YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 8

8
1အရှင့်​ကို အကျွန်ုပ်​နှင့် အမိ​နို့စို့ဖက်​မောင်နှမ ဖြစ်​စေ​ချင်​ပါ​၏​။ သို့ဖြစ်ပါက အရှင်​နှင့် အပြင်​မှာ​တွေ့​၍ အရှင့်​ကို​နမ်း​လျှင်​လည်း အကျွန်ုပ်​ကို တစ်ပါးသူ​တို့ မထီမဲ့မြင်ပြု​မည်​မ​ဟုတ်​ပါ​။
2အကျွန်ုပ်​အား သွန်သင်​လမ်းပြ​ပေး​ခဲ့​သော အကျွန်ုပ်​၏​မိခင်​အိမ်​သို့ အရှင့်​ကို ဦးဆောင်​ခေါ်သွား​ပါ​မည်​။ အရှင့်​ကို ရနံ့သင်း​သော​ဝိုင်​ဖြစ်​သည့် သလဲသီး​ဝိုင်အသစ်​ကို တိုက်​ပါ​မည်​။
3အရှင်​၏​လက်ဝဲ​လက်​သည် အကျွန်ုပ်​အဖို့ ခေါင်းအုံး​ဖြစ်​ပါ​၏​။ လက်ယာ​လက်​သည် အကျွန်ုပ်​ကို​ပွေ့ဖက်​ထား​ပါ​၏​။
4အို ဂျေရုဆလင်​သမီးပျို​၊ အကျွန်ုပ်​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို​မ​နှိုး​ပါ​၊ မ​ထ​စေ​ပါ​ဟု ကျိန်ဆို​ပါ​လော့​။”
အခြားသူ
5“ကိုယ့်​ချစ်သူ​ကို​မှီ​၍ တောကန္တာရ​မှ​လာ​သော​သူ​ကား မည်သူ​နည်း​။”
သတို့သမီး
“ပန်းသီးပင်​အောက်​တွင် အရှင့်​ကို အကျွန်ုပ်​နှိုး​ခဲ့​ပြီ​။ ထို​အရပ်​တွင် အရှင့်​မိခင်​သည် အရှင့်​ကို​သန္ဓေတည်​ခဲ့​ပါ​၏​။ အရှင့်​ကို သန္ဓေလွယ်​၍ ဖွားမြင်​ခဲ့​ပါ​၏​။
6အကျွန်ုပ်​ကို အရှင့်​နှလုံးသား​ထဲတွင် တံဆိပ်ခတ်​ထား​ပါ​။ အရှင့်​လက်မောင်း​ပေါ်တွင် တံဆိပ်ရိုက်​ထား​ပါ​။ အချစ်​သည် သေမင်း​ကဲ့သို့ အားကြီး​တတ်​ပါ​၏​။ သဝန်တို​ခြင်း​သည် မရဏာနိုင်ငံ​ကဲ့သို့ ကြမ်းကြုတ်​ပါ​၏​။ အချစ်​၏​ပူလောင်မှု​သည် မီးတောက်​၊ အရှိန်ပြင်း​သော​မီးတောက်​ဖြစ်​ပါ​၏​။
7အချစ်​ကို ရေလုံးကြီး​နှင့် ငြှိမ်းသတ်​၍​မ​ရ​။ မြစ်ရေ​များ​လည်း မ​တိုက်စား​နိုင်​။ လူ​သည် အချစ်​ကို​ရ​ဖို့ အိမ်​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​အားလုံး​ကို​ပေး​လျှင်ပင် လှောင်ပြောင်​ကဲ့ရဲ့​ခြင်း​ကို​သာ​ခံရ​လိမ့်မည်​။”
အခြားသူ
8“အကျွန်ုပ်​တို့​၌ ငယ်ရွယ်​သော​ညီမ​တစ်ဦး​ရှိ​ပါ​၏​။ သူ​သည် သားမြတ်​ပင်​မ​ပေါ်​သေး​။ သူ့​ကို လာရောက်​တောင်းရမ်း​သော​နေ့​တွင် အကျွန်ုပ်​တို့ မည်သို့​ပြု​ပေး​ရ​ပါ​မည်နည်း​။
9သူ​သည် မြို့ရိုး​ဖြစ်​လျှင် ထို​အပေါ်​တွင် ငွေ​ပြအိုး​ကို​တည်​မည်​။ သူ​သည် တံခါး​ဖြစ်​လျှင် သူ့​ကို​သစ်ကတိုးသား​ဖြင့် ဆောက်လုပ်​မည်​။”
သတို့သမီး
10“အကျွန်ုပ်​သည် မြို့ရိုး​ဖြစ်၍ အကျွန်ုပ်​၏​သားမြတ်​တို့​သည် မျှော်စင်​နှင့်​တူ​ပါ​၏​။ ထို့ကြောင့် အရှင့်​မျက်လုံး​ထဲတွင် အကျွန်ုပ်​သည် အေးချမ်းမှု​ကို​ပေး​သော​သူ​ဖြစ်​ပါ​၏​။
11ဗာလဟာမုန်​အရပ်​တွင် ရှောလမုန်​မင်းကြီး​၏​စပျစ်ခြံ​ရှိ​၏​။ ထို​စပျစ်ခြံ​ကို ခြံလုပ်သား​တို့​လက်​သို့ အပ်ထား​၏​။ သူ​တို့​သည် စပျစ်သီး​ဖိုး ငွေစ​တစ်ထောင်​စီ ဆက်သ​ရ​၏​။
12အကျွန်ုပ်​ပိုင်​သော စပျစ်ခြံ​သည် အကျွန်ုပ်​ရှေ့​၌ ရှိ​ပါ​၏​။ အို ရှောလမုန်​မင်းကြီး​၊ အရှင်​က ငွေစ​တစ်ထောင်​ယူ​ပါ​။ စပျစ်ခြံလုပ်သား​တို့​ကား ငွေစ​နှစ်ရာ​ယူ​ပါ​။”
ရှင်ဘုရင်
13“ဥယျာဉ်​များ​တွင်​နေ​သော​သူ​၊ သင့်​အသံ​ကို သင့်​အပေါင်းအဖော်​တို့ နားစွင့်​နေ​ပါ​၏​။ ငါ​လည်း သင့်​အသံ​ကို​ကြား​ပါရစေ​။”
သတို့သမီး
14“အို အကျွန်ုပ်​ချစ်သူ​၊ အမွှေးနံ့သာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် အပြေးလာ​ပါ​လော့​။”

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ