YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 5

5
ဆံ​ပင်​နှင့်​မုတ်​ဆိတ်​ရိတ်​ခြင်း
1တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထက်​သော​ဓား​တည်း​ဟူ​သော၊ ဆ​တ္တာ​သည်၏​သင်​တုန်း​ကို​ယူ၍၊ ကိုယ်​ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို ရိတ်​ပြီး​မှ၊ ချိန်​ခွင်​နှင့်​ချိန်၍ အ​စု​စု​ခွဲ​ထား​လော့။ 2မြို့​ကို ဝိုင်း​ထား​ရာ ကာ​လ​စေ့​သော​အ​ခါ၊ ဆံ​ပင်​နှင့် မုတ်​ဆိတ် သုံး​စု​တစ်​စု​ကို မြို့​ထဲ​မှာ မီး​ရှို့​လော့။ တစ်​စု​ကို ဓား​နှင့် ခုတ်​ဖြတ်​လော့။ တစ်​စု​ကို လေ​တိုက်​ရာ၌ လွှင့်​လော့။ ငါ​သည်​လည်း ထို​အ​စု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။ 3အ​နည်း​ငယ်​ကို​လည်း​ယူ၍ ကိုယ်​အ​ဝတ်​နှင့် ထုပ်​လော့။ 4ထို​အ​နည်း​ငယ်​အ​ချို့​ကို​လည်း ယူ​ပြန်၍ မီး​ရှို့​လော့။ ထို​မီး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှံ့​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
5တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပုံ​သည် ယေ​ရု​ရှ​လင်​မြို့​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော တိုင်း​ပြည်​များ​တို့​အ​လယ်​မှာ ထို​မြို့​ကို ငါ​ထား၍၊ 6ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့​သည် ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သည်​ထက်၊ ထို​မြို့​သား​တို့​သည် သာ၍ မ​တ​ရား​သ​ဖြင့် လွန်​ကျူး​ကြ​ပြီ။ ထို​ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​ဘဲ ငြင်း​ပယ်​ကြ​ပြီ။ 7သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့ ဆန့်​ကျင်​သည်​ထက်၊ သာ၍ ဆန့်​ကျင်​သော​ကြောင့်​လည်း​ကောင်း၊ ငါ၏ စီ​ရင်​ချက်​လမ်း​သို့​မ​လိုက်၊ ငါ၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ရှောက်၊ ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့၏ ထုံး​စံ​ဓ​လေ့​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ 8ငါ​သည် ကိုယ်​တိုင်​သင့်​တစ်​ဖက်၌ နေ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။ 9သင်​ပြု​ဖူး​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ငါ​မ​စီ​ရင်​စ​ဖူး၊ မ​စီ​ရင်​လ​တ္တံ့​သော အ​ပြစ်​ဒဏ်​ကို သင်၌​စီ​ရင်​မည်။ 10သင်၏​အ​လယ်၌ အ​ဘ​တို့​သည် သား​တို့​ကို စား​ကြ​လိမ့်​မည်။ သား​တို့​သည်​လည်း အ​ဘ​တို့​ကို စား​ကြ​လိမ့်​မည်။ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်၍၊ ကျန်​ကြွင်း​သ​မျှ​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်​မည်။#မြည်၊ ၄:၁၀။ 11ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။ 12သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။ 13ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။ 14ထို​မှ​တစ်​ပါး၊ အ​နား​မှာ လျှောက်​သွား​သ​မျှ​သော​သူ​တို့​ရှေ့​တွင် သင့်​ကို လူ​ဆိတ်​ညံ​ရာ၊ ပတ်​လည်၌​နေ​သော လူ​အ​မျိုး​မျိုး​တို့၏ ကဲ့​ရဲ့​ရာ​ဖြစ်​စေ​မည်။ 15ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 16သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊ 17သင်​တို့​ကို လု​ယက်​နှိပ်​စက်​ရ​သော မွတ်​သိပ်​ခြင်း​ဘေး၊ သား​ရဲ​ဘေး​ကို ငါ​လွှတ်​လိုက်၍၊ ဓား​ဘေး​ကို​လည်း ရောက်​စေ​သ​ဖြင့်၊ နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​တို့​သည် လွှမ်း​မိုး​သော​အ​ခါ၌​လည်း​ကောင်း ထို​သို့​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ၏။#ဗျာ၊ ၆:၈။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ