YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 10

10
1အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အဝေး​၌​ရပ်​နေ​တော်မူ​သနည်း​။
ဘေးဒုက္ခ​ရောက်​ချိန်​၌ အဘယ်ကြောင့် ပုန်းကွယ်​၍​နေ​တော်မူ​သနည်း​။
2ဆိုးယုတ်​သော​သူ​သည် အဖိနှိပ်​ခံရ​သော​သူ​ကို မာန်မာန​ဖြင့် အပြင်းအထန်​လိုက်​တတ်​၏​။
သူ​တို့​သည် မိမိ​တို့​ကြံစည်​ထား​သည့် ကောက်ကျစ်​သော​အကြံအစည်​များ​ဖြင့် ပြန်​၍​ဖမ်းဆီး​ခြင်း​ခံရ​ကြ​ပါစေ​။
3အကြောင်းမူကား ဆိုးယုတ်​သော​သူ​သည် မိမိ​စိတ်ဝိညာဉ်​၏​အလိုဆန္ဒ​များ​၌ ဂုဏ်ယူဝါကြွား​၍
လောဘကြီး​သော​သူ​သည် ထာဝရဘုရား​ကို​ကျိန်ဆဲ​လျက် မထီလေးစား​ပြု​၏​။
4ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။
“​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။
5သူ​၏​လမ်းခရီး​တို့​သည် အစဉ်အမြဲ​ချောမွေ့​နေ​တတ်​၏​။
ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် သူ​နှင့်​အလှမ်းဝေး​သည့် မြင့်သောအရပ်​၌​ရှိ​၏​။
သူ​သည် မိမိ​ရန်သူ​ရှိသမျှ​တို့​ကို ပြောင်လှောင်​တတ်​၏​။
6သူ​၏​စိတ်နှလုံး​ထဲ၌ “​ငါ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။
မျိုးဆက်​အစဉ်အဆက် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​၏​။
7သူ​၏​နှုတ်​သည် ကျိန်ဆဲ​ခြင်း​၊ လိမ်လည်လှည့်ဖြား​ခြင်း​၊ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​ပြည့်​လျက်​ရှိ​၏​။
သူ​၏​လျှာ​အောက်​၌ အခက်အခဲ​ပြဿနာ​နှင့် အပြစ်ဒုစရိုက်​ရှိ​၏​။#ရော 3:14။
8သူ​သည် ရွာ​များ​တွင် ချုံခိုတိုက်ခိုက်​ရန်​ထိုင်စောင့်​လျက် အပြစ်ကင်း​သော​သူ​ကို​ကွယ်​ရာ​၌ သတ်ဖြတ်​တတ်​၏​။
သူ​၏​မျက်လုံး​တို့​သည် ခိုကိုးရာမဲ့သောသူ​ကို ချောင်းမြောင်း​တတ်​၏​။
9သူ​သည် ပုန်းအောင်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ကွယ်​ရာ​မှ ချောင်းမြောင်း​နေ​တတ်​၏​။
အဖိနှိပ်​ခံရ​သော​သူ​ကို​ဖမ်းဆီး​ရန် ချောင်းမြောင်း​နေ​တတ်​၏​။
အဖိနှိပ်​ခံရ​သော​သူ​ကို သူ​၏​ပိုက်ကွန်​ထဲသို့​ဆွဲယူ​ဖမ်းဆီး​တတ်​၏​။
10သူ​သည် အင်အားကြီး​သောကြောင့် ခိုကိုးရာမဲ့​သော​သူ​တို့​သည်
သူ​၏​ချေမှုန်း​ခြင်း​ကို​ခံရ​၍ ပြားပြားဝပ်​လျက်​ကျဆုံး​ကြ​၏​။
11သူ​က “​ဘုရားသခင် မေ့လျော့​တော်မူ​ပြီ​။
မျက်နှာ​တော်​လွှဲ​၍ မည်သည့်​အခါ​မျှ မြင်​တော်​မ​မူ​”​ဟု စိတ်နှလုံး​ထဲ၌​ပြောဆို​တတ်​၏​။
12အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ အို ဘုရားသခင်​၊ လက်​တော်​ကို​မြှောက်​တော်မူ​ပါ​။
ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။
13ဆိုးယုတ်​သော​သူ​သည် အဘယ်ကြောင့် ဘုရားသခင်​ကို​မထီလေးစား​ပြု​၍
“​ကိုယ်တော်​သည် စစ်ကြောစီရင်​တော်မူ​မည်​မ​ဟုတ်​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​ရ​သနည်း​။
14သို့သော် ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​နှင့် ပူဆွေး​ခြင်း​တို့​ကို​မြင်​၍
လက်​တော်​ဖြင့်​ဖြေရှင်း​ရန် ကြည့်ရှုဆင်ခြင်​တော်မူ​၏​။ ခိုကိုးရာမဲ့သောသူ​သည် ကိုယ်တော်​ထံ၌ မိမိကိုယ်ကို​အပ်နှံ​ပါ​၏​။
ကိုယ်တော်​သည် မိဘမဲ့သူ​ကို ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။
15ဆိုးယုတ်​သော​သူ​နှင့် မကောင်းမှု​ပြု​သော​သူ​တို့​၏​လက်ရုံး​ကို ချိုး​တော်မူ​ပါ​။
သူ​တို့​၏​ဆိုးယုတ်မှု​ကို တစ်ခုမကျန်​တွေ့ရှိ​အောင်​စစ်ဆေး​တော်မူ​ပါ​။
16ထာဝရဘုရား​သည် ကာလ​အစဉ်အဆက် ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။
တိုင်းနိုင်ငံ​တို့​သည် ကိုယ်တော်​၏​ပြည်​တော်​ထဲမှ ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။
17အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက်
သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။
18မြေကြီး​မှ​ဖြစ်လာ​သော​သူ​သည် နောက်တစ်ဖန် မ​ခြောက်လှန့်​နိုင်​မည့်​အကြောင်း
ကိုယ်တော်​သည် အာရုံစိုက်​နားထောင်​လျက် မိဘမဲ့သူ​နှင့်​ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။