YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 5:15-22

၁ သက်သာလောနိတ် 5:15-22 Judson Bible (JBMLE)

သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။- အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။- မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။- အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။- ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။- ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။- မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။

၁ သက်သာလောနိတ် 5:15-22 Common Language Bible (BCL)

အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။ အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။- အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။- ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။- အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊- မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။

၁ သက်သာလောနိတ် 5:15-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။ အစဉ်​ဝမ်းမြောက်​ကြ​လော့​။ အမြဲမပြတ် ဆုတောင်း​ကြ​လော့​။ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။ ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။ သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။ မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။