အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။ ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။ သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။ အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ဆာလံ 97 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 97:9-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို