YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 8

8
ဘု​ရား​သ​ခင်​ကို​မြင်​သောဒု​တိ​ယ​ဗျာဒိတ်
(၈:၁-၁၀:၂၂)
ယေ​ရု​ရှ​လင်​မြို့​ထဲ​မှ​ညစ်​ညူး​ခြင်း
1သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။ 2ထို​အ​ခါ ငါ​ကြည့်​ရှု၍၊ မီး​အ​ရောင်​ကဲ့​သို့​သော ပုံ​သ​ဏ္ဌာန်​သည် ထင်​ရှား၏။ ခါး​သ​ဏ္ဌာန်​မှ​သည် အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​ကဲ့​သို့​လည်း​ကောင်း ထင်​ရှား၏။#ယေ​ဇ၊ ၁:၂၇။ 3လက်​သ​ဏ္ဌာန်​ကို​ဆန့်၍ ငါ၏​ဆံ​ပင်​တစ်​စု​ကို ကိုင်​လျက်၊ ဝိ​ညာဉ်​တော်​သည် ငါ့​ကို မြေ​နှင့်​မိုး​ကောင်း​ကင်​ကြား​မှာ ချီ​ကြွ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​သော ရုပ်​တု​ပ​လ္လင်​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ မြောက်​မျက်​နှာ​အ​တွင်း တံ​ခါး​ဝ​သို့၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ဆောင်​သွား၏။ 4လွင်​ပြင်၌ အ​ရင်​ငါ​မြင်​ဖူး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ထင်​ရှား၏။#ယေ​ဇ၊ ၁:၂၈။ 5အ​ချင်း​လူ​သား၊ မြောက်​လမ်း​သို့ မျှော်​ကြည့်​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မြောက်​လမ်း​သို့ ငါ​မျှော်​ကြည့်၍၊ မြောက်​မျက်​နှာ၊ ယဇ်​ပ​လ္လင်​တံ​ခါး​ဝ၌​အ​မျက်​တော်​ကို နှိုး​ဆော်​သော​ရုပ်​တု​ရှိ၏။
6တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ငါ​သည် ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဝေး​စွာ​သွား​စေ​ခြင်း​ငှာ သူ​တို့​ပြု​ကြ​သော​အ​မှု၊ ဤ​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​ပြု​သော၊ အ​လွန် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ သာ၍​ကြီး​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊ 7တံ​တိုင်း​တံ​ခါး​ဝ​သို့ ငါ့​ကို​ဆောင်​သွား၍ ငါ​ကြည့်​ရှု​သော​အ​ခါ၊ တံ​တိုင်း​ရိုး၌ အ​ပေါက်​ကို မြင်​လေ၏။ 8တစ်​ဖန်​တုံ အ​ချင်း​လူ​သား၊ တံ​တိုင်း​ရိုး​ကို တူး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​တူး​ပြီး​မှ တံ​ခါး​ဝ​ကို မြင်​လေ၏။ 9ဝင်​လော့။ ဤ​အ​ရပ်၌ ပြု​ကြ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ဆိုး​တို့​ကို ကြည့်​ရှု​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 10ငါ​သည် ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ တံ​တိုင်း​ရိုး အ​တွင်း​ပတ်​လည်၌၊ တွား​တတ်​သော အ​ကောင်​မှ​စ၍ ရွံ​ရှာ​ဖွယ်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့၏ ပုံ​သ​ဏ္ဌာန်​သည် ရေး​ထား​လျက်​ရှိ၏။ 11သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ယာ​ဇ​ညာ​သား​ရှာ​ဖန်​သည် သူ​တို့​အ​လယ်၌​ရပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး လင်​ပန်း​ကို​ကိုင်​လျက်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သ​ဖြင့်၊ မီး​ခိုး​သည် ထူ​ထပ်​စွာ​တက်​လေ၏။
12တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ အ​သီး​အ​သီး​တို့​သည် မှောင်​မိုက်​ထဲ​မှာ ပုံ​ရေး​သော​အ​ခန်း​တို့၌ ပြု​သော​အ​မှု​ကို မြင်​ပြီ​လော။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​မြင်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ​ဟု ဆို​ကြ၏။ 13တစ်​ဖန် လှည့်၍ သွား​ဦး​လော့။ သူ​တို့​ပြု​သော အ​မှု​တို့​တွင် သာ၍​ကြီး​စွာ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊ 14ဗိ​မာန်​တော်​မြောက်​တံ​ခါး​ဝ​သို့ ဆောင်​သွား၍၊ ထို​အ​ရပ်၌ မိန်း​မ​တို့​သည် တ​မ္မု​ဇ​နတ်​အ​ဖို့ ငို​ကြွေး​လျက် ထိုင်​ကြ၏။ 15အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို​မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ ထို​မျှ​မ​က သာ၍​ကြီး​စွာ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊ 16ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။ 17တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို မြင်​ပြီ​လော။ ယု​ဒ​အ​မျိုး​သည် ဤ​အ​ရပ်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို ပြု​သော​အ​ပြစ် ပေါ့​သ​လော။ သူ​တို့​သည် အ​ဓ​မ္မ​မှု​ဖြင့် တစ်​ပြည်​လုံး​ကို ပြည့်​စေ၍ ငါ၏​အ​မျက်​ကို အ​ထပ်​ထပ် နှိုး​ဆော်​ကြ​ပြီ။ သစ်​ခက်​ကို​လည်း မိ​မိ​တို့​နှာ​ခေါင်း​ဝ၌ ကပ်၍​ကိုင်​ကြ၏။ 18ထို​ကြောင့်၊ ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ ငါ၏​အ​မျက်​ကို​လွှတ်​လိုက်​မည်။ သူ​တို့​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်၍ တောင်း​လျှောက်​သော်​လည်း၊ ငါ​သည် နား​မ​ထောင်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ