YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:15-22

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:15-22 MSBU

မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။ အစဉ်​ဝမ်းမြောက်​ကြ​လော့​။ အမြဲမပြတ် ဆုတောင်း​ကြ​လော့​။ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။ ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။ သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။ မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။

​သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:15-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။