အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာမြေတစ်ခွင်လုံးတွင် အမြင့်ဆုံးသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက် အလွန်ချီးမြှောက်ခြင်းခံရတော်မူ၏။ ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။ အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည် စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။ ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။
ဆာလံကျမ်း 97 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 97
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 97:9-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို