YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူပါနမူနာ

Recovering Your Joy

5 ၏ နေ့ 1

ပျော်ရွှင်စွာ နေလိုက်ပါ

(သတိ၊ ၆း၁၇) ကို ဖတ်ရှုပါ။

ယခုအချိန်ိမှာ၊ မိတ်ဆွေသည် ငွေရေးကြေးရေးအခက်အခဲအားဖြင့် စတ်ဖိစီးမှုကို ရှိကောင်းရှိနိုင်ပါသည်။ သို့သော်၊ ဘုရားသခင်သည် မိတ်ဆွေကို ပျော်ရွှင်စေချင်သည်။

ခရစ်ယာန်အနေနှင့် မိမိဩတ္တပ္ပစိတ်သည် သန့်သောကြောင့် ပျော်ရွှင်စွာ နေနိုင်သည်။ မိတ်ဆွေသည် ဘုရားသခင်၏ မဟာမေတ္တာတော်၌ လုံလုံခြုံခြုံ တည်နေသောကြောင့် ဝမ်းမြောက်စွာ နေနိုင်သည်။ မိမိအသင်းတော်၌ ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်သည်။ မိမိဓမ္မမိတ်ဆွေများသည် ပရိယာယ်ပြုလိုသောသဘော မရှိဘဲ အရှင်ယေရှုဘုရားကဲ့သို့ ပိုမိုဖြစ်စေခြင်းငှာ ကြိုးစားအားထုပ်လျက် မိတ်ဆွေ၏ အကျိုးကို ရှာသောကြောင့် စိတ်ချစွာ မိတ်ဖွဲ့နိုင်သည်။

သို့ရာတွင်၊ ဘုရားသခင်သည် မိမိပျော်ရွှင်ခြင်းကို အလကားရုပ်သိမ်းလိမ့်မည်ဟု လူတချို့ မှားယွင်းစွာ ယူဆနေသောကြောင့် ကိုယ်တော်ကို စွန့်ပစ်နေကြသည်။ ထိုသူတို့သည် ခရစ်ယာန်အသက်တာအား အလွန်ပျင်းဖို့ကောင်းပြီး ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ပျော်ရွှင်ခြင်းကင်းသောအရာဖြစ်သည်ဟု မောဟစိတ်ဖြင့် တွေးနေကြသည်။

လောကီသားများသည် လောကီပျော်ရွှင်ခြင်းကို ရှာဖွေပေမဲ့ ၎င်းလောကီပျော်ရွှင်ခြင်းသည် ခေတ္တခဏ တည်စေသည်။ ထိုသူတို့သည် မမြဲသော လောကီပျော်ရွှင်ခြင်းကို ရစေခြင်းငှာ မိမိအချိန်၊ မိမိပိုက်ဆံနှင့် မိမိအစွမ်းသတ္တိတို့ကို ဖြုန်းတီးလျက် ကျွန်တော်တို့က ပျော်ရွှင်နေပြီလားဟု မကြာခဏ မေးတတ်ကြသည်။

သမ္မာတရားကား၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည် (၁တိ၊ ၆း၁၆ခ)။

ဘုရားသခင်သည် မိတ်ဆွေကို ပျော်ရွှင်စေချင်သည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Recovering Your Joy

မိမိအသက်တာတွင် ပျော်ရွှင်ခြင်းကို လိုနေပါလျှင် မိမိ၏ အချိန်ဇယားထဲရှိ ဟန်ချက်ညီမှုကို ရှာဖွေရမည် ဖြစ်ပါသည်။ သင်းအုပ်ဆရာကြီး ရစ်(ခ်)ဝါရန် (Rick Warren) သည် မိမိပျော်ရွှင်ခြင်းကို မဆုံးရှုံးရုံသာမက ပြန်လည်ရရှိရန် မိမိခံယူမှုနှင့် မျှဝေမှုတို့ကို ဟန်ချက်ညီအောင် မည်သို့လုပ်ဆောင်ရမည်အကြောင်း မျှဝေထားပါသည်။

More

ဤအစီစဉ်သည် © (၂၀၁၄) ဆရာရစ်(ခ်ျ)ဝါရန် (Rick Warren)။ မူပိုင်ခွင့်ကို လက်ဝယ်ထားသည်။ ခွင့်ပြုချက်ဖြင့် သုံးသည်။