YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူပါနမူနာ

Recovering Your Joy

5 ၏ နေ့ 3

မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူပါ

(ရော၊ ၁၄း၁၇) ကို ဖတ်ရှုပါ။

ဆုံးရှုံးဖို့ အလွယ်ဆုံးအရာက ဘာလဲ။ မိမိမျက်မှန်လား။ မိမိသော့များလား။ မိမိစိတ်လား။

အကယ်၍၊ ဆုံးရှုံးဖို့ အလွယ်ဆုံးအရာက မိမိဝမ်းမြောက်ခြင်းပင် ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုတစ်ခု (သို့) အီးမေးလ်/စာတစ်စောင် (သို့) စကားစမြည်ပြောဆိုခြင်းဖြင့် မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးနိုင်သည်။ မကောင်းသော ဗီဒီယိုတစ်ခုအားဖြင့် မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးနိုင်သည်။ ဤသင်္ခါရလောကမှာ၊ မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးဖို့ အလွန်လွယ်လှသည်။ မကောင်းသော အခြေနေများနှင့် မကောင်းသော သူများဖြင့် မိမိဝမ်းမြောက်ခြင်းကို ခိုးယူစေချင်ပါသည်။

ဘုရားသခင်၏ သားသမီးများသည် ဝမ်းမြောက်ခြင်းကင်းလျှင် ဘုရားသခင်၏ ဘုန်းတော်ကို မထင်ရှားနိုင်ပေ။ စိတ်တိုသော ယုံကြည်သူများသည် ကောင်းသောသက်သေများ မဖြစ်ကြချေ။ ထိုသူတို့သည် ဘယ်တော့မှမ မပြုံးနိုင်ကြဘူး။ ၎င်းစိတ်ဓာတ်သည် ဘုရားသခင်၏ ဘုန်းတော်ကို မထင်ရှားနိုင်ဘူး။

ဘာကြောင့်လဲဆိုသော်၊ ဘုရားသခင်သည် မိတ်ဆွေ၏ ဝမ်းမြောက်ခြင်းဖြင့် သူ၏ ဘုန်းနေတာ်ကို ထင်ရှားစေဖို့ အလိုရှိသည်။

သမ္မာကျမ်းစာတွင်၊ ဝေါဟာရ (၃) လုံးဖြင့် ခရစ်ယာန်အသက်တာကို ဖော်ပြစေသည်။

သမ္မာကျမ်းစာက ခရစ်ယာန်အသက်တာကို ဝေါဟာရ (၃) လုံးဖြင့် အကျဉ်းချုံးနိုင်သည် - ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်သောဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏ (ရော၊ ၁၄း၁၇)။

သို့ရာတွင်၊ မိမိဝမ်းမြောက်ခြင်းကို ပျောက်စေသောနည်းလမ်း ထောင်ချီရှိသောကြောင့် မိမိဝမ်းမြောက်ခြင်းကို အလျင်အမြန် ဆုံးရှုံးနိုင်သည်။ ဤသင်္ခါရလောက၌ မိမိဝမ်းမြောက်ခြင်းကို သတ်နိုင်သောအရာ အများကြီးရှိသောကြောင့် ဘုရားသခင်၏ ပရောဖက်ကြီး ယေရမိတောင် ဤသို့ ပြောဆိုနိုင်ခဲ့သည် - အကျွန်ပ်တို့သည် နှလုံးရွှင်လန်းခြင်း ပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်း ရှိပါ၏။ (မြည်၊ ၅း၁၅)။

ကျွန်တော်သည် မိတ်ဆွေ၏ ဘဝအခြေနေကို ဂဃနဏ မသိပါဘူး။ သို့သော်၊ မိတ်ဆွေသည် ဘုရားသခင်နှင့် ဝေးလှပြီး မိမိဘဝလည်း အဓိပ္ပာယ်မရှိဘူးဟု ခံစားနေပါက၊ မိမိ၏ ပျော်ရွှင်ခြင်းကို ပြန်လည်ရရှိရန် လွယ်ကူပါသည်ဟု သိကျွမ်းစေချင်သည်။

ထို့ကြောင့်၊ မိမိဝမ်းမြောက်ခြင်းကို ဘယ်လိုပြန်လည်ရယူနိုင်မလဲ။

ပထမအဆင့်က မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးနေပြီဟု မိမိနှုတ်ဖြင့် ဝန်ခံရမည်ဖြစ်သည်။

မိမိအတိတ်အကြောင်းကို ဆင်ခြင်စဉ်းစားပြီး သင့်ကိုယ်သင် ဤသို့မေးမြန်းလိုက်ပါ။ ယခုအချိန်ထက် ဘုရားသခင်နှင့် ပိုမိုနီးသည့်အချိန် ရှိခဲ့ပါသလား။ ယခုအချိန်ထက် ဘုရားသခင်၌ ပိုမိုဝမ်းမြောက်သည့်အချိန် ရှိခဲ့ပါသလား။

ယခု၊ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ သို့သော်၊ မိမိဝမ်းမြောက်ခြင်းကို ဆုံးရှုံးနေပြီဟု ရှေ့ဦးစွာ ဝန်ခံရမည်ဖြစ်သည်။ ကိုယ်တော်ဘုရားထံ ဆုတောင်းပါ။ ဘုရားသည် မိတ်ဆွေကို ကူညီမစချင်သည်။ (ဆာ၊ ၅၁း၁၂) တွင်၊ ဒါဝ်ိဒ်သည် ဤသို့ဆုတောင်းပတ္ထနာ ပြုခဲ့သည် - ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။
နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Recovering Your Joy

မိမိအသက်တာတွင် ပျော်ရွှင်ခြင်းကို လိုနေပါလျှင် မိမိ၏ အချိန်ဇယားထဲရှိ ဟန်ချက်ညီမှုကို ရှာဖွေရမည် ဖြစ်ပါသည်။ သင်းအုပ်ဆရာကြီး ရစ်(ခ်)ဝါရန် (Rick Warren) သည် မိမိပျော်ရွှင်ခြင်းကို မဆုံးရှုံးရုံသာမက ပြန်လည်ရရှိရန် မိမိခံယူမှုနှင့် မျှဝေမှုတို့ကို ဟန်ချက်ညီအောင် မည်သို့လုပ်ဆောင်ရမည်အကြောင်း မျှဝေထားပါသည်။

More

ဤအစီစဉ်သည် © (၂၀၁၄) ဆရာရစ်(ခ်ျ)ဝါရန် (Rick Warren)။ မူပိုင်ခွင့်ကို လက်ဝယ်ထားသည်။ ခွင့်ပြုချက်ဖြင့် သုံးသည်။