မိမိဝမ်းမြောက်ခြင်းကို ပြန်လည်ရယူပါနမူနာ

အရာရာ၌ ဝမ်းမြောက်ခြင်း
(ဖိ၊ ၄း၆) ကို ဖတ်ရှုပါ။
လူသားအားလုံးသည် ပျော်ရွှင်ခြင်းကို လိုအပ်ကြသည်။ ပျော်ရွှင်ခြင်းကင်းသော အသက်တာသည် စိတ်ပျက်ဖွယ်ရာ၊ ဝမ်းနည်းစရာ၊ အနိဋ္ဌာရုံဖြစ်ဖွယ် အသက်တာ ဖြစ်သည်။ မိတ်ဆွေသည် ပိုမိုပျော်ရွှင်လျှင် ပိုမိုကြိုးစားအားထုတ်လိမ့်မည်။ ကော်ပိုရေးရှင်းများသည် မိမိဝန်ထမ်းများ ပိုမိုကြိုးစားစေခြင်းငှာ သူတို့၏ ဝမ်းမြောက်ကို တိုးပွားစေသော ဆရာသမားများကို ငှားရမ်းအလေ့ ရှိကြသည်။ အကယ်၍၊ မိမိအသက်တာတွင် ဝမ်းမြောက်ခြင်းရှိသောအခါ၊ မိမိအထဲရှိ ခွန်အား၊ တီထွင်ဖန်တီးစွမ်းနိုင်သောစိတ်နှင့် ထုတ်လုပ်မှုစွမ်းရည်များ ပိုမိုရရှိလာစေသည်။
အခန်းကြီး (၄) ခန်းသာရှည်သော ဖိလိပ္ပိဩဝါဒစာတွင် တမန်တော်ကြီး ရှင်ပေါလုသည် ဝမ်းမြောက်ခြင်းဟူသော ဝေါဟာရကို (၁၆) ကြိမ် အသုံးပြုခဲ့သည်။ အံ့သြစရာကောင်းသောအရာမှာ၊ ရှင်ပေါလုသည် အလွန်သာယာလှသော ဘာလီကျွန်း၌ အားလပ်ရက်အပန်းဖြေခရီးထွက်ချိန်တွင် ဤဩဝါဒစာကို မရေးခဲ့ပါဘူး။ သူသည် ရောမမြို့တွင် အကျဉ်းကျနေပြီး ကွပ်မျက်ရန် စောင့်ဆိုင်းခဲ့တဲ့အချိန်တွင် ရေးခဲ့သည်။ ရှင်ပေါလု၏ အမှောင်ဆုံးအချိန်တွင် အပျော်ရွှင်ဆုံးသော ဩဝါဒစာကို စားရေခဲ့သည်တကား။
ဖိလိပ္ပိဩဝါဒစာတွင်၊ မိမိစိတ်ဓာတ်ကျခြင်းနှင့် စိတ်ပျက်ခြင်းတို့ကို ပယ်ရှားစေမည့် သမ္မာတရား (၆) ချက်ကို ရှင်ပေါလုဖော်ပြထားစေသည်။ ယနေ့၊ (၃) ချက်ကို စေ့စေ့ကြည့်ရှုလိမ့်မည်။
၁။ မိမိအတိတ်အကြောင့် နောင်တရဖွယ်ရာအားလုံးကို ဖယ်ရှားလိုက်ပါ။
ပျော်ရွှင်ခြင်းကို ရရှိခံစားစေခြင်းငှာ မိမိစိတ်လေးစေသောအရာများတို့ကို ပယ်ရှားရမည် ဖြစ်သည်။ ဘုရားသခင်သည် မိမိကျုးလွန်ခဲ့သော ဒုစရိုက်အမှုတို့ကို မအောက်မေ့သလို မိတ်ဆွေလည်း မအောက်မေ့စေခြင်းငှာ ကြိုးစားရမည်။ ၎င်းအရာသည် သမ္မာကျမ်းစာရှိ သမ္မာတရား ဖြစ်သည်။ ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ကျွန်တော်တို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ (ဖိ၊ ၃း၁၃) တွင်၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍ဟု ဖော်ပြထားသည်။
၂။ မိတ်ဆွေတို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြပါ။
မိမိလက်ရှိဘဝတွင် ပျော်ရွှင်စွာ နေစေဖို့၊ မိမိစိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြပါစို့။ စိုးရိမ်ခြင်းသည် မိမိဝမ်းမြောက်ခြင်းကို သေချာစွာ သတ်လိမ့်မည်။ မိမိစိုးရိမ်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မပေါင်းနိုင်ရာ။ (ဖိ၊ ၄း၆) တွင်၊ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့ဟု ရှင်ပေါလုအား တိုက်တွန်းနိုးဆော်ခဲ့သည်။ မိတ်ဆွေ၊ စိုးရိမ်ခြင်းကို ဦးစားပေးမလား (သို့) ဆုတောင်းပတ္ထနာပြုခြင်းကို ဦးစားပေးမလား။
မိမိသွားရမည့်လမ်းကို မသိကျွမ်းဘဲ ရည်ရွယ်ချက်မရှိဘဲလျက် အသက်ရှင်လျှင် မိမိဝမ်းမြောက်ခြင်းကို မတိုးပွားနိုင်ပေ။ ကျွန်တော်တို့၏ အသက်တာများတွင် မိမိအကျိုးကို မရှာဘဲ ဘုရားသခင်၏ အကျိုးကို ရှာဖွေရမည်။ ၎င်းအမှုသည် မိမိဝမ်းမြောက်ခြင်းကို တိုးပွားစေလိမ့်မည်။ မိမိအကျိုးကိုသာ ရှာဖွေလျှင် မိမိဝမ်းမြောက်ခြင်းကို လုံးဝ မတိုးပွားနိုင်ပေ။
ရှင်ပေါလုသည် ခပ်သိမ်းသောအရာတို့ကို ဆုံးရှုံးခဲ့ပေမဲ့၊ သူ၏ ရည်ရွယ်ချက်ကို မဆုံးရှုံးခဲ့ဘူး။ ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏ (ဖိ၊ ၁း၂၁)။
မိမိဝမ်မြောက်ခြင်းကို တိုးပွားစေဖို့၊ မိတ်ဆွေအဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သိကျွမ်းကြပါစို့။ မိတ်ဆွေသည် ရည်ရွယ်ရှိရှိ အသက်ရှင်သောအခါ၊ မိမိဘဝကို အဓိပ္ပာယ်ရှိပြီး အရာရာ၌ ဝမ်းသာဝမ်းမြောက်စွာ နေနိုင်သည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

မိမိအသက်တာတွင် ပျော်ရွှင်ခြင်းကို လိုနေပါလျှင် မိမိ၏ အချိန်ဇယားထဲရှိ ဟန်ချက်ညီမှုကို ရှာဖွေရမည် ဖြစ်ပါသည်။ သင်းအုပ်ဆရာကြီး ရစ်(ခ်)ဝါရန် (Rick Warren) သည် မိမိပျော်ရွှင်ခြင်းကို မဆုံးရှုံးရုံသာမက ပြန်လည်ရရှိရန် မိမိခံယူမှုနှင့် မျှဝေမှုတို့ကို ဟန်ချက်ညီအောင် မည်သို့လုပ်ဆောင်ရမည်အကြောင်း မျှဝေထားပါသည်။
More
ဤအစီစဉ်သည် © (၂၀၁၄) ဆရာရစ်(ခ်ျ)ဝါရန် (Rick Warren)။ မူပိုင်ခွင့်ကို လက်ဝယ်ထားသည်။ ခွင့်ပြုချက်ဖြင့် သုံးသည်။