YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 15

15
ယု​ဒ​အ​မျိုး​သား​အ​မွေ​ခံ​သော​မြေ
1ယု​ဒ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​ဟူ​မူ​ကား၊ တောင်​မျက်​နှာ၌ ဧ​ဒုံ​ပြည်​နယ်​နှင့် နီး​စပ်​လျက်၊ တေ​မန်​ပြည်​စွန်း​မှ​စ၍ ဇိ​န​တော​ဖြစ်​သော၊ 2တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် သော​ဒုံ​အိုင်၌ တောင်​အ​ကွေ့​မှ​ထွက်၍၊ 3တောင်​မျက်​နှာ​နား၊ အ​က​ရ​ဗ္ဗိမ်​ကုန်း​ကို​လျှောက်​လျက် ဇိ​န​ရွာ​သို့​ရောက်​လေ၏။ တစ်​ဖန် တောင်​မျက်​နှာ​နား၊ ကာ​ဒေ​ရှ​ဗာ​နာ​ရွာ၊ ဟေ​ဇ​ရုန်​ရွာ၊ အာ​ဒါ​ရွာ၊ ကာ​ကာ​ရွာ၊ 4အ​ဇ​မုန်​ရွာ​ကို​လျှောက်​သ​ဖြင့် အဲ​ဂု​တ္တု​ချောင်း​သို့​လိုက်၍ ပင်​လယ်၌​ဆုံး​လေ၏။ 5အ​ရှေ့​ဘက်၌ သော​ဒုံ​အိုင်​သည် ယော်​ဒန်​မြစ်​ဝ​တိုင်​အောင် အ​ရှေ့​အ​ပိုင်း​အ​ခြား​ဖြစ်၏။ မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​သို့​ဆင်း​ရာ သော​ဒုံ​အိုင်​ကွေ့​မှ​ထွက်၍၊ 6ဗေ​သော​ဂ​လ​ရွာ​သို့​လည်း​ကောင်း၊ ဗေ​သ​ရာ​ဗ​ရွာ မြောက်​နား​မှာ​လျှောက်​လျက် ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။ 7အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊ 8ဟိ​န္နုံ​သား၏​ချိုင့်​နား ယေ​ရု​ရှ​လင်​မြို့​တည်ရာ ယေ​ဗု​သိ​အ​ရပ် တောင်​ဘက်​နား​မှာ​လျှောက်၍ ဟိ​န္နုံ​ချိုင့်​အ​နောက်၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ပေါ်​သို့​တက်​လေ၏။ 9ထို​တောင်​ပေါ်​မှ ဆင်း​ပြန်၍၊ နေ​ဖ​တော​စမ်း​ရေ​တွင်း​ကို လျှောက်​သ​ဖြင့် ဧ​ဖ​ရုန်​တောင်​နှင့်​ဆိုင်​သော မြို့​များ​သို့​လည်း​ကောင်း၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ရာ ဗာ​လာ​မြို့​သို့​လည်း​ကောင်း၊ 10ဗာ​လာ​မြို့ အ​နောက်​ဘက်​နား​မှာ​လျှောက်​လျက် စိ​ရ​တောင်​သို့​လည်း​ကောင်း၊ ခေ​သ​လုန်​တောင်​တည်း​ဟူ​သော ယာ​ရိမ်​တောင် မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ဗက်​ရှေ​မက်​မြို့၊ တိ​မ​နာ​မြို့​သို့​လည်း​ကောင်း၊ 11ဧ​ကြုန်​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ရှိ​ကြုန်​ရွာ​သို့​လည်း​ကောင်း၊ ဗာ​လာ​တောင်​သို့​လည်း​ကောင်း၊ ယာ​ဗ​နေ​လ​ရွာ​သို့​လည်း​ကောင်း၊ ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။ 12အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​နှင့် ပင်​လယ်​ကမ်း​ပါး​သည် အ​နောက်​အ​ပိုင်း​အ​ခြား​ဖြစ်၏။ ဤ​ရွေ့​ကား ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် နေ​ရာ​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။
ဟေ​ဗြုန်​နှင့်​ဒေ​ဗိ​ရ​ကို​အောင်​မြင်​ခြင်း
13ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ယေ​ဖု​န္နာ၏​သား ကာ​လက်​အ​ဖို့ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ၏​မြို့​ကို ချ​ပေး​လေ၏။ 14ထို​မြို့​ထဲ​က ကာ​လက်​သည် အာ​န​က​သား​သုံး​ယောက်၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​နှင်​ထုတ်​သော​နောက်၊#သူ​ကြီး၊ ၁:၂၀။ 15ကိ​ရ​ယဿေ​ဖာ​အ​မည်​ဟောင်း​ရှိ​သော ဒေ​ဗိ​ရ​မြို့​သား​တို့​ရှိ​ရာ​သို့ တစ်​ဖန်​ချီ​သွား၍၊ 16ကိ​ရ​ယဿေ​ဖာ​မြို့​ကို တိုက်​ယူ​လုပ်​ကြံ​သော​သူ​အား ငါ​သည်​သ​မီး​အာ​ခ​သ​ကို ပေး​စား​မည်​ဟု​ဆို​လျှင်၊ 17ကာ​လက်​ညီ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​သည် ထို​မြို့​ကို​တိုက်​ယူ၍ ကာ​လက်​သည် သ​မီး​အာ​ခ​သ​ကို သူ့​အား​ပေး​စား​လေ၏။ 18ထို​မိန်း​မ​သည် ခ​ရီး​သွား​စဉ်​အ​ခါ၊ လယ်​တစ်​ကွက်​ကို အ​ဘ၌​တောင်း​ခြင်း​ငှာ လင်​နှင့်​တိုင်​ပင်​ပြီး​မှ မြည်း​ပေါ်​က​ဆင်း​လေ၏။ အ​ဘ​ကာ​လက်​က အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု​မေး​လျှင်၊ 19သ​မီး​က ကောင်​ချီး​ပေး​စေ​ချင်​ပါ၏။ ကိုယ်​တော်​သည် တောင်​မျက်​နှာ​အ​ရပ်​ကို ပေး​ပါ​ပြီ။ စမ်း​ရေ​တွင်း​တို့​ကို​လည်း ပေး​တော်​မူ​ပါ​ဦး​ဟု​တောင်း​သည်​အ​တိုင်း အ​ဘ​သည် အ​ထက်​စမ်း​ရေ​တွင်း၊ အောက်​စမ်း​ရေ​တွင်း​တို့​ကို​ပေး​လေ၏။
ယု​ဒ​အ​မျိုး​သား​ရ​သော​အ​မွေ​မြေ
20ဤ​ရွေ့​ကား၊ ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​မြေ ဖြစ်​သ​တည်း။
21ယု​ဒ​အ​မျိုး​သား​ပိုင်​သော မြို့​များ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​နှင့်​နီး​စပ်​သော တောင်​ပိုင်း၌ ကပ်​ဇေ​လ​မြို့၊ ဧ​ဒေ​ရ​မြို့၊ ယာ​ဂု​ရ​မြို့၊ 22ကိ​န​မြို့၊ ဒိ​မော​န​မြို့၊ အာ​ဒ​ဒါ​မြို့၊ 23ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့၊ ဣ​သ​နန်​မြို့၊ 24ဇိ​ဖ​မြို့၊ တေ​လင်မြို့၊ ဗာ​လုတ်​မြို့၊ 25ဟာ​ဇော်​မြို့​သစ်၊ ဟာ​ဇော်​မြို့​ဟောင်း​တည်း​ဟူ​သော ဟေ​ဇ​ရုန်​မြို့၊ 26အာ​မန်​မြို့၊ ရှေ​မ​မြို့၊ မော​လ​ဒ​မြို့၊ 27ဟာ​ဇာ​ဂ​ဒ္ဒ​မြို့၊ ဟေ​ရှ​မုန်​မြို့၊ ဗက်​ပါ​လက်​မြို့၊ 28ဟာ​ဇာ​ရွာ​လ​မြို့၊ ဗေ​ရ​ရှေ​ဘ​မြို့၊ ဗိ​ဇ္ဇော​သ​ယာ​မြို့၊ 29ဗာ​လာ​မြို့၊ ဣ​အိမ်​မြို့၊ အာ​ဇင်​မြို့၊ 30ဧ​လ​တော​လဒ်​မြို့၊ ခေ​သိ​လ​မြို့၊ ဟော​မာ​မြို့၊ 31ဇိ​က​လတ်​မြို့၊ မာ​ဒ​မ​န္နာ​မြို့၊ သံ​သ​န္နာ​မြို့၊ 32လေ​ဗောက်​မြို့၊ ရှိ​လ​ဟိမ်​မြို့၊ အ​အိန်​မြို့၊ ရိ​မ္မုန်​မြို့၊ ရွာ​နှင့်​တ​ကွ မြို့​ပေါင်း​ကား သုံး​ဆယ်​ခြောက်​မြို့​တည်း။ 33ချိုင့်၌​လည်း ဧ​ရှ​တော​လ​မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊ 34ဇာ​နော​မြို့၊ အင်္ဂ​န္နိမ်​မြို့၊ တာ​ပွါ​မြို့၊ ဧ​နံ​မြို့၊ 35ယာ​မုတ်​မြို့၊ အ​ဒု​လံ​မြို့၊ စော​ခေါ​မြို့၊ အ​ဇေ​ကာ​မြို့၊ 36ရှာ​ရိမ်​မြို့၊ အ​ဒိ​သိမ်​မြို့၊ ဂ​ဒေ​ရ​မြို့၊ ဂ​ဒေ​ရော​သိမ်​မြို့၊ ရွာ​နှင့်​တ​ကွ မြို့​ပေါင်း​ကား၊ ဆယ်​ငါး​မြို့​တည်း။ 37ထို​မှ​တစ်​ပါး၊ ဇေ​နန်​မြို့၊ ဟ​ဒါ​ရှ​မြို့၊ မိ​ဂ​ဒ​လ​ဂဒ်​မြို့၊ 38ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ​မြို့၊ 39လာ​ခိ​ရှ​မြို့၊ ဗော​ဇ​ကတ်​မြို့၊ ဧ​က​လုန်​မြို့၊ 40က​ဗ္ဗုန်​မြို့၊ လာ​မံ​မြို့၊ ကိ​သ​လိတ်​မြို့၊ 41ဂ​ဒေ​ရုတ်​မြို့၊ ဗက်​ဒါ​ဂုန်​မြို့၊ နေ​မ​မြို့၊ မ​က္က​ဒါ​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​ခြောက်​မြို့​တည်း။ 42ထို​မှ​တစ်​ပါး၊ လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊ 43ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊ 44ကိ​လ​မြို့၊ အာ​ခ​ဇိပ်​မြို့၊ မ​ရေ​ရှ​မြို့၊ ရွာ​နှင့်​တ​ကွ ကိုး​မြို့​တည်း။ 45ထို​မှ​တစ်​ပါး ဧ​ကြုန်​မြို့​နှင့်​သူ​ဆိုင်​သော မြို့​ရွာ​များ၊ 46ဧ​ကြုန်​မြို့​မှ​စ၍ ပင်​လယ်​တိုင်​အောင်၊ အာ​ဇုတ်​မြို့​နှင့်​နီး​စပ်​သော မြို့​ရွာ​များ၊ 47အာ​ဇုတ်​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊ အဲ​ဂု​တ္တု​မြစ်၊ ပင်​လယ်​ကြီး၊ ပင်​လယ်​ကမ်း​ပါး​တိုင်​အောင်၊ ဂါ​ဇ​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊ 48တောင်​ပေါ်၌​လည်း၊ ရှ​မိ​ရ​မြို့၊ ယ​တ္တိ​ရ​မြို့၊ စော​ခေါ​မြို့၊ 49ဒ​န္န​မြို့၊ ဒေ​ဗိ​ရ​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယဿ​န္န​မြို့၊ 50အာ​နပ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ အာ​နိမ်​မြို့၊ 51ဂေါ​ရှင်​မြို့၊ ဟော​လုန်​မြို့၊ ဂိ​လော​မြို့၊ ရွာ​နှင့် တ​ကွ​ဆယ်​တစ်​မြို့​တည်း။ 52အာ​ရပ်​မြို့၊ ဒု​မာ​မြို့၊ ဧ​ရှန်​မြို့၊ 53ယာ​နုံ​မြို့၊ ဗက်​တာ​ပွါ​မြို့၊ အာ​ဖက်​မြို့၊ 54ဟု​န္တ​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့၊ ဇိ​အော​ရ​မြို့၊ ရွာ​နှင့်​တ​ကွ ကိုး​မြို့​တည်း။ 55မောင်​မြို့၊ က​ရ​မေ​လ​မြို့၊ ဇိ​ဖ​မြို့၊ ယု​တ္တ​မြို့၊ 56ယေ​ဇ​ရေ​လ​မြို့၊ ယော​က​ဒံ​မြို့၊ ဇာ​နော​မြို့၊ 57က​ဣ​န​မြို့၊ ဂိ​ဘာ​မြို့၊ တိ​မ​န​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​မြို့​တည်း။ 58ဟာ​လ​ဟု​လ​မြို့၊ ဗက်​ဇု​ရ​မြို့၊ ဂေ​ဒေါ်​မြို့၊ 59မာ​ရပ်​မြို့၊ ဗေ​သ​နုတ်​မြို့၊ ဧ​လ​တေ​ကုန်​မြို့၊ ရွာ​နှင့်​တ​ကွ​ခြောက်​မြို့​တည်း။ 60ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့၊ ရ​ဗ္ဗာ​မြို့၊ ရွာ​နှင့်​တ​ကွ နှစ်​မြို့​တည်း။ 61တော၌​လည်း၊ ဗေ​သ​ရာ​ဗ​မြို့၊ မိ​ဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊ 62နိ​ဗ​ရှန်​မြို့၊ မေ​လက်​မြို့၊ အင်္ဂေ​ဒိ​မြို့၊ ရွာ​နှင့်​တ​ကွ​ခြောက်​မြို့​တည်း။ 63ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​နှင်​ထုတ်​နိုင်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။#သူ​ကြီး၊ ၁:၂၁။ ၂​ရာ၊ ၅:၆။ ၅​ရာ၊ ၁၁:၄။

လက်ရှိရွေးချယ်ထားမှု

ယောရှု 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ