YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 7

7
1အို မင်းသမီး​၊ ခြေနင်း​စီး​ထား​သော​သင့်​ခြေထောက်​များ​သည် အလွန်​လှပ​ပါ​သည်​တကား​။ သင်​၏​တင်​သည် လက်မှုပညာသည်​က​ဖန်တီး​လိုက်​သော အနုပညာလက်ရာ​နှင့်​တူ​ပါ​၏​။
2သင်​၏​ချက်​သည် စပျစ်ဝိုင်​အမြဲ​ဖြည့်​ထား​သည့် လုံးဝန်း​သော​ဖလား​နှင့်​တူ​ပါ​၏​။ ဝမ်းဗိုက်​သည် နှင်းပန်း​ရံ​ထား​သော​ဂျုံစပါး​ပုံ​နှင့်​တူ​ပါ​၏​။
3သင့်​ရင်သား​နှစ်မြွှာ​သည် သမင်ငယ်လေး​နှစ်​ကောင်​၊ အမြွှာ​ဒရယ်ငယ်လေး​နှစ်​ကောင်​နှင့်​တူ​ပါ​၏​။
4သင့်​လည်တိုင်​သည် ဆင်စွယ်​မျှော်စင်​နှင့်​တူ​ပါ​၏​။ သင့်​မျက်လုံး​များ​သည် ဗာသရဗ္ဗိမ်​တံခါး​နား​ရှိ ဟေရှဘုန်​ရေကန်​တို့​နှင့်​တူ​ပါ​၏​။ သင့်​နှာခေါင်း​သည် ဒမတ်စကပ်​မြို့​ကို မျက်နှာမူ​ထား​သော​လက်ဘနွန်​မျှော်စင်​နှင့်​တူ​ပါ​၏​။
5သင့်​ဦးခေါင်း​သည် ကရမေလ​တောင်​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​ဆံနွယ်​များ​သည် ပိတုန်းရောင်သန်း​လျက်​ရှိ​ပါ​၏​။ ထို​ဆံနွယ်စု​များ​သည် ရှင်ဘုရင်​ကို ရစ်ပတ်​နှောင်တွယ်​ထား​လေ​ပြီ​။
6အို အချစ်လေး​၊ သင်​သည် အလွန်​အဆင်းလှ​ပါ​၏​။ အလွန်​နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ အလွန်​စွဲမက်စရာ​ကောင်း​လှ​ပါ​၏​။
7သင်​၏​အရပ်အမောင်း​သည် စွန်ပလွံပင်​နှင့်​တူ​၍ ရင်သား​တို့​သည်​လည်း စွန်ပလွံသီးပြွတ်​နှင့်​တူ​ပါ​၏​။
8‘ငါ​သည် စွန်ပလွံပင်​ပေါ်​တက်​ပြီး အကိုင်း​ကို​ကိုင်​မည်’​ဟု ငါ​ဆို​၏​။ သင့်​ရင်သား​တို့​သည် စပျစ်သီးခိုင်​ကဲ့သို့​၊ သင်​အသက်ရှူထုတ်​သော​လေ​သည် ပန်းသီးရနံ့​ကဲ့သို့ ဖြစ်​ပါစေ​။
9သင့်​နှုတ်​သည် အကောင်းစား​စပျစ်ဝိုင်​ဖြစ်​ပါစေ​။”
သတို့သမီး
“အကျွန်ုပ်​ချစ်သူ​အဖို့ ထို​စပျစ်ဝိုင်​သည် နှုတ်ခမ်း​နှင့် သွား​များ​မှတစ်ဆင့် ချောမွေ့​စွာ​စီးဆင်း​ပါ​၏​။
10အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​ကို​ပိုင်​၍ အကျွန်ုပ်​ကို​သာ လိုအပ်​ပါ​၏​။
11အကျွန်ုပ်​ချစ်သူ​၊ လာ​ပါ​။ ကျေးလက်​များ​သို့ သွား​ကြ​စို့​။ တောရွာ​များ​တွင် ညအိပ်နား​ကြ​စို့​။
12စောစောထ​၍ စပျစ်ခြံ​သို့​သွား​ကြ​စို့​။ စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ အပွင့် ပွင့်​မ​ပွင့်​၊ သလဲပင် ပွင့်​မ​ပွင့် သွားကြည့်​ကြ​စို့​။ ထို​နေရာ​တွင် အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို အရှင့်​အား ပေးအပ်​ပါ​မည်​။
13ဒူးဒဲပင်​တို့ ရနံ့​မွှေးကြိုင်​လေ​ပြီ​။ အို အကျွန်ုပ်​ချစ်သူ​၊ အရှင့်​အဖို့ အရသာ​ရှိ​သော သစ်သီး​အစိမ်း​အမှည့်​အမျိုးမျိုး​ကို တံခါး​နား​တွင် အကျွန်ုပ်​သို​ထား​ပါ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ