YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 6

6
ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ရှုတ်​ချ​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​တို့​ကို မျက်​နှာ​ပြု၍၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​လော့။ 3အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်၊ ချိုင့်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ကိုယ်​တိုင်​သင်​တို့​အ​ပေါ်​သို့ ဓား​ကို​ရောက်​စေ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ဖျက်​မည်။ 4သင်​တို့ ယဇ်​ပ​လ္လင်​တို့​သည် လူ​ဆိတ်​ညံ​လိမ့်​မည်။ နေ​ရုပ်​တု​တို့​သည် ကျိုး​ပဲ့​လိမ့်​မည်။ ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ သင်​တို့၏​သူ​ရဲ​များ​ကို ငါ​လှဲ​ချ​မည်။ 5ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သေ​ကောင်​များ​ကို​ချ​ထား၍၊ ယဇ်​ပ​လ္လင်​တို့​ပတ်​လည်၌ သင်​တို့ အ​ရိုး​များ​ကို ငါ​ဖြန့်​ကြဲ​မည်။ 6သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ရှိ​သော​မြို့​တို့​သည် ပြို​ပျက်၍၊ မြင့်​သော အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ယဇ်​ပ​လ္လင်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်၊ ရုပ်​တု​ဆင်း​တု အ​မျိုး​မျိုး​တို့​သည် ခုတ်​လှဲ​ချိုး​ဖဲ့​ခြင်း​ကို​ခံ​ရ​လျက်၊ သင်​တို့​လုပ်​သော အ​ရာ​တို့​သည် ပျောက်​ပျက်​လျက် ရှိ​ကြ​လိမ့်​မည်။ 7သင်​တို့​အ​လယ်၌ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 8သို့​သော်​လည်း၊ သင်​တို့​သည် အ​ပြည်​ပြည်​သို့ ကွဲ​ပြား​ကြ​သော​အ​ခါ၊ လူ​အ​မျိုး​မျိုး​တို့၏​ဓား​နှင့် လွတ်​သော​သူ​အ​ချို့​ရှိ​စေ​ခြင်း​ငှာ အ​ကျန်​အ​ကြွင်း​ကို ငါ​ထား​မည်။ 9ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။ 10ထို​သို့​သော​အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်​ဟု၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချည်း​နှီး​မိန့်​တော်​မူ​သည် မ​ဟုတ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။
11အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​ဆိုး​တို့​ကြောင့်၊ အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ လက်​ခုပ်​တီး​လော့။ ခြေ​နှင့်​ဆောင့်​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ဘေး​တို့​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။ 12ဝေး​သော​သူ​သည် နာ​ဘေး​ဖြင့်​သေ​လျက်၊ နီး​သော​သူ​သည် ဓား​ဘေး​ဖြင့်​ဆုံး​လျက်၊ ထို​ဘေး​မှ​လွတ်၍ ကျန်​ကြွင်း​သော​သူ​သည်​လည်း မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​လျက်၊ သူ​တို့၌ ငါ၏​ဒေါ​သ​အ​ရှိန် ပြည့်​စုံ​လိမ့်​မည်။ 13ရုပ်​တု​ဆင်း​တု​အ​ပေါင်း​တို့​အား နံ့​သာ​ပေါင်း​ကို ပူ​ဇော်​ရာ​အ​ရပ်၊ ယဇ်​ပ​လ္လင်​များ​ပတ်​လည်၊ မြင့်​သော​ကုန်း၊ တောင်​ထိပ်​ရှိ​သ​မျှ​တို့​အ​ပေါ်၊ စိမ်း​သော​သစ်​ပင်၊ အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌၊ ရုပ်​တု​ဆင်း​တု​တို့​တွင် သူ​ရဲ​တို့​သည်​လဲ၍ သေ​လျက်​ရှိ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 14သူ​တို့​အ​ပေါ်​မှာ ငါ​သည်​လက်​ကို​ဆန့်၍၊ ဒိ​ဗ​လတ်​မြို့​နှင့် ဆိုင်​သော လွင်​ပြင်​ထက်၊ သူ​တို့ နေ​လေ​ရာ​ရာ​ပြည်​ကို သာ၍ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ ဖြစ်​စေ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ