၂ ရာ 15
15
အဗရှလုံပုန်ကန်ခြင်း
1ထိုနောက်အဗရှလုံသည်မြင်းရထားတစ်စီး၊ မြင်းများနှင့်ရှေ့တော်ပြေးစစ်သည်ငါးဆယ် ကိုမိမိအတွက်ထားရှိလေသည်။- 2သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊- 3အဗရှလုံက``ကြည့်လော့၊ သင်၏အမှုသည် တရားဥပဒေအရမှန်ကန်၏။ သို့ရာတွင် ဘုရင်၏ကိုယ်စားသင့်အမှုကိုစီရင်ပေး မည့်သူတစ်ယောက်မျှမရှိ။- 4ငါသာလျှင်တရားသူကြီးဖြစ်ခဲ့ပါမူငြင်း ခုံမှု၊ တရားမှုရှိသူသည်ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့်စီရင်မည်'' ဟုပြော ဆိုလေ့ရှိ၏။- 5အကယ်၍ထိုသူသည်အဗရှလုံ၏အနီးသို့ ချဉ်းကပ်၍ဦးညွှတ်အရိုအသေပြုခဲ့သော် အဗရှလုံသည်လက်ကိုဆန့်၍ထိုသူအား ကိုင်ပြီးလျှင်နမ်းရှုပ်တတ်၏။- 6အဗရှလုံသည်ဘုရင်၏အဆုံးအဖြတ် ကိုခံရန်လာရောက်သူ ဣသရေလအမျိုး သားမှန်သမျှကို ဤနည်းအတိုင်းပြုသဖြင့် ထိုသူတို့၏ကျေးဇူးသစ္စာကိုခံယူရရှိ လေသည်။
7လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။- 8ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။- 9မင်းကြီးက``ငြိမ်းချမ်းစွာသွားလော့'' ဟု ဆိုသဖြင့်အဗရှလုံသည်ဟေဗြုန်မြို့ သို့သွားလေ၏။- 10သို့ရာတွင်သူသည်ဣသရေလအနွယ်ရှိ သမျှတို့ထံသို့စေတမန်များလွှတ်ပြီး လျှင်``သင်တို့သည်တံပိုးခရာများမှုတ် သံကိုကြားသောအခါ``အဗရှလုံသည် ဟေဗြုန်မြို့တွင်နန်းတက်တော်မူပြီ' ဟု ကြွေးကြော်ကြလော့'' ဟုမှာကြားထား လေသည်။- 11အဗရှလုံ၏ခေါ်ဖိတ်ချက်အရသူနှင့် အတူ ယေရုရှလင်မြို့မှလိုက်လာသူ အပေါင်းမှာနှစ်ရာရှိ၏။ သူတို့သည်အဗ ရှလုံ၏လျှို့ဝှက်ကြံစည်ချက်ကိုလုံးဝ မသိကြ။ စိတ်ရိုးသဘောရိုးဖြင့်လိုက် ပါလာသူများဖြစ်သတည်း။- 12ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
ယေရုရှလင်မြို့မှဒါဝိဒ်ထွက်ပြေးခြင်း
13အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
14ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။
15ထိုသူတို့က``မှန်လှပါအရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်အရှင့်အမိန့်တော်အတိုင်း ဆောင်ရွက်ရန်အသင့်ရှိပါ၏'' ဟုလျှောက် ထားကြ၏။- 16သို့ကြောင့်မင်းကြီးသည် မိမိ၏အိမ်ထောင်စု သားချင်းများနှင့်မှူးမတ်များကိုခေါ်၍ ထွက်ခွာသွားတော်မူ၏။ နန်းတော်စောင့်အဖြစ် ဖြင့်မောင်းမတော်ဆယ်ယောက်သာလျှင်ကျန် ရစ်သတည်း။
17မင်းကြီးတို့လူစုသည် ယင်းသို့ထွက်ခွာသွား ကြပြီးနောက် မြို့အစွန်၌ရှိသောအိမ်တစ် အိမ်တွင်ရပ်တန့်ကြ၏။- 18မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊- 19မင်းကြီးကသူတို့၏ တပ်မှူးအိတ္တဲအား``သင် သည်အဘယ်ကြောင့်ငါတို့နှင့်အတူလိုက် လာပါသနည်း။ ဘုရင်သစ်ထံသို့ပြန်၍နေ ပါလော့။ သင်သည်လူမျိုးခြားဖြစ်ပါ၏။ မိမိ တိုင်းပြည်နှင့်လည်းဝေးကွာလျက်တိုင်း တစ်ပါးတွင်ခိုလှုံနေသူဖြစ်သည်။- 20ဤအရပ်သို့ရောက်ရှိလာသည်မှာလည်းကာလ အနည်းငယ်သာရှိသေးသဖြင့် ငါသည်အဘယ် ကြောင့်သင့်အားငါနှင့်အတူအရပ်ရပ်သို့လှည့် လည်စေရပါမည်နည်း။ ငါအဘယ်အရပ်သို့ သွားရမည်ကိုပင်မသိ။ သင်သည်မိမိ၏အမျိုး သားတို့ကိုခေါ်၍ပြန်သွားပါလော့။ ထာဝရ ဘုရားသည်သင့်အားသစ္စာကရုဏာထား တော်မူပါစေသော'' ဟုမိန့်တော်မူ၏။
21သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။
22ဒါဝိဒ်က``ကောင်းပြီ။ ဆက်လက်ချီသွားလော့'' ဟု မိန့်တော်မူသဖြင့် အိတ္တဲသည်မိမိ၏လူစုနှင့် တကွသူတို့အားမှီခိုသူများကိုခေါ် သွား၏။- 23ဒါဝိဒ်၏နောက်သို့လိုက်သူများထွက်ခွာသွား ကြသောအခါ ပြည်သူပြည်သားတို့သည်အော် ဟစ်ငိုကြွေးကြကုန်၏။ မင်းကြီးနှင့်နောက်လိုက် အပေါင်းတို့သည်ကေဒြုန်ချောင်းကိုကူး၍ တောကန္တာရသို့ရှေ့ရှုသွားကြလေသည်။
24ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သောလေဝိအနွယ်ဝင်တို့ သည်ပါလာကြ၏။ သူတို့သည်ပဋိညာဉ် သေတ္တာတော်ကိုချထား၍ လူအပေါင်းတို့ မြို့မှထွက်ခွာပြီးချိန်တိုင်အောင်စောင့်နေ ကြ၏။ သူတို့အထဲတွင်အဗျာသာလည်း ပါ၏။- 25ထိုနောက်မင်းကြီးသည်ဇာဒုတ်အား``ပဋိ ညာဉ်သေတ္တာတော်ကိုမြို့တွင်းသို့ပြန်၍ပင့် ဆောင်သွားလော့။ ထာဝရဘုရားသည်ငါ့ အားနှစ်သက်တော်မူလျှင် တစ်နေ့နေ့၌ထို သေတ္တာတော်ကိုလည်းကောင်း၊ သေတ္တာတော် ကျိန်းဝပ်ရာအရပ်ကိုလည်းကောင်း ကြည့်ရှုခွင့်ပေးတော်မူလိမ့်မည်။- 26သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။- 27ထို့အပြင်မင်းကြီးကဇာဒုတ်အား``ကြည့်လော့၊ သင်၏သားအဟိမတ်နှင့်အဗျာသာ၏သား ယောနသန်တို့ကိုခေါ်၍ငြိမ်းချမ်းစွာမြို့ တော်သို့ပြန်လော့။- 28ဤအတောအတွင်း၌ငါသည်သင်၏ထံ မှသတင်းစကားမရမချင်းတောကန္တာရ ရှိကူးတို့ဆိပ်တွင်စောင့်ဆိုင်းနေမည်'' ဟု မိန့်တော်မူ၏။- 29ထို့ကြောင့်ဇာဒုတ်နှင့်အဗျာသာတို့သည် ပဋိညာဉ်သေတ္တာတော်ကိုမြို့တော်သို့ပြန် လည်ပင့်ဆောင်၍မြို့တော်တွင်နေကြ၏။
30ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။- 31အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
32ဒါဝိဒ်သည်ကိုးကွယ်ရာဌာနတော်ရှိသည့် တောင်ထိပ်သို့ရောက်သောအခါ မိမိ၏လူယုံ တော်အာခိမြို့သားဟုရှဲသည် မိမိအဝတ် များကိုဆုတ်ဖြဲလျက်ဦးခေါင်းကိုလည်း မြေမှုန့်ဖြင့်လူးလျက်မင်းကြီးအားခရီး ဦးကြိုပြု၏။
33ဒါဝိဒ်ကဟုရှဲအား``သင်သည်ငါနှင့်အတူ လိုက်လာလျှင် ငါ့အားမည်သို့မျှအကူ အညီပေးနိုင်မည်မဟုတ်။- 34သို့ရာတွင်သင်သည်မြို့သို့ပြန်၍အဗရှလုံ အား``အရှင်မင်းကြီး၊ အကျွန်ုပ်သည်အရှင့် ခမည်းတော်၏အမှုတော်ကိုထမ်းဆောင် ခဲ့သည့်နည်းတူ ယခုအရှင်၏အမှုတော် ကိုထမ်းဆောင်ပါမည်' ဟုလျှောက်ထားပြီး နောက်အဟိသောဖေလပေးသည့်အကြံ ကိုဆန့်ကျင်ဘက်ပြုခြင်းအားဖြင့်ငါ့ အားအကူအညီပေးနိုင်၏။- 35ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာတို့ သည်မြို့တော်တွင်ရှိနေကြပါမည်။ နန်း တော်တွင်သင်ကြားသိရသမျှသတင်း ကိုသူတို့အားပြောကြားလော့။- 36သူတို့နှင့်အတူသူတို့၏သားများဖြစ်ကြ သော အဟိမတ်နှင့်ယောနသန်တို့လည်းရှိကြ သည်ဖြစ်၍ သင်ရရှိသည့်သတင်းမှန်သမျှ ကိုထိုသူနှစ်ယောက်တို့အားဖြင့်ငါ့ထံသို့ ပေးပို့လော့'' ဟုမိန့်တော်မူ၏။
37သို့ဖြစ်၍ဒါဝိဒ်၏အဆွေတော်ဟုရှဲသည် မြို့တော်သို့ပြန်လေ၏။ ထိုအချိန်၌ပင် လျှင်အဗရှလုံသည်မြို့တော်သို့ရောက် ရှိလာလေသည်။
လက်ရှိရွေးချယ်ထားမှု
၂ ရာ 15: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar