သို့ရာတွင်၊ သူ့ကို တစ်ဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။ တောတစ်ဖက်၌ စပျစ်ဥယျာဉ်တို့ကိုလည်းကောင်း၊ အာခေါ်ချိုင့်၌ မျှော်လင့်ရာတံခါးကိုလည်းကောင်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတစ်ဖက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ်ရမည်။ အခြားတစ်ပါးသော သခင်တို့၏ဘွဲ့နာမများကို သူ၏နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက်တစ်ဖန် မမှတ်မိမမြွက်ဆိုရ။ ထိုကာလ၌ ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့၍၊ လေး၊ ဓား၊ စစ်တိုက်လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။ ငါသည် ကိုယ်အဖို့ သင့်ကို အစဉ်အမြဲသိမ်းယူမည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ်သနားစုံမက်ခြင်းနှင့် အညီ ကိုယ်အဖို့ သင့်ကိုသိမ်းယူမည်။ သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
ဟောရှေ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟောရှေ 2:14-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ