YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 3

3
1တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင်​တွေ့​သော​အ​ရာ​ကို စား​လော့။ ဤ​စာ​လိပ်​ကို စား​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သွား၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊#ဗျာ၊ ၁၀:၉-၁၀။ 2ငါ​သည် ပါး​စပ်​ကို​ဖွင့်​စဉ် ထို​စာ​လိပ်​ကို ခွံ့​တော်​မူ​လျက်၊ 3အ​ချင်း​လူ​သား၊ ငါ​ပေး​သော ဤ​စာ​လိပ်​ကို စား၍ ဝမ်း​ပြည့်​စေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​စား၍ ပါး​စပ်၌​ပျား​ရည်​ကဲ့​သို့ ချို၏။
4တစ်​ဖန်၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​သွား၍ ငါ့​စ​ကား​ကို ဟော​ပြော​လော့။ 5သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော စ​ကား​ကို ပြော​တတ်​သော လူ​မျိုး​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်​သည် မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​ရှိ​ရာ​သို့ စေ​လွှတ်၏။ 6သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော​စ​ကား၊ အ​လျှင်း​နား​မ​လည်​နိုင်​သော စ​ကား​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့ ရှိ​ရာ​သို့ စေ​လွှတ်​သည်​မ​ဟုတ်။ အ​ကယ်၍ ထို​သို့​သော သူ​တို့​ရှိ​ရာ​သို့​စေ​လွှတ်​လျှင်၊ သင့်​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။ 7ဣ​သ​ရေ​လ​အ​မျိုး​တို့​မူ​ကား၊ သင့်​စ​ကား​ကို နား​မ​ထောင်​ကြ။ ငါ့​စ​ကား​ကို​ပင် နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ခိုင်​မာ​သော န​ဖူး​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​ကြ၏။ 8သို့​ရာ​တွင်၊ သူ​တို့​မျက်​နှာ​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ​တို့​န​ဖူး​တစ်​ဖက်၌ သင်၏​န​ဖူး​ကို​လည်း​ကောင်း ငါ​ခိုင်​ခံ့​စေ​ပြီ။ 9သင်၏​န​ဖူး​ကို ကျောက်​ထက်​မ​က၊ စိန်​ထက်​သာ၍ ခိုင်​မာ​စေ​ပြီ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သင်​သည် မ​ကြောက်​နှင့်။ သူ​တို့​မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်​ဟု မိန့်​တော်​မူ၏။
10တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင့်​အား​ငါ​ပြော​လ​တ္တံ့​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်၍ နှ​လုံး​သွင်း​လော့။ 11သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​အ​မျိုး​သား​ချင်း​တို့ ရှိ​ရာ​သို့​သွား၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု၊ သူ​တို့​နား​ထောင်​သည် ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။
ခေ​ဗာ​မြစ်​နား​မှ​ယေ​ဇ​ကျေ​လ
12ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​မှ ဘုန်း​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု၊ ငါ့​နောက်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို ငါ​ကြား၏။ 13တစ်​ခု​နှင့် တစ်​ခု စပ်​လျက်​ရှိ​သော သ​တ္တ​ဝါ​တို့၏​အ​တောင်​များ မြည်​သံ​ကို​လည်း​ကောင်း၊ သူ​တို့​အ​နား​မှာ ဘီး​များ​မြည်​သံ​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို​လည်း​ကောင်း ငါ​ကြား​ရ၏။ 14ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။ 15သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ခေ​ဗာ​မြစ်​နား၊ တေ​လ​ဗိ​ဗ​ရွာ​မှာ နေ​ရာ​ကျ​သော သူ​တို့​ရှိ​ရာ​သို့ ငါ​ရောက်၍၊ သူ​တို့​နေ​ရာ​အ​ရပ်၌ ခု​နစ်​ရက်​ပတ်​လုံး မိန်း​မော​တွေ​ဝေ​လျက်​နေ၏။
ကင်း​စောင့်​အရာ၌​ခန့်​ထား​ခြင်း
(ယေ​ဇ၊ ၃၃:၁-၉)
16ခု​နစ်​ရက်​လွန်​မှ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 17အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။ 18သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။ 19သို့​မ​ဟုတ်၊ သင်​သည် လူ​ဆိုး​ကို သ​တိ​ပေး​လျက်​နှင့် သူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ မိ​မိ​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လည်း​ကောင်း မ​ရှောင်​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သင်​မူ​ကား၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ။ 20တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်၍ ဒု​စ​ရိုက်​ကို​ပြု​လျှင်​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ကို သူ့​ရှေ့​မှာ ငါ​ထား​လျှင်​လည်း​ကောင်း သူ​သည် သေ​လိမ့်​မည်။ သင်​သည် သ​တိ​မ​ပေး​သော​ကြောင့်၊ သူ​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ​ကျင့်​ဖူး​သော တ​ရား​ကို ပ​မာ​ဏ​မ​ပြု​ရ။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။ 21သို့​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​သည် ဒု​စ​ရိုက်​ကို မ​ပြု​မည်​အ​ကြောင်း၊ သင်​သည်​သ​တိ​ပေး၍ သူ​သည် ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​လျှင်၊ သ​တိ​ပေး​သော ကျေး​ဇူး​ကြောင့် စင်​စစ် အ​သက်​ချမ်း​သာ​လိမ့်​မည်။ သင်​သည်​လည်း၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။
စ​ကားအ​သောယေ​ဇ​ကျေ​လ
22တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​တင်​ပြီး​လျှင်၊ သင်​ထ၍ လွင်​ပြင်​သို့ သွား​လော့။ ထို​အ​ရပ်၌ ငါ​ပြော​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 23ငါ​သည် ထ၍ လွင်​ပြင်​သို့​သွား၏။ ရောက်​သော​အ​ခါ​ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ရပ်​တော်​မူ၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။ 24ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​လျက်၊ သင်​သွား​လော့။ ကိုယ်​အိမ်၌ ပုန်း​ရှောင်၍ နေ​လော့။ 25အ​ချင်း​လူ​သား၊ သင်​သည် ကြိုး​နှင့်​ချည်​နှောင်​ခြင်း​ကို​ခံ၍ သူ​တို့​တွင် မ​ထွက်​ရ။ 26သင်​သည် သူ​တို့​ကို မ​ဆုံး​မ​ဘဲ​နေ​စေ​ခြင်း​ငှာ၊ စ​ကား​အ​လျက် သင့်​လျှာ​ကို အာ​ခေါင်၌ ကပ်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ၏။ 27သို့​ရာ​တွင် သင့်​အား​ငါ​ပြော​သော​အ​ခါ သင့်​နှုတ်​ကို ငါ​ဖွင့်​မည်။ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏​ဟု သူ​တို့​အား ဟော​ပြော​ရ​မည်။ နား​ထောင်​သော​သူ​သည် နား​ထောင်​စေ၊ နား​မ​ထောင်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​စေ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ