YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 14

14
ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ခြင်း
1ခါ​နာန်​ပြည်၌​လည်း ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည် အ​မွေ​ဝေ​ဖန်၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။ 2ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။#တော၊ ၂၆:၅၂-၅၆၊ ၃၄:၁၃။ 3မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။#တော၊ ၃၂:၃၃၊ ၃၄:၁၄-၁၅၊ တရား၊ ၃:၁၂-၁၇။ 4ယော​သပ်​အ​မျိုး​သား​တို့​သည် မ​နာ​ရှေ​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး နှစ်​မျိုး​ဖြစ်၍၊ လေ​ဝိ​သား​တို့​နေ​စ​ရာ​မြို့၊ သူ​တို့​တိ​ရ​စ္ဆာန်​နှင့် ဥ​စ္စာ​ကို​ထား​စ​ရာ​မြို့​နယ်​မှ​တစ်​ပါး အ​ခြား​သော​မြေ​ကို မ​ပေး။ 5မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ မြေ​ကို​ဝေ​ဖန်​ကြ၏။
ဟေ​ဗြုန်​မြို့​ကို​ကာ​လက်​အ​မွေ​ခံ​ခြင်း
6ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဂိ​လ​ဂါ​လ​မြို့၌ ယော​ရှု​ထံ​သို့​လာ၍၊ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍၊ ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​အား မိန့်​တော်​မူ​သော​စ​ကား​ကို ကိုယ်​တော်​သိ​ပါ၏။#တော၊ ၁၄:၃၀။ 7ဤ​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏​ကျွန် မော​ရှေ​သည် အ​ကျွန်ုပ်​ကို ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ စေ​လွှတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် အ​သက်​လေး​ဆယ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​စိတ်​ထင်​သည်​အ​တိုင်း ပြန်​ကြား​လျှောက်​ထား​ပါ၏။#တော၊ ၁၃:၁-၃၀။ 8အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​သော ညီ​အစ်​ကို​တို့​သည်၊ လူ​များ​စိတ်​ပျက်​စ​ရာ​ကို ပြု​သော်​လည်း၊ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​ပါ၏။ 9ထို​နေ့​ရက်၌ မော​ရှေ​က၊ သင်​သည် ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ အ​ကယ်၍ သင်​နင်း​ပြီး​သော​မြေ​သည် အ​စဉ်​အ​ဆက် သင်၏​အ​မွေ၊ သင်၏​သား​မြေး​တို့၏​အ​မွေ ဖြစ်​ရ​လိမ့်​မည်​ဟု ကျိန်​ဆို​လေ၏။#တော၊ ၁၄:၂၄။ 10ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။ 11သို့​ရာ​တွင် မော​ရှေ​စေ​လွှတ်​သော​နေ့၌ ခွန်​အား​ရှိ​သ​ကဲ့​သို့ ယ​နေ့၌​ရှိ​ပါ၏။ ထို​အ​ခါ ထွက်​ဝင်​ခြင်း​အ​မှု၊ စစ်​တိုက်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​ကဲ့​သို့ ယ​ခု​လည်း​တတ်​စွမ်း​နိုင်​ပါ၏။ 12သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။ 13ထို​အ​ခါ ယော​ရှု​သည် ကောင်း​ချီး​ပေး၏။ ဟေ​ဗြုန်​ပြည်​ကို​လည်း၊ ယေ​ဖု​န္နာ၏​သား​ကာ​လက် အ​မွေ​ခံ​စ​ရာ​ဖို့ အပ်​ပေး​လေ၏။ 14သို့​ဖြစ်၍ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ ဟေ​ဗြုန်​ပြည်​သည် ယ​နေ့​တိုင်​အောင် ကာ​လက်၏​အ​မွေ​မြေ​ဖြစ်​သ​တည်း။ 15ဟေ​ဗြုန်​မြို့​သည် အ​ထက်​က ကိ​ရ​ယ​သာ​ဘ​အ​မည်​ရှိ၏။ အာ​ဗ​သည် အာ​န​က​အ​မျိုး​သား​တို့​တွင်​လူ​ကြီး​ဖြစ်၏။ ထို​အ​ခါ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယောရှု 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ