YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 15:13-31

၂ ဓမ္မရာဇဝင် 15:13-31 Judson Bible (JBMLE)

သ​တင်း​ပြော​သော​သူ​တစ်​ယောက်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​ဘက်​သို့ ပါ​သွား​ပါ​ပြီ​ဟု ကြား​လျှောက်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ငါ​တို့​သည် ထ၍​ပြေး​ကြ​ကုန်​အံ့၊ မ​ပြေး​လျှင် အ​ဗ​ရှ​လုံ​လက်​နှင့်​မ​လွတ်၊ အ​လျင်​အ​မြန် ထွက်​ကြ​ကုန်​အံ့။ သို့​မ​ဟုတ်​လျှင် သူ​သည် ချက်​ချင်း​တိုက်​လာ​သ​ဖြင့်၊ ငါ​တို့​ကို ဘေး​ပြု၍ မြို့​ကို​လည်း ဓား​နှင့်​လုပ်​ကြံ​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တွင် အ​ထံ​တော်၌​ရှိ​သော ကျွန်​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။ ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​သွား၏။ သို့​ရာ​တွင် နန်း​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ကိုယ်​လုပ်​တော်​မိန်း​မ​တစ်​ကျိပ်​တို့​ကို ထား​ခဲ့​လေ၏။ ထို​သို့​ရှင်​ဘု​ရင်​နှင့် ကိုယ်​တော်၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ထွက်​သွား၍ ဗေ​သာ​မေ​ရက်​ရွာ​မှာ စ​ခန်း​ချ​ကြ၏။ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​လိုက်​ကြ၏။ ဂါ​သ​မြို့​မှ လိုက်​လာ​သော​သူ ခြောက်​ရာ​တည်း​ဟူ​သော ဂိ​တ္တိ​လူ​အ​ပေါင်း​နှင့် ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​အ​ပေါင်း​သည် ရှေ့​တော်၌​ချီ​သွား​ကြ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​တ္တိ​လူ​အိ​တ္တဲ​အား​လည်း၊ ငါ​တို့​နှင့် အ​ဘယ်​ကြောင့်​လိုက်​သ​နည်း။ ရှင်​ဘု​ရင်​ထံ​သို့ ပြန်၍​နေ​လော့။ သင်​သည် တစ်​ပါး​အ​မျိုး​သား၊ နေ​ရာ​မ​ကျ​သော​ဧည့်​သည်​ဖြစ်၏။ မ​နေ့​က​သာ ရောက်​လာ​သည်​ဖြစ်၍၊ ယ​နေ့​ငါ​တို့​နှင့်​အ​တူ အ​ရပ်​ရပ်​လှည့်​လည်​ရ​မည်​လော။ ငါ​သည် သွား​ရ​သော အ​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ရ​သော​ကြောင့်၊ သင်​သည် အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍ ပြန်​လော့။ က​ရု​ဏာ​နှင့် သ​စ္စာ​ရှိ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။ အိ​တ္တဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ အ​ရှင်​မင်း​ကြီး​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်၍ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ဆုံး​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည်​ဖြစ်​စေ၊ ရှိ​တော်​မူ​ရာ​အ​ရပ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​သော်၊ ဒါ​ဝိဒ်​က၊ ချီ​သွား​လော့​ဟု အိ​တ္တဲ​အား မိန့်​တော်​မူ​သ​ဖြင့်၊ ဂိ​တ္တိ​လူ​အိ​တ္တဲ​သည် မိ​မိ၌​ပါ​သော လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ချီ​သွား​လေ၏။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် ချီ​သွား၍၊ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​တိုင် ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ လူ​အ​ပေါင်း​တို့​သည်​ကူး၍ တော​လမ်း​သို့ လိုက်​သွား​ကြ၏။ ဇာ​ဒုတ်​နှင့် လေ​ဝိ​လူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်​ရောက်​လာ၍ သေ​တ္တာ​တော်​ကို ချ​ထား​ကြ၏။ လူ​အ​ပေါင်း​တို့​သည် မြို့​ထဲ​က​ထွက်၍ မ​ကုန်​မီ​တိုင်​အောင် အ​ဗျာ​သာ​သည် ယဇ်​ပူ​ဇော်​လျက်​နေ၏။ ရှင်​ဘု​ရင်​သည် ဇာ​ဒုတ်​ကို​ခေါ်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မြို့​ထဲ​သို့​ပြန်​ပို့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စိတ်​တော်​နှင့်​တွေ့​လျှင် ငါ့​ကို​ပို့​ပြန်၍ သေ​တ္တာ​တော်​ကို​လည်း​ကောင်း၊ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ကို​လည်း​ကောင်း ပြ​တော်​မူ​မည်။ သို့​မ​ဟုတ် သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု ငါ့​အား​မိန့်​တော်​မူ​လျှင် ငါ​ရှိ​ပါ၏။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​အား​လည်း သင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်၊ ထို​သား​နှစ်​ယောက်​ကို​ခေါ်၍ မြို့​သို့​ငြိမ်​ဝပ်​စွာ ပြန်​သွား​လော့။ သင်​တို့​ကြား​လျှောက်​စေ​သော စ​ကား​မ​ရောက်​မီ ငါ​သည်​တော​လွင်​ပြင်၌ ဆိုင်း​လင့်၍​နေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပို့၍ ထို​မြို့၌​နေ​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။ အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။

၂ ဓမ္မရာဇဝင် 15:13-31 Common Language Bible (BCL)

အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။- သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။ မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။- မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊- မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။- ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။- ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။- ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။- ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။- ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။- ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။ ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။- အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

၂ ဓမ္မရာဇဝင် 15:13-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ တမန်​တစ်​ဦး​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​ပြီး “​အစ္စရေး​အမျိုးသား​တို့​၏​စိတ်​သည် အဗရှလုံ​နောက်သို့ ပါသွား​ပါ​ပြီ​”​ဟု လျှောက်တင်​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင် ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။ ဤသို့ဖြင့် ရှင်ဘုရင်​သည် နောက်လိုက်​အခြွေအရံ​အားလုံး​နှင့်တကွ ထွက်သွား​ရာ ရပ်ဝေး​သို့​ရောက်​လျှင် အိမ်​တစ်​အိမ်​၌ ရပ်နား​ကြ​၏​။ အထံ​တော်​ပါး​၌​ခစား​ရ​သော​မင်းမှုထမ်း​အားလုံး​တို့​သည် ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ခေရသိ​လူမျိုး​အားလုံး​၊ ပေလသိ​လူမျိုး​အားလုံး​နှင့် ဂါသ​မြို့​မှ​လိုက်လာ​သော ဂိတ္တိ​လူမျိုး​အားလုံး လူ​အယောက်​ခြောက်​ရာ​တို့​သည်​လည်း ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ရှင်ဘုရင်​က ဂိတ္တိ​လူမျိုး အိတ္တဲ​အား “​အဘယ်ကြောင့် ငါ​တို့​နှင့်အတူ လိုက်လာ​သနည်း​။ ပြန်သွား​ပြီး ဘုရင်​နှင့်အတူ နေ​လော့​။ သင်​သည် နေရင်းပြည်​မှ ဖမ်းခေါ်လာ​ခြင်း​ခံရ​သော​တစ်ပါးအမျိုးသား​ဖြစ်​၏​။ သင်​သည် မနေ့​တစ်နေ့​က​မှ ရောက်လာ​သော​သူ​ဖြစ်၍ ယခု ငါ​တို့​နှင့်အတူ လှည့်လည်​စေ​ရ​မည်လော​။ ငါ​သည် ဘယ်​နေရာ​သွား​ရ​မည်​ကို​မသိ​သေး​ပါ​။ သင့်​အမျိုးသားချင်း​တို့​ကို ခေါ်​ပြီး ပြန်သွား​လော့​။ ကရုဏာ​တော်​နှင့် သစ္စာ​တော်​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု မိန့်ဆို​၏​။ ထိုအခါ အိတ္တဲ​က ရှင်ဘုရင်​အား “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ သေ​သည်​ဖြစ်စေ​၊ ရှင်​သည်​ဖြစ်စေ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ရှိ​တော်မူ​ရာ​အရပ်​၌ ကျွန်တော်မျိုး ရှိ​ပါ​မည်​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က အိတ္တဲ​အား “​သို့ဖြစ်လျှင်လည်း သွား​၍​ဖြတ်ကူး​လော့​”​ဟု မိန့်ဆို​လျှင် ဂိတ္တိ​လူမျိုး အိတ္တဲ​မှစ၍ သူ​နှင့်အတူ​ပါလာ​သော လူ​အကြီး​အငယ်​အားလုံး​လည်း ဖြတ်ကူး​လေ​၏​။ လူ​အပေါင်း​တို့ ဖြတ်ကူး​သွား​ကြ​သောအခါ ပြည်သူပြည်သား​အပေါင်း​တို့​သည် အော်ဟစ်​ငိုကြွေး​ကြ​၏​။ ရှင်ဘုရင်​သည် ကေဒြုန်​ချောင်း​ကို ဖြတ်ကူး​သဖြင့် လူ​အပေါင်း​တို့​သည်​လည်း ဖြတ်ကူး​၍ ကန္တာရ​လမ်း​အတိုင်း သွား​ကြ​၏​။ ဇာဒုတ်​နှင့် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အမျိုးသား​အပေါင်း​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ချထား​ကြ​၏​။ အဗျာသာ​သည်​လည်း လူ​အပေါင်း​တို့ မြို့​ထဲမှ​ထွက်ခွာ​သွား​ပြီး​ချိန်​ထိ ယဇ်ပူဇော်​လျက်​နေ​၏​။ ရှင်ဘုရင်​က ဇာဒုတ်​အား “​ဘုရားသခင်​၏​သေတ္တာ​တော်​ကို မြို့​ထဲသို့ ပြန်ပို့​လော့​။ ထာဝရဘုရား​သည် ငါ့​ကို​မျက်နှာသာပေး​၍ ငါ​ပြန်လာ​ရ​လျှင် သေတ္တာ​တော်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို​လည်းကောင်း ဖူးမြင်​ခွင့်​ရ​ပါ​လိမ့်မည်​။ ထိုသို့​မ​ဟုတ်​ဘဲ ကိုယ်တော်​က ‘သင့်​ကို ငါ​အလို​မ​ရှိ’​ဟု မိန့်ဆို​လျှင်​လည်း ငါ​အသင့်ရှိ​ပါ​သည်​။ အလို​တော်​အတိုင်း​သာ ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။ ထို့ပြင် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဇာဒုတ်​အား “​သင်​သည် စိတ်အာရုံ​မြင်​ရ​သူ မ​ဟုတ်​လော​။ သင်​တို့​နှင့်အတူ​ရှိ​နေ​သော သင့်​သား အဟိမတ်​နှင့် အဗျာသာ​၏​သား ယောနသန်​တို့​နှစ်​ဦး​ကို​ခေါ်​ပြီး မြို့​ထဲသို့ အေးအေးချမ်းချမ်း​ပြန်သွား​လော့​။ သင်​တို့​ထံမှ သတင်း​မ​ရ​မ​ချင်း ငါ​သည် တောကန္တာရ​လွင်ပြင်​တွင် စောင့်​နေ​မည်​”​ဟု မိန့်ဆို​လျှင် ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ယူဆောင်​လာ​ပြီး ထို​မြို့​တွင် နေထိုင်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် သံလွင်​တောင်​တက်လမ်း​အတိုင်း ငိုကြွေး​လျက်​၊ ဦးခေါင်း​ကို​လည်း​ခြုံ​လျက် ခြေနင်း​တော်​မ​ပါ​ဘဲ တက်သွား​၏​။ သူ​နှင့်​ပါလာ​သော​လူ​အပေါင်း​တို့​သည်​လည်း အသီးသီး​ဦးခေါင်း​ကို​ခြုံ​ထား​လျက်​၊ ငိုကြွေး​လျက် လိုက်တက်​သွား​ကြ​၏​။ တစ်စုံတစ်ယောက်​က ဒါဝိဒ်​မင်းကြီး​အား “​အဗရှလုံ​နှင့်အတူ ပူးပေါင်းကြံစည်​သူ​တို့​ထဲတွင် အဟိသောဖေလ​လည်း ပါ​သည်​”​ဟု ကြားပြော​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​အို ထာဝရဘုရား​၊ အဟိသောဖေလ​၏​အကြံ​ကို မိုက်မဲ​သော​အကြံ​ဖြစ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။