YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 2:14-20

ဟောရှေ 2:14-20 Judson Bible (JBMLE)

သို့​ရာ​တွင်၊ သူ့​ကို တစ်​ဖန်​ငါ​ဖြား​ယောင်း​မည်။ တော​လမ်း​ဖြင့် ပို့​ဆောင်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော စ​ကား​ကို​ပြော​မည်။ တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်​သည်​ငါ့​ကို သ​ခင်​ဟူ၍ မ​ခေါ်​ရ၊ ခင်​ပွန်း​ဟူ၍ ခေါ်​ရ​မည်။ အ​ခြား​တစ်​ပါး​သော သ​ခင်​တို့၏​ဘွဲ့​နာ​မ​များ​ကို သူ၏​နှုတ်​မှ ငါ​ပယ်၍၊ ထို​ဘွဲ့​နာ​မ​များ​ကို နောက်​တစ်​ဖန် မ​မှတ်​မိ​မ​မြွက်​ဆို​ရ။ ထို​ကာ​လ၌ ငါ​သည် သူ​တို့​အ​တွက်၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ လေး၊ ဓား၊ စစ်​တိုက်​လက်​နက်​တို့​ကို မြေ​ပေါ်​က ပယ်​ရှား​သ​ဖြင့် သူ​တို့​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အိပ်​ရ​ကြ​လိမ့်​မည်။ ငါ​သည် ကိုယ်​အ​ဖို့ သင့်​ကို အ​စဉ်​အ​မြဲ​သိမ်း​ယူ​မည်။ ဖြောင့်​မတ်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ချစ်​သ​နား​စုံ​မက်​ခြင်း​နှင့် အ​ညီ ကိုယ်​အ​ဖို့ သင့်​ကို​သိမ်း​ယူ​မည်။ သ​စ္စာ​စောင့်​ခြင်း​နှင့်​အ​ညီ သိမ်း​ယူ၍၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ရ​လိမ့်​မည်။

ဟောရှေ 2:14-20 Common Language Bible (BCL)

သို့​ဖြစ်​၍​ငါ​သည်​သူ့​ကို​တော​ကန္တာ​ရ​သို့​တစ် ဖန်​ခေါ်​ဆောင်​၍ ထို​နေ​ရာ​၌​ငါ့​ထံ​သို့​ပြန် လာ​ရန်​မေတ္တာ​စ​ကား​ဖြင့်​ဆွဲ​ဆောင်​မည်။- သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။- ထို​အ​ခါ​သူ​သည်​ငါ့​အား​ဗာ​လ​ဟု​မ​ခေါ် တော့​ဘဲ​ခင်​ပွန်း​ဟု​တစ်​ဖန်​ခေါ်​လိမ့်​မည်။- သူ​သည်​ဗာ​လ​ဟူ​သော​အ​မည်​ကို​သူ​၏​နှုတ် မှ​ဖယ်​ရှား​မည်၊ နောက်​တစ်​ဖန်​မ​ခေါ်​စေ​ရ။- ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ၊ငါ​သည်​သင့်​အား​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​မည်။ သင့်​အ​ပေါ်​၌​ငါ​၏​သစ္စာ​ခိုင်​မြဲ​မည်။ သင့်​အား​မေတ္တာ​က​ရု​ဏာ​ထား​၍​တ​ရား​ဝင် ဇ​နီး​အ​ဖြစ်​ရာ​သက်​ပန်​သိမ်း​ပိုက်​မည်။ ငါ​၏​က​တိ​သစ္စာ​နှင့်​အ​ညီ​သင့်​ကို​ငါ​သိမ်း ပိုက်​မည်။ သင်​သည်​ငါ့​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​လိမ့်​မည်။

ဟောရှေ 2:14-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ထာဝရဘုရား​က “ယခုမူ သူ့​ကို​ငါ​ဖျောင်းဖျ​မည်​၊ တောကန္တာရ​သို့ ခေါ်သွား​မည်​၊ သူ့​အား မေတ္တာ​ဖြင့် ပြောဆို​မည်​။ ထို​အရပ်​တွင် သူ့​စပျစ်ခြံ​ကို ငါ​ပြန်ပေး​မည်​။ အာခေါ်​ချိုင့်ဝှမ်းလွင်ပြင်​ကို မျှော်လင့်ရာ​တံခါး ဖြစ်​စေ​မည်​။ သူ​သည် ငယ်ရွယ်​စဉ်က​ကဲ့သို့​၊ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ်က​ကဲ့သို့ ငါ့​ကို ပြန်​ဆက်ဆံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​ထို​နေ့​တွင် သင်​သည် ငါ့​ကို ‘​သခင်​’​ဟု မ​ခေါ်​တော့​ဘဲ ‘​ခင်ပွန်း​’​ဟု ခေါ်​လိမ့်မည်​။ ဗာလ​ဘုရား​၏​အမည်နာမ​တို့​ကို သူ့​နှုတ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ထို​နာမည်​တို့​ကို သတိရ​တော့​မည်​မ​ဟုတ်​။ ထို​နေ့ရက်​တွင် သူ​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ မြေ​ပေါ်ရှိ​တွားသွားသောသတ္တဝါ​များ​နှင့် ပဋိညာဉ်​ဖွဲ့​စေ​မည်​။ လေး​၊ ဓား​၊ စစ်ပွဲ​တို့​ကို မြေ​ပေါ်မှ​ဖယ်ရှား​မည်​။ သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်စက်​ခွင့်​ရ​လိမ့်မည်​။ သင့်​ကို ထာဝရ​ဇနီး​ဖြစ်စေ​မည်​။ သင့်​ကို ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ ချစ်ခြင်းမေတ္တာ​နှင့် သနားစုံမက်​ခြင်း​ဖြင့် လက်ထပ်ယူ​မည်​။ သင့်​ကို​သစ္စာရှိရှိ လက်ထပ်ယူ​မည်​။ သင်​သည်​လည်း ထာဝရဘုရား​ကို သိကျွမ်း​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။