YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 12

12
ဆိုးယုတ်သောသူတို့၏ဖိနှိပ်မှုကိုခံရခြင်း
ဂီတမှူး​အတွက်​၊ “​ရှေမိနိတ်​” သံစဉ်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​မရှိ​တော့​ပါ​။
သစ္စာရှိ​သော​သူ​တို့​သည်​လည်း လူသား​တို့​ထဲတွင် ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။
2လူ​တို့​သည် မိမိ​၏​အိမ်နီးချင်း​တို့​ကို မဟုတ်မမှန်​ပြောဆို​ကြ​ပါ​၏​။
မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် နှစ်ခွ​သော​စိတ်​ဖြင့် ပြောဆို​ကြ​ပါ​၏​။
3ထာဝရဘုရား​သည် မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့်
ဝါကြွား​ပြောဆို​တတ်​သော​လျှာ​ရှိသမျှ​တို့​ကို ဖယ်ရှား​တော်မူ​ပါစေ​။
4သူ​တို့​က “​ငါ​တို့​သည် ငါ​တို့​၏​စကား#12:4 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာ”။​ဖြင့်​အောင်နိုင်​မည်​။ ငါ​တို့​နှုတ်​ကို ငါ​တို့​ပိုင်​၏​။
ငါ​တို့​၏​သခင်​ကား အဘယ်သူ​ဖြစ်​မည်နည်း​”​ဟု ပြောဆို​တတ်​ကြ​ပါ​၏​။
5ထာဝရဘုရား​က “​အဖိနှိပ်​ခံရ​သော​သူ​တို့​ကြုံ​ရ​သည့်​ညှဉ်းဆဲ​ခြင်း​နှင့်
နွမ်းပါး​သော​သူ​တို့​၏​ညည်းတွား​ခြင်း​ကြောင့် ယခုပင် ငါ​ထ​မည်​။
သူ​တို့​တမ်းတ​သော​လုံခြုံ​ရာ​အရပ်​၌ သူ​တို့​ကို​ငါ​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။
6ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​တို့​သည် စင်ကြယ်​သော​မိန့်​တော်မူ​ချက်​များ​ဖြစ်​ကြ​ပြီး
မြေ​နှင့်​လုပ်​ထား​သည့်​မီးပြင်းဖို​၌​ချွတ်​၍ ခုနစ်​ကြိမ်​တိုင်တိုင်​သန့်စင်​ထား​သော ငွေ​ကဲ့သို့​ဖြစ်​ကြ​၏​။
7အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​စောင့်ရှောက်​၍
အကျွန်ုပ်​တို့#12:7 သို့မဟုတ် “သူတို့”။​ကို ဤ​မျိုးဆက်​၏​လက်​မှ အစဉ်အမြဲ​ကာကွယ်​ပေး​တော်မူ​လိမ့်မည်​။
8ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ
ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ