YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူပါနမူနာ

Recovering Your Joy

5 ၏ နေ့ 5

မိမိကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကို ဝေငှလိုက်ပါ

(ဧ၊ ၂း၁၀) ကို ဖတ်ရှုပါ။

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူလျှင်၊ ဤသို့ပြုပါ...

၁။ မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးပြီးဟု ဝန်ခံပါ။
၂။ ၎င်းဆုံးရှုံးမှု၏ အကြောင်းအရာကို ဆေးစစ်ပါ။
၃။ ၎င်းအမှားကို ပြန်လည်ပြုပြင်ပါ။
၄။ ကျေးဇူးတင်သော စိတ်သဘောကို ရယူပါ။

ယနေ့ ကျွန်တော်တို့ဖော်ပြထားမည့် ဝမ်းမြောက်ခြင်းကို ပြန်လည်ရယူရန် နောက်ထပ် အဆင့် (၃) ဆင့် ရှိပါသည်။

စတုတ္ထအချက်ကား၊ နေ့ရက်စဉ်တိုင်းမှာ ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ရမည် ဖြစ်သည်။

ဘုရားသခင်သည် မိတ်ဆွေကို မိတ်သဟာယဖွဲ့စေရန် အလွန်စိတ်အားကြီးသည်ဟု ယုံခက်နိုင်သည်။ အရှင်ဘုရားသည် အလုပ်များနေသည့် မဟုတ်ပါလား။ သို့သော်၊ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်သည် ကျွန်တော်တို့အား သူ့ထံတော်သို့ လာရန် မကြာခဏ ဖိတ်ခေါ်တော်မူသည်။ ကျွန်တော်တို့သည် ကိုယ်တော်၏ အသံတော်ကို ကြားရလျက် မိမိ၏ ရည်ရွယ်ချက်ကို ပိုမိုသိရှိလာသောကြောင့် နေ့စဉ်တိတ်ဆိတ်သောအချိန်၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် အလွန်ပျော်ရွှင်သော အမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်နှင့် အချိန်ပိုမိုပေးလျှင်၊ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်နဲလာလိမ့်မည် ဖြစ်သည်။

ပဥ္စမအချက်ကား၊ စိတ်နှလုံးပါလျက် ကောင်းသောအကျင့်ကို ကျင့်ပါ။ (ဧ၊ ၂း၁၀) တွင်၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီဟု ဖော်ပြထားသည်။

ကျွန်တော်သည် ကမ္ဘာအနှံ့ ခရီးထွက်ပြီး ယေရှုခရစ်ကို ယုံကြည်သည့်အတွက် နှိပ်စက်ညှဉ်းပန်းခံရလျက် ပိတ်ထားသော နိုင်ငံတော်တော်များများမှာ ရောက်ဖူးသည်။ ထူးဆန်းသောအရာမှာ၊ ၎င်းနှိပ်စက်ညှဉ်းပန်းခံသော ယုံကြည်သူများသည် ဤလောကရှိ ပျော်ရွှင်ဆုံးသောသူများ ဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော်၊ သူတို့၏ ယုံကြည်ခြင်းသည် သူတို့အဖို့ အလွန်တန်ဖိုးကြီးလှသော ရတနာတစ်ပါး ဖြစ်သည်။ သူတို့သည် ပေါ့ပါးသော မိရိုးဖလားခရစ်ယာန်များ မဖြစ်ပေ။ သူတို့သည် ဘုရားသခင်၏ ဘုန်းအနုဘော်တော်နှင့် ခရစ်တော်၌ ရရှိသော လွတ်မြောက်ချမ်းသာကို အလွန်အမင်း အလေးထားကြပါသည်။

ဘုရားသခင်အဖို့ ကောင်းသောအကျင့်ကို ကျင့်လိုက်ပါ။ မိမိအတ္တကို စွန့်၍ ဘုရားသခင်၏ ဘုန်းတော်အတွက်ကို အသက်ရှင်သောအခါ မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရရှိခံစားရလိမ့်မည်။

အနောက်ဆုံးတစ်ချက်ကား၊ မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရစေဖို့ သူတစ်ပါးထံ ဧဝံဂေလိတရားကို ဝေငှရန် လိုသည်။

သူတစ်ပါ၏ ဝိညာဉ်ရေးအခြေနေအကြောင်းကို စိတ်ပူသောအခါ မိမိဝမ်းမြောက်ခြင်းလည်း အလျင်အမြန် ပြန်သက်ရောက်လိမ့်မည် ဖြစ်သည်။ လူတစ်စုံတစ်ဦးသည် ကယ်တင်ခြင်းထံသို့ ရောက်သောအခါ၊ ကောင်းကင်းသားတို့သည် ဝမ်းမြောက်ခြင်း ရှိကြသည်ဟု သမ္မာကျမ်ဖော်ပြထားသည်။ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏ (လု၊ ၁၅း၇)။ မိတ်ဆွေသည် ကယ်တင်ခြင်းရသောနေ့မှာ ကောင်းကင်ဘုံ၌ အလွန်ပျော်ရွှင်စွာ ကျေးဇူးတော်ချီးမွမ်းပွဲကို ကျင်းပကြခဲ့သည်။ သူတစ်ပါးထံ ဧဝံဂေလိတရားကို ဝေငှသောအခါ မိမိဝမ်းမြောက်ခြင်းကို ပိုမိုတိုးပွားစေလိမ့်မည်။

ယနေ့၊ ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။ အဖ၊ ကျွန်တော်သည် အရာရာ၌ အမုန်းတရားအစား မေတ္တာတရား၊ ဝမ်းနည်းခြင်းအစား ဝမ်းမြောက်ခြင်းနှင့် လျစ်လျူရှုပြုခြင်းအစား ကရုဏာတရားတို့ကို ပြန်လည်တုံ့ပြန်နိုင်မည်အကြောင်း ကူညီမစတော်မူပါ။ ကျွန်တော်သည် အစဉ်မပြတ် ဘုရားသခင်၌ ဝမ်းမြောက်နိုင်သောကြောင့် ကျွန်တော်အထဲရှိ မျှော်လင့်ခြင်းကို ထင်ရှားစွာ ပြသနိုင်မည်အကြောင်း ကောင်းကြီးပေးတော်မူပါ။ ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်နိုင်မည်အကြောင်း ခွန်အားပေးလျက် မစတော်မူပါ။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှာ ကျွန်တော်အသက်တာရှိ ကောင်းကြီးမင်္ဂလာတို့ကို အောက်မေ့သတိစေရန် မစစီရင်တာ်မူပါ။ သူတစ်ပါထံ ဧဝံဂေလိတရားကို ဟောပြောနိုင်မည့်အကြောင့် ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ခရစ်တော်၌ ဝမ်းမြောက်ခြင်းနှင့် မျှော်လင့်ခြင်း ရှိသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။

ကျမ်းစာများ

နေ့ 4

ဤအစီအစဉ်အကြောင်း

Recovering Your Joy

မိမိအသက်တာတွင် ပျော်ရွှင်ခြင်းကို လိုနေပါလျှင် မိမိ၏ အချိန်ဇယားထဲရှိ ဟန်ချက်ညီမှုကို ရှာဖွေရမည် ဖြစ်ပါသည်။ သင်းအုပ်ဆရာကြီး ရစ်(ခ်)ဝါရန် (Rick Warren) သည် မိမိပျော်ရွှင်ခြင်းကို မဆုံးရှုံးရုံသာမက ပြန်လည်ရရှိရန် မိမိခံယူမှုနှင့် မျှဝေမှုတို့ကို ဟန်ချက်ညီအောင် မည်သို့လုပ်ဆောင်ရမည်အကြောင်း မျှဝေထားပါသည်။

More

ဤအစီစဉ်သည် © (၂၀၁၄) ဆရာရစ်(ခ်ျ)ဝါရန် (Rick Warren)။ မူပိုင်ခွင့်ကို လက်ဝယ်ထားသည်။ ခွင့်ပြုချက်ဖြင့် သုံးသည်။