YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 2:14-20

ဟောရှေအနာဂတ္တိကျမ်း 2:14-20 MSBU

သို့သော် ထာဝရဘုရား​က “ယခုမူ သူ့​ကို​ငါ​ဖျောင်းဖျ​မည်​၊ တောကန္တာရ​သို့ ခေါ်သွား​မည်​၊ သူ့​အား မေတ္တာ​ဖြင့် ပြောဆို​မည်​။ ထို​အရပ်​တွင် သူ့​စပျစ်ခြံ​ကို ငါ​ပြန်ပေး​မည်​။ အာခေါ်​ချိုင့်ဝှမ်းလွင်ပြင်​ကို မျှော်လင့်ရာ​တံခါး ဖြစ်​စေ​မည်​။ သူ​သည် ငယ်ရွယ်​စဉ်က​ကဲ့သို့​၊ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ်က​ကဲ့သို့ ငါ့​ကို ပြန်​ဆက်ဆံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​ထို​နေ့​တွင် သင်​သည် ငါ့​ကို ‘​သခင်​’​ဟု မ​ခေါ်​တော့​ဘဲ ‘​ခင်ပွန်း​’​ဟု ခေါ်​လိမ့်မည်​။ ဗာလ​ဘုရား​၏​အမည်နာမ​တို့​ကို သူ့​နှုတ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ထို​နာမည်​တို့​ကို သတိရ​တော့​မည်​မ​ဟုတ်​။ ထို​နေ့ရက်​တွင် သူ​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ မြေ​ပေါ်ရှိ​တွားသွားသောသတ္တဝါ​များ​နှင့် ပဋိညာဉ်​ဖွဲ့​စေ​မည်​။ လေး​၊ ဓား​၊ စစ်ပွဲ​တို့​ကို မြေ​ပေါ်မှ​ဖယ်ရှား​မည်​။ သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်စက်​ခွင့်​ရ​လိမ့်မည်​။ သင့်​ကို ထာဝရ​ဇနီး​ဖြစ်စေ​မည်​။ သင့်​ကို ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ ချစ်ခြင်းမေတ္တာ​နှင့် သနားစုံမက်​ခြင်း​ဖြင့် လက်ထပ်ယူ​မည်​။ သင့်​ကို​သစ္စာရှိရှိ လက်ထပ်ယူ​မည်​။ သင်​သည်​လည်း ထာဝရဘုရား​ကို သိကျွမ်း​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။