ယောရှု 14:6-15
ယောရှု 14:6-15 Judson Bible (JBMLE)
ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။ ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။ အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။ ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သားမြေးတို့၏အမွေ ဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။ ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအား မိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။ သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။ သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့် ပြည့်စုံကြောင်းကိုလည်းကောင်း၊ ထိုနေ့၌ ကိုယ်တော်သည်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။ ထိုအခါ ယောရှုသည် ကောင်းချီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သားကာလက် အမွေခံစရာဖို့ အပ်ပေးလေ၏။ သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန်ပြည်သည် ယနေ့တိုင်အောင် ကာလက်၏အမွေမြေဖြစ်သတည်း။ ဟေဗြုန်မြို့သည် အထက်က ကိရယသာဘအမည်ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင်လူကြီးဖြစ်၏။ ထိုအခါ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။
ယောရှု 14:6-15 Common Language Bible (BCL)
တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။- ထာဝရဘုရား၏အစေခံမောရှေသည် ကျွန်ုပ်အား ဤပြည်ကိုထောက်လှမ်းရန်ကာဒေရှ ဗာနာအရပ်မှစေလွှတ်စဉ်အခါက အကျွန်ုပ် သည်အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်ရာကိုပြန်ကြားအစီ ရင်ခံခဲ့ပါသည်။- အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊- မောရှေက`သင်နင်းသောမြေကိုသင်နှင့်သင် ၏သားသမီးများအား နယ်မြေဝေစုအ ဖြစ်မုချရရှိစေမည်' ဟုကတိပေးခဲ့ ပါသည်။- ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။- သို့ရာတွင်မောရှေကအကျွန်ုပ်အားဤပြည် ကိုထောက်လှမ်းရန်စေလွှတ်သည့်အချိန်မှာ ကဲ့သို့ ယခုအချိန်လည်းအကျွန်ုပ်သန်မာ လျက်ရှိပါ၏။ အကျွန်ုပ်သည်စစ်မှုထမ်းရန် သော်လည်းကောင်း၊ အခြားတာဝန်ထမ်း ဆောင်ရန်သော်လည်းကောင်းခွန်အားရှိ ပါသေးသည်။- ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။ ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။- ကေနက်အမျိုးယေဖုန္နာ၏သားကာလက် သည် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို တစ်သဝေမတိမ်းလိုက်လျှောက်သဖြင့် သူ ၏အဆက်အနွယ်တို့သည်ဟေဗြုန်မြို့ကို ယနေ့တိုင်အောင်ပိုင်ဆိုင်ကြ၏။- ဟေဗြုန်မြို့၏နာမည်ဟောင်းမှာအာဘမြို့ ဖြစ်သတည်း။ (အာဘသည်အာနကအမျိုး သားတို့၏ခေါင်းဆောင်ကြီးဖြစ်၏။) ထိုနောက်တိုင်းပြည်တွင်ငြိမ်းချမ်းသာယာ လျက်ရှိသတည်း။
ယောရှု 14:6-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။ ထာဝရဘုရား၏အစေအပါးမောရှေက အကျွန်ုပ်အား ဤပြည်ကိုစူးစမ်းရန် ကာဒေရှဗာနာအရပ်မှ စေလွှတ်စဉ်က အကျွန်ုပ်အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ် အမှန်အတိုင်း ပြန်လည်လျှောက်တင်ခဲ့ပါ၏။ သို့သော် အကျွန်ုပ်နှင့်အတူ လိုက်သွားသောညီအစ်ကိုတို့သည် လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ပါ၏။ အကျွန်ုပ်ကား ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်ပါ၏။ ထို့ကြောင့် ထိုနေ့တွင် မောရှေက ‘သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်သောကြောင့် သင်ခြေချသောမြေသည် သင်နှင့်သင့်သားမြေးတို့အတွက် အမွေမြေအစဉ်ဖြစ်ရမည်’ဟု ကျိန်ဆိုခဲ့ပါ၏။ ယခု ကြည့်ရှုလော့။ အစ္စရေးလူမျိုးတို့ တောကန္တာရတွင်လှည့်လည်နေစဉ် ဤအကြောင်းအရာကို မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အချိန်မှစ၍ ယခုချိန်ထိ ထာဝရဘုရားသည် အကျွန်ုပ်ကို လေးဆယ့်ငါးနှစ်ပတ်လုံးအသက်ရှင်စေခဲ့ပါ၏။ ယနေ့မှာ အကျွန်ုပ်အသက် ရှစ်ဆယ့်ငါးနှစ် ရှိပါပြီ။ အကျွန်ုပ်အား မောရှေစေလွှတ်ခဲ့သောနေ့ကကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာဆဲရှိပါ၏။ စစ်ချီထွက်ရန်၊ စစ်တိုက်ရန် ယခင်က ခွန်အားရှိသကဲ့သို့ ယခုလည်း ရှိပါ၏။ ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။ ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။ ထိုသို့ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစိုက်လိုက်သောကြောင့် ဟေဗြုန်မြို့သည် ယနေ့တိုင်အောင် သူ၏အမွေမြေဖြစ်လေ၏။ ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။