YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 17:1-14

ကမ္ဘာဦး 17:1-14 Judson Bible (JBMLE)

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။ ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ပြု​မည်။ သင့်​ကို​ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ​၏။ အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။ ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သင်၏​ဘု​ရား၊ သင့်​နောက်၌ သင့်​အ​မျိုး​အ​နွယ်၏​ဘု​ရား​ဖြစ်​မည်​ဟု၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့၌၊ ငါ့​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။ သင်​နှင့်​တ​ကွ သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ်​သည်၊ ငါ့​ရှေ့​မှာ​စောင့်​ရှောက်​ရ​သော ငါ၏​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ သင်​တို့​တွင် သား​ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့၌ သား​ယောက်ျား​တိုင်း၊ ကိုယ်​အိမ်၌​ဖွား​သော​သူ​ဖြစ်​စေ၊ ကိုယ်​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​၌ ငွေ​နှင့် ဝယ်​သော​သူ​ဖြစ်​စေ၊ အ​သက်​ရှစ်​ရက်​မြောက်​လျှင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ရ​မည်။ ကိုယ်​အိမ်၌​ဖွား​သော​သူ၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​သည်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ ငါ့​ပ​ဋိ​ညာဉ်​လည်း သင်​တို့၏​အ​သား၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​လိမ့်​မည်။ အ​ရေ​ဖျား​မ​လှီး၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သား​ယောက်ျား​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ၏။ ထို​သူ​သည် ငါ့​ပ​ဋိ​ညာဉ်​ကို​ဖျက်​လေ​ပြီ​ဟု အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

ကမ္ဘာဦး 17:1-14 Common Language Bible (BCL)

အာ​ဗြံ​အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ် ၏။ ငါ့​စ​ကား​ကို​နား​ထောင်​၍​မှန်​ရာ​ကို​အ​စဉ် ပြု​လုပ်​လော့။- သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု​၍ သင်​၏​အ​မျိုး​အ​နွယ် ကို​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။- အာ​ဗြံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ​အောင် ပျပ်​ဝပ်​၍ နေ​စဉ်​ဘု​ရား​သ​ခင်​က၊- ``သင်​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​မှာ​ဤ​သို့​ဖြစ် ၏။ သင့်​အား​လူ​များ​စွာ​တို့​၏​ဖ​ခင်​ဖြစ်​စေ​မည်။- ငါ​သည်​သင့်​အား​လူ​မျိုး​များ​စွာ​တို့​၏​ဖ​ခင် ဖြစ်​စေ​မည်​ဖြစ်​သော​ကြောင့် သင်​၏​နာ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​တော့​ဘဲ​အာ​ဗြ​ဟံ​ဟု​ခေါ် ရ​မည်။- ငါ​သည်​သင်​၏​အ​မျိုး​အ​နွယ်​ကို​များ​ပြား​စေ မည်။ သင်​၏​အ​မျိုး​အ​နွယ်​ထဲ​မှ​မင်း​များ​ပေါ် ထွန်း​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​လွန်​များ​ပြား​ကြ​သ​ဖြင့်​လူ​အ​မျိုး​မျိုး ဖြစ်​ပွား​လာ​မည်။ သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။- ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။- သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​တွင် ယောကျာ်း တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​ခံ​ရ ကြ​မည်။- ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။- ယောကျာ်း​တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ခံ ရ​မည်။ ထို​သို့​ပြု​လုပ်​ခြင်း​သည် သင်​နှင့်​ငါ​ပြု သော​ပ​ဋိ​ညာဉ်​ထာ​ဝ​စဉ်​တည်​ကြောင်း ကိုယ် ကာ​ယ​၌​ထင်​ရှား​သည့်​လက္ခ​ဏာ​အ​မှတ် အ​သား​ဖြစ်​လိမ့်​မည်။- အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။

ကမ္ဘာဦး 17:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။ ငါ​နှင့်​သင်​ကြား​၌ ပဋိညာဉ်​ကို​ပြု​၍ သင့်​ကို​အလွန်တရာ​တိုးပွား​စေ​မည်​”​ဟု မိန့်​တော်မူ​လျှင် အာဗြံ​သည် ပျပ်ဝပ်​လျက်​နေ​၏​။ ဘုရားသခင်​က “​ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​နှင့်အတူ​ရှိ​စေ​မည်​။ သင်​သည် များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​မည်​။ သင်​၏​အမည်​ကို နောက်တစ်ဖန် အာဗြံ​ဟု​မ​ခေါ်​ရ​။ သင်​၏​အမည်​သည် အာဗြဟံ​ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ​။ ငါ​သည် သင့်​ကို အလွန့်အလွန်​ပွားများ​စေ​မည်​။ သင့်​ကို လူမျိုး​အများ​ဖြစ်​စေ​မည်​။ သင့်​ထဲမှ ရှင်ဘုရင်​များ​ပေါ်ပေါက်​လာ​ကြ​လိမ့်မည်​။ ငါ​သည် သင်​မှစ၍ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​၏​ဘုရားသခင်​ဖြစ်​မည့်​အကြောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​နှင့်​သင်​ကြား​၌​လည်းကောင်း​၊ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း တည်​စေ​၍ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​၌ ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။ သင်​တည်းခိုနေထိုင်​သော​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​တစ်ပြည်လုံး​ကို သင်​နှင့်​နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​မူကား သင်​မှစ၍ နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​တို့​သည် မျိုးဆက်​အစဉ်အဆက် ငါ​၏​ပဋိညာဉ်​ကို စောင့်ထိန်း​ရ​မည်​။ ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း သင်​တို့​စောင့်ထိန်း​ရ​မည့် ငါ​၏​ပဋိညာဉ်​ကား ဤသို့​တည်း​။ သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ သင်​တို့​သည် သင်​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ ၎င်း​သည် ငါ​နှင့်​သင်​တို့​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​ရ​မည်​။ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း​သည် အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​တစ်စုံတစ်ဦး​ထံမှ ငွေ​ဖြင့်​ဝယ်​ထား​သည့် သင်​၏​အမျိုးအနွယ်​မ​ဟုတ်​သော​သူ​ဖြစ်စေ ရှစ်​ရက်​သား​အရွယ်​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ သင်​၏​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ သင်​၏​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​ဖြစ်စေ အရေဖျားလှီး​ခြင်း​ကို မုချ​ခံရ​မည်​။ ဤသို့အားဖြင့် ငါ​၏​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​အဖြစ် သင်​တို့​၏​အသား​တွင်​တည်​လိမ့်မည်​။ အရေဖျားမလှီး​ထား​သော​ယောက်ျား​တည်းဟူသော မိမိ​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ထား​သော​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ထို​သူ​သည် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။