YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 9

9
ထာဝရဘုရား၏တရားမျှတခြင်းအတွက် ချီးမွမ်းဂုဏ်ပြုခြင်း
ဂီတမှူး​အတွက်​၊ “​မုတ်လဗ္ဘန်​” သံစဉ်​၊ ဒါဝိဒ်​၏​ဆာလံ
1အကျွန်ုပ်​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။
2အို အမြင့်ဆုံး​သော​အရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ရွှင်လန်း​ပါ​မည်​။
ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။
3အကျွန်ုပ်​၏​ရန်သူ​တို့​သည် နောက်ပြန်ဆုတ်​သောအခါ ခလုတ်တိုက်​၍
ကိုယ်တော်​၏​ရှေ့​တော်​၌ ပျက်စီး​ကြ​ရ​လိမ့်မည်​။
4အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​၍
အကျွန်ုပ်​၏​အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​တော်မူ​ပြီ​။ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ဖြောင့်မတ်​စွာ​တရားစီရင်​တော်မူ​ပြီ​။
5ကိုယ်တော်​သည် တိုင်းနိုင်ငံ​တို့​ကို ဆုံးမ​၍ ဆိုးယုတ်​သော​သူ​တို့​ကို​ဖျက်ဆီး​ကာ
သူ​တို့​၏​အမည်​များ​ကို ကာလ​အစဉ်အဆက် ပယ်ဖျက်​တော်မူ​ပြီ​။
6ရန်သူ​တို့​သည် ထာဝရ​ပျက်စီး​ခြင်း​ထဲ၌ ပျက်စီး​ကုန်ဆုံး​ကြ​ပါ​ပြီ​။
မြို့​တို့​ကို​ဖြိုဖျက်​တော်မူ​သဖြင့် ၎င်း​တို့​နှင့်​ပတ်သက်​သည့်​အောက်မေ့စရာ​သည် ပျောက်ကွယ်​သွား​ပါ​ပြီ​။
7ထာဝရဘုရား​မူကား အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။
ကိုယ်တော်​သည် တရားစီရင်ခြင်း​အတွက် မိမိ​ပလ္လင်​တော်​ကို​တည်​တော်မူ​ပြီ​။
8ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​စွာ​တရားစီရင်​၍
လူမျိုး​အပေါင်း​တို့​ကို သမာသမတ်​ရှိ​စွာ​စစ်ကြောစီရင်​တော်မူ​၏​။
9ထာဝရဘုရား​သည် ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​ခိုကိုး​ရာ​၊
ဘေးဒုက္ခ​ရောက်​ချိန်​၌ ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။
10ကိုယ်တော်​၏​နာမ​တော်​ကို​သိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​ပါ​လိမ့်မည်​။
အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​အား စွန့်ပစ်​တော်​မ​မူ​ပါ​။
11ဇိအုန်​၌​စိုးစံ​တော်မူ​သော​ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​ပြု​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အလယ်​၌ ပြောကြား​ကြ​လော့​။
12အကြောင်းမူကား သွေးကြွေး​ပြန်တောင်း​တတ်​သော ကိုယ်တော်​သည် ထို​သူ​တို့​ကို​အောက်မေ့​တော်မူ​၏​။
ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏ အော်ဟစ်တောင်းလျှောက်သံ​ကို မေ့လျော့​တော်​မ​မူ​ပါ​။
13အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ သေ​ခြင်း​၏​တံခါးဝ​မှ အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​သော​အရှင်​၊
အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို​ကြည့်ရှု​တော်မူ​ပါ​။
14ထိုအခါ အကျွန်ုပ်​သည် ဇိအုန်​သမီး​၏​တံခါးဝ​တို့​၌ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို ပြောကြား​၍
ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​နိုင်​ပါ​မည်​။
15လူမျိုးတကာ​တို့​သည် မိမိ​တို့​တူး​ထား​သော​တွင်း​ထဲသို့ ကျ​ကြ​ပြီ​။
သူ​တို့​ခြေ​သည် မိမိ​တို့​လျှို့ဝှက်​စွာ​ထောင်​ထား​သော ပိုက်ကွန်​၌​မိ​လေ​ပြီ​။
16ထာဝရဘုရား​သည် တရားစီရင်​တော်မူ​ခြင်း​အားဖြင့် မိမိ​အကြောင်း​ကို​ထင်ရှား​စေ​တော်မူ​ပြီ​။
ဆိုးယုတ်​သော​သူ​သည် မိမိ​လက်​ဖြင့်​ပြုလုပ်​ထား​သော​အရာ​၌ ကျော့မိ​လေ​ပြီ​။(​ဟိဂ္ဂယွန်​။#9:16 တေးဂီတနှင့်ဆိုင်သောဟီဘရူးစကား။စေလာ#9:16 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
17ဆိုးယုတ်​သော​သူ​တို့​နှင့် ဘုရားသခင်​ကို​မေ့လျော့​သော​လူမျိုး​အပေါင်း​တို့​သည်
မရဏာနိုင်ငံ​သို့​လှည့်သွား​ကြ​ရ​လိမ့်မည်​။
18သို့သော် နွမ်းပါး​သော​သူ​တို့​သည် အစဉ်​မေ့လျော့​ခြင်း​ခံရ​မည်​မ​ဟုတ်​။
အဖိနှိပ်​ခံရ​သော​သူ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ထာဝစဉ်​ပျက်စီး​သွား​မည်​မ​ဟုတ်​။
19အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ လူ​သည် အနိုင်​မ​ရ​ပါစေ​နှင့်​။
လူမျိုးတကာ​တို့​သည် ရှေ့​တော်​၌​တရားစီရင်​ခြင်း​ခံ​ကြ​ရ​ပါစေသော​။
20အို ထာဝရဘုရား​၊ သူ​တို့​ကို​ကြောက်လန့်​စေ​တော်မူ​ပါ​။
မိမိ​တို့​သည် လူသက်သက်​သာ​ဖြစ်ကြောင်း လူမျိုးတကာ​တို့​အား​သိ​စေ​တော်မူ​ပါ​။(​စေလာ#9:20 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ