YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 7

7
ဆုံး​ခြင်း​ဘေး​ရောက်​လာ၏
1နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ပြည်​လေး​ထောင့်​တို့​သည် ဆုံး​ခြင်း​သို့​ရောက်​ကြ၏။ 3သင်​သည် ဆုံး​ခြင်း​သို့​ရောက်၍ သင့်​အ​ပေါ်​သို့ ငါ၏​အ​မျက်​ကို​ငါ​လွှတ်​လိုက်​မည်။ သင်၏​အ​ကျင့်​နှင့်​အ​လျောက် ငါ​စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး​မည်။ 4ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။
5အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​တစ်​ခု နောက်​တစ်​ခု​ရောက်​လာ၏။ 6ဆုံး​ခြင်း​ဘေး​ရောက်​လာ၏။ ဆုံး​ခြင်း​ဘေး​ရောက်​လာ၏။ သင့်​ကို​စောင့်​လျက် ရောက်​လာ၏။ 7အို ပြည်​တော်​သား၊ သင်​သည် အ​လှည့်​ခံ​ရ​သော​အ​ချိန် ရောက်​လာ၏။ အ​ချိန်​စေ့​ပြီ။ ရွှင်​လန်း​စွာ ကြွေး​ကြော်​ခြင်း မ​ရှိ​ရ​ဘဲ၊ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ပြု​ရ​သော​နေ့​နီး​ပြီ။ 8ငါ​သည် မ​ကြာ​မ​မြင့်​မီ သင်၏​အ​ပေါ်​သို့ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​မည်။ သင်၌​ငါ့​အ​မျက်​အ​လို​ကို ပြည့်​စုံ​စေ​မည်။ သင်၏​အ​ကျင့်​အ​တိုင်း စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ 9နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော​ရွံ​ရှာ​ဖွယ် အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 10နေ့​ရက်​ရောက်​လာ၏။ ရောက်​လာ၏။ အ​လှည့်​ခံ​ရ​ချိန်​စေ့​ပြီ။ တံ​ဖျာ​ပွင့်​ပြီ။ မာ​န​ကြီး​ပွား​ပြီ။ 11ညှဉ်း​ဆဲ​ခြင်း အ​မြစ်​မှ အ​ပြစ်​တံ​ဖျာ ပေါက်​လေ​ပြီ။ သူ​တို့​အ​စည်း​အ​ဝေး၊ သူ​တို့​ပ​ရိ​သတ် တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ။ သူ​တို့​အ​ဖို့ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ 12အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။ 13ရောင်း​သော​သူ​သည် အ​သက်​လွတ်​လျက် ရှိ​သော်​လည်း၊ ရောင်း​သော​မြေ​သို့ ပြန်၍​မ​လာ​ရ။ ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် မ​ပြည့်​စုံ​ဘဲ​မ​နေ​ရ။ မ​တ​ရား​စွာ ကျင့်​သော​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​တည်​နိုင်​ရ။ 14စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။ 15ပြင်၌​ကား ဓား​ရှိ၏။ အ​တွင်း၌​ကား နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​ရှိ၏။ လယ်​ပြင်​တွင်​ရှိ​သော​သူ​သည် ဓား​ဖြင့်​သေ​လိမ့်​မည်။ မြို့​ထဲ​တွင်​ရှိ​သော သူ​သည်​လည်း နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​အား​ဖြင့် ဆုံး​လိမ့်​မည်။
အ​ပြစ်​ကြောင့်​ဒဏ်​ခံ​ရ​ခြင်း
16သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။ 17ထို​သူ​ရှိ​သ​မျှ​တို့​သည် လက်​အား​လျော့၍၊ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။ 18သူ​တို့​သည်​လည်း လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ပြင်း​စွာ​သော ထိတ်​လန့်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ တစ်​ယောက်​မျှ မ​ကြွင်း၊ မျက်​နှာ​ရှက်​ကြောက်​လျက်၊ ဆံ​ပင်​ဖြတ်​လျက် ရှိ​ကြ​လိမ့်​မည်။ 19သူ​တို့​ငွေ​ကို လမ်း​သို့​ပစ်၍၊ ရွှေ​ကို ညစ်​ညူး​သော​အ​ရာ​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ၌၊ သူ​တို့ ရွှေ​ငွေ​သည် သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်။ သူ​တို့ အ​လို​ဆ​န္ဒ​ကို မ​ဖြေ​နိုင်။ ဝ​စွာ မ​ကျွေး​နိုင်။ အ​ကြောင်း​မူ​ကား၊ ထို​ရွှေ​ငွေ​သည် သူ​တို့​ထိ​မိ၍ မှား​ယွင်း​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။ 20သူ​တို့၌ တင့်​တယ်​သော တန်​ဆာ​အား​ဖြင့် သူ​တို့​မာ​န​ကို တိုး​ပွား​စေ၍၊ သူ​တို့၌ စက်​ဆုပ်​ဖွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း​ကောင်း၊ ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း လုပ်​ကြ​သော​ကြောင့်၊ ထို​တန်​ဆာ​ကို ညစ်​ညူး​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။ 21တစ်​ပါး​အ​မျိုး​သား​တည်း​ဟူ​သော အ​ဓ​မ္မ​လူ​တို့​သည် လု​ယူ​ဖျက်​ဆီး​စေ​ခြင်း​ငှာ သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် ညစ်​ညူး​စေ​ကြ​လိမ့်​မည်။ 22ငါ​လည်း မျက်​နှာ​လွှဲ​သည်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ကြ​လိမ့်​မည်။ ဓား​ပြ​တို့​သည် ဝင်၍ ညစ်​ညူး​စေ​ကြ​လိမ့်​မည်။ 23သံ​ကြိုး​ကို လုပ်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ညှဥ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့် ပြည့်၏။ 24ထို​ကြောင့်၊ ကြမ်း​ကြုတ်​သော လူ​မျိုး​တို့​ကို ငါ​ဆောင်​ခဲ့၍၊ သူ​တို့​သည် အိမ်​များ​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ခွန်​အား​ကြီး​မား​သော​သူ​တို့၏ မာ​န​ကို ငါ​ငြိမ်း​စေ​မည်။ သူ​တို့​သန့်​ရှင်း​သော အ​ရပ်​တို့​သည် ညစ်​ညူး​ခြင်း​ရှိ​ကြ​လိမ့်​မည်။ 25ပျက်​စီး​ခြင်း​ဘေး​လာ၏။ သူ​တို့​သည် ငြိမ်​ဝပ်​ခြင်း​ကို ရှာ၍​မ​တွေ့​ရ​ကြ။ 26ဘေး​တစ်​ခု​နောက်​တစ်​ခု၊ သ​တင်း​တစ်​ခု နောက်​တစ်​ခု ပေါ်​လာ​လိမ့်​မည်။ ပ​ရော​ဖက်​ထံ​မှာ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ရှာ​သော်​လည်း မ​ရ​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တ​ရား​ဟော​သော​အ​ခွင့်၊ အ​သက်​ကြီး​သော သူ​တို့​သည် အ​ကြံ​ပေး​သော​အ​ခွင့်​ကို မ​ရ​ဘဲ​နေ​ကြ​လိမ့်​မည်။ 27ရှင်​ဘု​ရင်​သည် ညည်း​တွား​မြည်​တမ်း​လိမ့်​မည်။ မင်း​သား​သည် မှိုင်​တွေ​ခြင်း​အ​ဝတ်​ကို ဝတ်​ရ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့၏ လက်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​ကြ​သည်​အ​တိုင်း သူ​တို့၌​ငါ​ပြု​မည်။ သူ​တို့​စီ​ရင်​ကြ​သည်​အ​တိုင်း ငါ​ပြန်၍ စီ​ရင်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ