YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 97:9-12

ဆာလံ 97:9-12 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့​ထက် ကြီး​မြင့်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် အ​လွန်​ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​သူ​တို့၊ မ​ကောင်း​သော​အ​မှု​ကို ရွံ​ရှာ​ကြ​လော့။ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို စောင့်​မ​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့၏​လက်​မှ​လည်း ကယ်​နုတ်​တော်​မူ၏။ အ​လင်း​သည် တ​ရား​သော​သူ​အ​ဖို့၊ ဝမ်း​မြောက်​ခြင်း​သည် သ​ဘော​ဖြောင့်​သော သူ​တို့​အ​ဖို့ ပျိုး​ကြဲ​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။

ဆာလံ 97:9-12 Common Language Bible (BCL)

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော် ရှင်​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။ သူ​တော်​ကောင်း​တို့​အ​ပေါ်​သို့​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သူ​တို့​အ​ပေါ်​သို့ ရွှင်​လန်း​ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း သက်​ရောက်​၏။ အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ပြု​တော်​မူ​ခဲ့​သည့် အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

ဆာလံ 97:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​တွင် အမြင့်ဆုံး​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုရား​အပေါင်း​တို့​ထက် အလွန်​ချီးမြှောက်​ခြင်း​ခံရ​တော်မူ​၏​။ ထာဝရဘုရား​ကို ချစ်​သော​သူ​တို့​၊ မကောင်းမှု​ကို မုန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​စိတ်ဝိညာဉ်​ကို စောင့်ရှောက်​၍ သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​။ အလင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အပေါ်​၌​လည်းကောင်း​၊ ဝမ်းမြောက်​ခြင်း​သည် စိတ်နှလုံး​ဖြောင့်မှန်​သော သူ​တို့​အပေါ်​၌​လည်းကောင်း ဖြာကျ​လျက်​ရှိ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌ ဝမ်းမြောက်​ကြ​လော့​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။