိကိုယ်တိုင်ကို ညွှန်ပြခဲ့သည်။ ယေရှုသည်လည်း မိမိကိုယ်တိုင်ကို ညွှန်ပြတော်မူ၍ ကျွန်ုပ်တို့အားလည်း သူ့ထံမှာ အပ်နှံရန် ဖိတ်ခေါ်တော်မူသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![Beginning A Relationship With Jesus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1594%2F1280x720.jpg&w=3840&q=75)
သင်ဟာ သခင်ယေရှုကိုယုံကြည်ခါစလူဖြစ်ပါသလား။ သင့်အနေနဲ့ ခရစ်ယာန်ယုံကြည်မှုနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပေမယ့် ဘာကို ဘယ်လို စမေးရမှန်းမသိဘူးဖြစ်နေရင် ဤနေရာတွင်စတင်လိုက်ပါ။ David Dwight နဲ့ Nicole Unice ရဲ့ "Start Here" စာအုပ်မှထုတ်နှုတ်ထားပါသည်။
More