YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 13

13
ကယ်မတော်မူရန် တောင်းလျှောက်ခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အစဉ်​မေ့လျော့​တော်မူ​မည်လော​။
မျက်နှာ​တော်​ကို အကျွန်ုပ်​ထံမှ မည်မျှ​ကြာ​အောင် လွှဲ​၍​နေ​တော်မူ​မည်နည်း​။
2အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မည်မျှ​ကြာ​အောင် တွေးတောပူပန်​လျက် နေ​ရ​ပါ​မည်နည်း​။
အကျွန်ုပ်​၏​စိတ်နှလုံး​တွင် တစ်နေ့လုံး​ဝမ်းနည်း​လျက်​နေ​ရ​ပါ​၏​။
အကျွန်ုပ်​၏​ရန်သူ​သည် အကျွန်ုပ်​အထက်​၌ မည်မျှ​ကြာ​အောင် မြှောက်စား​ခြင်း​ခံရ​ပါ​မည်နည်း​။
3အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကြည့်ရှုဆင်ခြင်​၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။
အကျွန်ုပ်​၏​မျက်စိ​ကို​အလင်းပေး​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သည် သေ​ခြင်း​၌​အိပ်ပျော်​ရ​ပါ​လိမ့်မည်​။
4အကျွန်ုပ်​၏​ရန်သူ​က​လည်း “​သူ့​ကို​ငါ​နိုင်​ပြီ​”​ဟု ဆို​ပါ​လိမ့်မည်​။
အကျွန်ုပ်​တုန်လှုပ်​သောအခါ အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​တို့​သည် ရွှင်လန်း​ကြ​ပါ​လိမ့်မည်​။
5သို့ရာတွင် အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။
အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​ပါ​မည်​။
6ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်းဆို​ပါ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။