YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 5:15-22

၁ သက်သာလောနိတ် 5:15-22 JBMLE

သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။- အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။- မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။- အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။- ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။- ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။- မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။

​၁ သက်သာလောနိတ် 5:15-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။