YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 9

9
ယေ​ရု​ရှ​လင်​မြို့​ဒဏ်​ခတ်​ခံ​ရ​ခြင်း
1ဖျက်​ဆီး​သော လက်​နက်​ကို အ​သီး​အ​သီး​ကိုင်​လျက်၊ ဤ​မြို့​ခံ​ရ​သော ဒဏ်​တို့​ကို အ​နီး​သို့​ဆောင်​ခဲ့​ကြ​လော့​ဟု ကျယ်​သော​အ​သံ​နှင့် ခေါ်​တော်​မူ​သည်​ကို ငါ​ကြား၏။ 2ထို​အ​ခါ လူ​ခြောက်​ယောက်​တို့​သည် အ​သီး​အ​သီး ကွပ်​မျက်​စ​ရာ လက်​နက်​ကို​ကိုင်​လျက်၊ တစ်​ယောက်​သည်​လည်း၊ ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​လျက်၊ မြောက်​မျက်​နှာ​ဘက် အ​ထက်​တံ​ခါး​လမ်း​ဖြင့် ဝင်၍၊ ကြေး​ဝါ​ပ​လ္လင်​အ​နား​မှာ ရပ်​နေ​ကြ၏။ 3ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ကျိန်း​ဝပ်​ရာ​ခေ​ရု​ဗိမ်​မှ အိမ်​တော်​တံ​ခါး​ခုံ​သို့ တက်၍၊ ပိတ်​အ​ဝတ်​ကို​ဝတ်​လျက်၊ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​ကို​ခေါ်၍၊ 4ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ လျှောက်​သွား​လော့။ မြို့​ထဲ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ညည်း​တွား​ငို​ကြွေး​သော​သူ​တို့၏ န​ဖူး​ကို​ထိုး​မှတ်​လော့ ဟူ၍​လည်း​ကောင်း၊#ဗျာ၊ ၇:၃၊ ၉:၄၊ ၁၄:၁။ 5အ​ခြား​သော သူ​တို့​အား​လည်း၊ ထို​သူ​နောက် မြို့​ထဲ၌​လျှောက်​သွား၍ ဒဏ်​ခတ်​ကြ​လော့။ နှ​မြော​စုံ​မက်​ခြင်း မ​ရှိ​ကြ​နှင့်။ 6အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။ 7တစ်​ဖန်​တုံ၊ အိမ်​တော်​ကို ညစ်​ညူး​စေ၍၊ ကွပ်​မျက်​သော​သူ အ​သေ​ကောင်​တို့​နှင့် တံ​တိုင်း​များ​ကို ပြည့်​စေ​ပြီး​မှ ထွက်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည်​ထွက်၍ မြို့​ထဲ၌ ကွပ်​မျက်​ကြ၏။
8ထို​သို့ သူ​တို့​သည် ကွပ်​မျက်​ကြ​သော​အ​ခါ၊ ငါ​နေ​ရစ်​စဉ်​တွင် ပျပ်​ဝပ်၍၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့ အ​မျက်​တော်​ကို​သွန်း​လောင်း၍၊ ကျန်​ကြွင်း​သ​မျှ​သော ဣ​သ​ရေ​လ​အ​မျိုး​ကို ဖျက်​ဆီး​တော်​မူ​မည်​လော​ဟု ကြွေး​ကြော်၍ လျှောက်​လေ၏။ 9ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ပြစ်​သည် အ​လွန်​တ​ရာ​ကြီး၏၊ တစ်​ပြည်​လုံး​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ဖောက်​ပြန်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​မ​မြင်​ဟု ဆို​ကြ၏။ 10ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 11ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ