YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 11

11
ထာဝရဘုရား၌ခိုလှုံခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1ငါ​သည် ထာဝရဘုရား​ကို​ခိုလှုံ​၏​။ သင်​တို့​သည် ငါ​၏​စိတ်ဝိညာဉ်​အား
“​ငှက်​ကဲ့သို့ သင်​၏​တောင်​ပေါ်သို့ ထွက်ပြေး​လော့​”​ဟု မည်သို့​ဆို​နိုင်​မည်နည်း​။
2ကြည့်ရှု​လော့​။ ဆိုးယုတ်​သော​သူ​တို့​သည် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို
မှောင်ကြီးမည်းကြီး​ထဲမှ​ပစ်ခတ်​ရန် လေးကြိုး​ပေါ်တွင် မြား​ကို​တင်​၍ ချိန်ရွယ်​ထား​ကြ​ပြီ​။
3အခြေအမြစ်​တို့​ပြိုပျက်​သောအခါ ဖြောင့်မတ်​သော​သူ​သည်
မည်သို့​ပြု​နိုင်​မည်နည်း​။
4ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သော​ဗိမာန်တော်​၌ စံနေ​တော်မူ​၏​။
ထာဝရဘုရား​၏​ပလ္လင်​တော်​သည် ကောင်းကင်ဘုံ​၌​ရှိ​၏​။
ကိုယ်တော်​သည် မျက်စိ​တော်​ဖြင့်​ကြည့်ရှု​၍ မျက်ခမ်း​တော်​ဖြင့် လူသား​တို့​ကို စစ်ဆေး​တော်မူ​၏​။
5ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို စစ်ဆေး​တော်မူ​၏​။
သို့သော် ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဆိုးယုတ်​သော​သူ​နှင့် ရက်စက်ကြမ်းကြုတ်မှု​ကို​နှစ်သက်​သော​သူ​အား မုန်း​တော်မူ​၏​။
6ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။
မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။
7အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို နှစ်သက်​တော်မူ​၏​။
ဖြောင့်မှန်​သော​သူ​သည် မျက်နှာ​တော်​ကို​ဖူးမြင်​ရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။