YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 4

4
ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ​ပုံ​သ​ရုပ်​ပြ​ခြင်း
1တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ အုတ်​ပြား​ကို​ယူ၍ သင့်​ရှေ့​မှာ ထား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ပုံ​ကို ရေး​လော့။ 2မြို့​ကို​ဝိုင်း၍ မြို့​ပြင်၌ တပ်​တည်​လော့။ မြေ​ရိုး​ကို​လည်း ဖို့​လော့။ တပ်​သား​တို့​ကို​လည်း ခင်း​ကျင်း​လော့။ မြို့​ပတ်​လည်​တွင် ဝက်​ခွ​တိုင်​တို့၌ တုံး​တို့​ကို​လည်း ဆွဲ​ထား​လော့။ 3ထို​မှ​တစ်​ပါး၊ သံ​ပြား​ကို​ယူ၍၊ သင်​နှင့် မြို့​စပ်​ကြား​မှာ သံ​ရိုး​ဖြစ်​စေ​ခြင်း​ငှာ ထောင်​ပြီး​လျှင်၊ မြို့​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​ထား​လော့။ ထို​သို့ ဝိုင်း​ထား​သ​ဖြင့်၊ ထို​မြို့​သည် ဝိုင်း​ထား​ခြင်း​ကို ခံ​ရ​မည်။ ဤ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​လိမ့်​မည်။ 4ထို​မှ​တစ်​ပါး၊ သင်​သည် လက်​ဝဲ​နံ​စောင်း​ဖြင့် အိပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ထို​နံ​စောင်း၌ တင်​ထား​လော့။ ထို​သို့​အိပ်​ရ​သော နေ့​ရက်​အ​ရေ​အ​တွက်​အ​တိုင်း သူ​တို့​အ​ပြစ်​ကို​ခံ​ရ​မည်။ 5အ​ကြောင်း​မူ​ကား၊ အ​ရက်​သုံး​ရာ​ကိုး​ဆယ် အ​ရေ​အ​တွက်​အ​တိုင်း၊ သူ​တို့​အ​ပြစ်​နှင့်​ယှဉ်​သော နှစ်​ပေါင်း​ကို သင်၏​အ​ပေါ်၌ ငါ​တင်​ထား​ပြီ။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို သင်​သည်​ခံ​ရ​မည်။ 6ထို​နေ့​ရက်​စေ့​ပြီး​မှ၊ တစ်​ဖန် လက်​ယာ​နံ​စောင်း​ဖြင့် အိပ်၍၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ယု​ဒ​အ​မျိုး၏​အ​ပြစ်​ကို ခံ​ဦး​လော့။ နှစ်​အ​စား၌ ရက်​ကို​ငါ​ထား​ပြီ။ 7သင်​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​သည် အ​မှု​မှာ၊ မျက်​နှာ​ထား၍ လက်​ရုံး​ကို​ဆန့်​လျက်၊ မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​ရ​မည်။ 8ငါ​သည် သင့်​ကို​ချည်​နှောင်၍ ဝိုင်း​ထား​ခြင်း​အ​မှု​ကို ပြု​ရ​သော​ကာ​လ​မ​စေ့​မီ၊ သင်​သည် တစ်​ဖက်​မှ​တစ်​ဖက်​သို့ မ​စောင်း​ရ။
9ထို​မှ​တစ်​ပါး၊ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ ပဲ​ဆန်​နှစ်​မျိုး​နှင့် ပြောင်း​ဆန်၊ ကောက်​ဆန်​တို့​ကို ယူ၍ အိုး​တစ်​လုံး၌ ရော​နှော​လျက်​ထား​ရ​မည်။ နံ​စောင်း​တစ်​ဖက်​ဖြင့် အိပ်​ရ​သော​နေ့​ရက် သုံး​ရာ​ကိုး​ဆယ်​ပတ်​လုံး၊ ထို​ရော​နှော​သော ဆန်​ကို မုန့်​လုပ်၍ စား​ရ​မည်။ 10ထို​မုန့်​ကို တစ်​နေ့​တစ်​နေ့​လျှင် အ​ကျပ်​နှစ်​ဆယ်​စီ ချိန်၍​စား​ရ​မည်။ 11ရေ​ကို​လည်း တစ်​နေ့​တစ်​နေ့​လျှင် တစ်​ဗတ်​စီ​ခြင်၍​သောက်​ရ​မည်။ 12မု​ယော​မုန့်​ပြား​ကို စား​သ​ကဲ့​သို့ စား​အံ့​သော​ငှာ၊ လူ​များ​ရှေ့​တွင် လူ၏​မ​စင်​နှင့် ဖုတ်​ရ​မည်။ 13ထို​သို့ ငါ​နှင်​ထုတ်​ရာ​အ​ရပ်၊ တစ်​ပါး​အ​မျိုး​သား​တို့​နေ​ရာ၌၊ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် ညစ်​ညူး​သော​မုန့်​ကို စား​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 14ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊ 15လူ၏​မ​စင်​အ​ရာ၌ နွား​ချေး​ကို ငါ​ပေး၏။ နွား​ချေး​နှင့် သင့်​မုန့်​ကို​ဖုတ်​ရ​မည်​ဟု မိန့်​တော်​မူ၏။ 16တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။ 17မုန့်​နှင့်​ရေ ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သား​တို့​သည် တ​ညီ​တ​ညွတ်​တည်း မိန်း​မော​တွေ​ဝေ၍၊ မိ​မိ​တို့​အ​ပြစ်​ကြောင့် ပိန်​ကြုံ​ခြင်း​သို့ ရောက်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ