YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 97

97
ကြီးမြတ်တော်မူသောဘုရင်
1ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ရွှင်လန်း​ပါစေ​။
များစွာ​သော​ကမ်းရိုးတန်း​နိုင်ငံ​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။
2မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။
ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။
3မီး​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍
ကိုယ်တော်​၏​ရန်သူ​တို့​ကို လှည့်ပတ်​လောင်ကျွမ်း​၏​။
4ကိုယ်တော်​၏​လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို လင်းလက်​စေ​၏​။
ကမ္ဘာမြေကြီး​သည်​လည်း မြင်​၍​တုန်လှုပ်​၏​။
5ထာဝရဘုရား​၏​ရှေ့​တော်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အစိုးရ​သော
အရှင်​၏​ရှေ့​တော်​၌ တောင်​များ​သည် ဖယောင်း​ကဲ့သို့ အရည်ပျော်​ကြ​၏​။
6ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ပြောကြား​၍
လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏ ဘုန်းအသရေ​တော်​ကို မြင်​ရ​ကြ​၏​။
7ထုလုပ်​ထား​သော​အရုပ်​ကို​ဝတ်ပြု​သော​သူ​၊ ရုပ်တု​များ​၌
ဂုဏ်ယူဝါကြွား​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​ကြ​ရ​ပါစေ​။
ဘုရား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။#ဟေဗြဲ 1:6။
8အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကြောင့်
ဇိအုန်​သည် ကြား​၍ ဝမ်းမြောက်​ပါ​၏​။
ယုဒ​ပြည်​၏​သမီး​တို့​သည်​လည်း ရွှင်လန်း​ကြ​ပါ​၏​။
9အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​တွင်
အမြင့်ဆုံး​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုရား​အပေါင်း​တို့​ထက်
အလွန်​ချီးမြှောက်​ခြင်း​ခံရ​တော်မူ​၏​။
10ထာဝရဘုရား​ကို ချစ်​သော​သူ​တို့​၊ မကောင်းမှု​ကို မုန်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​စိတ်ဝိညာဉ်​ကို
စောင့်ရှောက်​၍ သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​။
11အလင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အပေါ်​၌​လည်းကောင်း​၊ ဝမ်းမြောက်​ခြင်း​သည်
စိတ်နှလုံး​ဖြောင့်မှန်​သော သူ​တို့​အပေါ်​၌​လည်းကောင်း ဖြာကျ​လျက်​ရှိ​၏​။
12ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌ ဝမ်းမြောက်​ကြ​လော့​။
ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 97: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ