အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။ အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။- အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။- အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။- ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။- အရာခပ်သိမ်းတို့ကိုစစ်ဆေးပြီးလျှင် ကောင်း သည့်အရာတို့ကိုခံယူ၍၊- မကောင်းသည့်အရာမှန်သမျှကိုရှောင်ကြလော့။
၁ သက် 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ သက် 5:15-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ